စိတ်အင်အားတွေ ပြည့်ဝစေဖို့..

• မေတ္တာ ဂရုဏာနဲ့ ကိုယ်ချင်းစာတရားသာ တကယ်ရှိရင် သီလဟာ အလိုလိုမြဲနေတယ်။

• ကိုယ့်ကိုယ်ကို တန်ဘိုးမထားတတ်ရင် လောကကြီးကို စိတ်ကုန်သွားတတ်တယ်။

• ကိုယ့်ကိုစိတ်ချမ်းသာမှု အပေးနိုင်ဆုံးလူဟာ ကိုယ်ကိုယ်တိုင်ပါပဲ။

• လောကဓံကာကွယ်ဆေးဆိုတာ ဝိပဿနာတရားသာလျှင် ဖြစ်ပါတယ်။

• ကိုယ့်ကိုသူများချစ်စေချင်ရင် သူတို့မြတ်နိုးတဲ့အရာတွေကို တန်ဘိုးထားပါ။

• ကိုယ့်ဘဝကို တကယ်ပြည့်ပြည့်၀၀ ကျေနပ်ချင်ရင် မေတ္တာစိတ်မွေးပါ။

• မေတ္တာမရှိရင် ဘဝဟာခြောက်သွားသလို နှလုံးသားလည်း ပျောက်ဆုံးသွားမယ်။

• စိတ်ကောင်းလေးမွေးလိုက်ရင် လောကကြီးက အရာရာလှပနေပါလိမ့်မယ်။

• ဘာပဲလုပ်လုပ် စေတနာလေး မေတ္တာလေးထည့်လုပ်လိုက်ရင် စိတ်ချမ်းသာလာပါလိမ့်မယ်။

• တရားကိုတကယ်သိတဲ့သူဟာ ကောင်းတဲ့အလုပ်လုပ်ဖို့ဆိုတာကို ဘယ်တော့မှ နောက်မတွန့်ပါဘူး။

• ဘဝမှာ အကောင်းဆုံးသောအရာကိုလိုချင်ရင် တရားကိုလေ့လာမှ ရရှိလာလိမ့်မယ်။

• တန်ဘိုးအရှိဆုံးအရာကို ရရှိခြင်းဟာ တရားအသိကို သိခြင်းပဲ။

• တရားကိုတကယ်သိလာရင် သူတပါးကို ကျေးဇူးတင်တတ်တဲ့စိတ်တွေ များလာတယ်။

• ပုထုဇဉ်တွေဟာ အရူးတွေပါပဲ.. ဒါပေမယ့် အမှန်တရားကို တကယ်သိလာရင် မရှုးတော့ပါဘူး။

• စိတ်ချမ်းသာ ကိုယ်ချမ်းသာဖြစ်တာကို တကယ်လိုချင်ရင် တရားကို တကယ်သိအောင်လုပ်ပါ။

• လုပ်သင့်တယ်လို့တကယ်သဘောပေါက်လာရင် ကိုယ့်သဘောနဲ့ကိုယ် လုပ်တတ်လာပါလိမ့်မယ်။

• ကိုယ့်မှာရှိတဲ့ကောင်းတဲ့ စိတ်ထားတွေကို အသက်ဝင်အောင် အမြဲလုပ်ပေးပါ။

• ကိုယ့်စိတ်ထဲမှာရှိတဲ့ ကောင်းတာလေးတွေရှာကြည့်ပါ.. ပြီးတော့ ပိုကောင်းလာအောင် တတ်နိုင်သလောက် ကြိုးစားပေးပါ။

• ကိုယ့်အတွက်လည်း တကယ်အကျိုးရှိပြီးတော့.. လောကကြီးအတွက်လည်း တကယ်အကျိုးရှိတဲ့အလုပ်က ဘာလဲဆိုတော့ ကိုယ့်ကိုယ်ကို စိတ်ထားအကောင်းဆုံး အသိဉာဏ်အကောင်းဆုံး လူသားတစ်ယောက်ဖြစ်အောင် လုပ်လိုက်တာပါပဲ။

မဟာမြိုင်တောရဆရာတော် ဦးဇောတိက၏ မြင့်မြတ်မှုပျောက်ဆုံးနေခြင်း တရားတော်မှ ကောက်နှုတ်ထားခြင်းဖြစ်ပါသည်။ ဓမ္မမိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ..။

Leave a comment