မြတ်လှပေစွ လူ့ဘဝ

ငါသည်မသေ၊ နေရပေ၍

စိန္တေထွတ်ထား၊ မြတ်ဘုရားနှင့်

တရား သံဃာ၊ ရတနာကို

မကွာနေ့ ည၊ ဆည်းကပ်ရ၍

ဝေယျာဝစ္စ၊ ဟူသမျှကို

စွမ်းအားရှိသမျှ၊ ကြိုးစားရ၏ ။ ။

– ဒါနပေးလှူ၊ စင်ဖြူသီလ

ပွားထဘာဝနာ၊ ဤသုံးဖြာလည်း

ငါ့ဟာအထုပ်၊ ငါ့အလုပ်မို့

မယုတ်စေရ၊ ဥဿာဟနှင့်

လုံ့လကြိုးကုတ်၊ လွန်အားထုတ်၍

ဓမ္မရှာဖွေ၊ နေရပေသည်

မသေကျိုးနပ်၊ ဖိုးမပြတ်အောင်

မြတ်လှပေစွ၊ ငါ့ဘဝပါတကား ။ ။

(ကမ္ဘာ့သာသနာပြုအကျော် ကျေးဇူးရှင် ကျောက်ဆင်တောရ

ပခုက္ကူဆရာတော်ဘုရားကြီး၏ ဘဝမြှင့်တင်ရေးဆုံးမစာ)

Leave a comment