နိဗ္ဗာန်ရောက်ရန် သတိပဋ္ဌာန်

ရာဂ ၊ ဒေါသ မောဟ တစ်ဖြာ

ဖြစ်အို ၊ သေရေး ပူဆွေးငိုကာ

ကိုယ်စိတ် ဒုက္ခ ပူရပြင်းစွာ

ဆယ့်တစ်သီး ဤမီးလောင်တော့တာ။

မီးတွေငြိမ်းကြောင်း နည်းကောင်းအမှန်

ဟောဒီမှာကြည့် သတိပဋ္ဌာန်

ဝန်ခံချက်နှင့် မိန့်မြွက်လေပြန်

ကျင့်ကြံသုံး လမ်းဆုံး ပြည်နိဗ္ဗာန်။

 

၁။ ကိလေသာစင်ကြောင်း နည်းကောင်းအမှန်

ဟောဒီမှာကြည့် သတိပဋ္ဌာန်

ဝန်ခံချက်နှင့် မိန့်မြွက်လေပြန်

ကျင့်ကြံသုံး လမ်းဆုံး ပြည်နိဗ္ဗာန်။

၂။ စိုးရိမ်ပူဆွေး ငိုကြွေးလွတ်ရန်

ဟောဒီမှာကြည့် သတိပဋ္ဌာန်

ဝန်ခံချက်နှင့် မိန့်မြွက်လေပြန်

ကျင်ကြံသုံး လမ်းဆုံး ပြည်နိဗ္ဗာန်။

၃။ကိုယ်စိတ်ဆင်းရဲ ချုပ်မြဲအမှန်

ဟောဒီမှာကြည့် သတိပဋ္ဌာန်

ဝန်ခံချက်နှင့် မိန့်မြွက်လေပြန်

ကျင်ကြံသုံး လမ်းဆုံး ပြည်နိဗ္ဗာန်။

၄။အရိယာမဂ် လှမ်းတက်ဖို့ရန်

ဟောဒီမှာကြည့် သတိပဋ္ဌာန်

ဝန်ခံချက်နှင့် မိန့်မြွက်လေပြန်

ကျင်ကြံသုံး လမ်းဆုံး ပြည်နိဗ္ဗာန်။

၅။နိဗ္ဗာန်မျက်မှောက် ဆိုက်ရောက်ဖို့ရန်

ဟောဒီမှာကြည့် သတိပဋ္ဌာန်

ဝန်ခံချက်နှင့် မိန့်မြွက်လေပြန်

ကျင်ကြံသုံး လမ်းဆုံး ပြည်နိဗ္ဗာန်။

(ဦးရိပ်သာ ဆရာတော်)

 

Leave a comment