About သုညတ

သစ္စာလေးပါးတရားများ နာကြား၍ အများသူငါ ဖတ်ရှု့နိုင်ရန် ရည်ရွယ်၍ ဓမ္မပို့စ်များ ရေးသားပါသည် သတ္တဝါမှန်သ၍ တရားတွေ့ အေးချမ်းသာယာကြပါစေ...

ကြည်ညိုမဆုံးနှလုံးအေးမြမြတ်ဗုဒ္

အချိန်(၃)မိနစ်လောက်ပေးပြီး မြတ်စွာဘုရားရှင်ရဲ့ဂုဏ်ကို အာရုံပြုကာ နမောတဿ နဲ့ ပူဇော်ကန်တော့လိုက်ကြပါစို့ ဓမ္မမိတ်ဆွေတို့

“ဓမ္မော ဟေ၀ ၊ ရက္ခတိ ဓမ္မစာရီ´´ တရားကျင့်သူ၊ တရားစောင့်သူကို မြတ်တရားက ပြန်လည်စောင့်ရှောက်ပါပေ၏ ။

” ဓမ္မစကား၊ နေ့တိုင်းကြားက၊ စိတ်ထားဖွေးလက်၊ သိဉာဏ်ထက်၏ ”

မြတ်စွာဘုရား၏ တရားတော်တို့ကို နာကြားခွင့်ရသူတို့သည် အလွန့်အလွန် ဘုန်းကံကြီးကြပါပေသည်။ တရားကို ချစ်ခင် ၊ တရားကို နှစ်သက် ၊ တရားကို မြတ်နိုး ၊ တရားကို တန်ဖိုးထား ၊ တရားနဲ့ မွေ့လျော် ၊ တရားနဲ့ ပျော် နိုင်ကြပါစေ

ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေထက် လင်းစေသော်ဝ်

သူတော်ကောင်းဓာတ် တရားမြတ် လွှမ်းပတ် ကမ္ဘာတည်စေသော်ဝ်

သတ္တဝါခမ်သိမ်း တရားကိန်း အေးငြိမ်းကြပါစေ

အတုမရှိဗုဒ္ဓမြတ်စွာ Channel ကို Subscribe လုပ်ပြီး ခေါင်းလောင်းပုံလေးကို နှိပ်ထားကာ အသစ်တင်သမျှ တရားတော်များကို နာယူကြည်ညိုပူဇော်နိုင်ရန် နိဗ္ဗာန်အကျိုးမျှော် နှိုးဆော် တိုက်တွန်းလိုက်ပါတယ်။

#အတုမရှိဗုဒ္ဓမြတ်စွာ#မြတ်ဗုဒ္ဓ

အောင်ဆုတောင်းဂါထာ၊ အနေကဇာတင်၊ မဟာဗောဓိသုတ်၊ ပဋ္ဌာန်း၊ ရောင်ခြည် တော်ဘွဲ့ဘုရားရှိခိုး – သီတဂူဆရာတော်

အတုမရှိဗုဒ္ဓမြတ်စွာ ချန်နယ်သည် မြတ်စွာဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် ရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ။ ဤချန်နယ်သည် မြတ်ဗုဒ္ဓ၏ တရားတော်များ နှင့် ပရိတ် ပဌာန်း ဒေသနာတော်များကို ရွတ်ဆိုပူဇော်နိုင်ရန် မြန်မာဘာသာဖြင့် အဓိက မျှဝေသည့် ချန်နယ်တစ်ခုဖြစ်ပါသည်။ ဗုဒ္ဓဘာသာ သည် ပညာရေးစနစ်ကို အခြေခံသော ဘာသာတရားဖြစ်ပါသည်။ ဗုဒ္ဓ၏ စကားတော်များကို နားလည်၍ လက်တွေ့ဘဝတွင် ကျင့်သုံးနိုင်ရန် ဗုဒ္ဒဘာသာ ပညာရပ်များကို လေ့လာရေးသည် ဘာသာဝင်တိုင်း၏ တာဝန် ဖြစ်သည်။ ဗုဒ္ဒဘာသာ ပညာရပ်များကို လေ့လာခြင်းဖြင့် ဘာသာတရားကို စောင့်ရှောက်ကြပါစို့

အတုမရှိဗုဒ္ဓမြတ်စွာ Channel ကို Subscribe လုပ်ပြီး ခေါင်းလောင်းပုံလေးကို နှိပ်ထားကာ အသစ်တင်သမျှ တရားတော်များကို နာယူကြည်ညိုပူဇော်နိုင်ရန် နိဗ္ဗာန်အကျိုးမျှော် နှိုးဆော် တိုက်တွန်းလိုက်ပါတယ်။

https://www.youtube.com/channel/UCXMF8sW3LGEePD_uZ900sGQ

ဓမ္မစကား နေ့တိုင်းကြားက စိတ်ထားဖွေးလက် သိဉာဏ်ထက်၏

#သီတဂူဆရာတော်​#အရှင်ဉာဏိဿရ​#UNyanissara​#sitagusayardaw​#တရားတော်များ

ငွေဝင် လာဘ်ရွှင် ဇယန္တောဂါထာ (အောင်ဂါထာ)

#ငွေဝင်လာဘ်ရွှင်#ဇယန္တောဂါထာ#ကံပွင့်လာဘ်ပွင့်

ကံပွင့် လာဘ်ပွင့် ငွေဝင် လာဘ်ရွှင် ရှင်သီ၀လိ(၁၀)ဂါထာ

ရှင်သီဝလိဂါထာတော် ပါဠိ

၁။ သီဝလိ စ မဟာနာမံ၊ သဗ္ဗလာဘံ ဘဝိဿတိ။ ထေရဿ အာနုဘာဝေန၊ သဗ္ဗေ ဟောန္တု ပိယံ မမ။

၂။ သီဝလိ စ မဟာဝီရော၊ ယေ ယေ ပဿန္တု မံ ပိယံ။ တေ တေ ပဿန္တု ပရမံ၊ ဇနပဒံ ပူဇယန္တု။

၃။ သီဝလိ စ မဟာထေရော၊ မမ သီသေ ဌပေတွာန။ ဇမ္ဗုဒီပမဏ္ဍလေန၊ ဇယော မန္တာ သုခါဝဟာ။

၄။ သီဝလိ စ မဟာနာမံ၊ ဣန္ဒာ ဒေဝါ သဗြဟ္မကာ။ မနုဿပုရိသော ဣတ္ထိ၊ မဟာလာဘံ ဘဝိဿတိ။

၅။ သီဝလိ စ မဟာလာဘံ၊ နာနာ ဒေတိ ဝရံ ဝရံ။ ဣဒမ္ပိ ပူဇိတံ ဒေတိ၊ မဟာသုခံ ဘဝိဿတိ။

၆။ ဝဏ္ဏံ ဒန္တံ နရာတိတ္တိ၊ အာဏာ မယှံ ဘဝေ ဘဝေ။ တဝ ရုက္ခေ ရာဇဓီတာ၊ သဗ္ဗေ ကောဓံ ဝိနဿန္တု။

၇။ သီဝလိ စ မဟာလာဘံ၊ သဗ္ဗလာဘံ ဘဝိဿတိ။ ထေရဿ အာနုဘာဝေန၊ သဒါ ဟောတု ပိယံ မမ။

၈။ သီဝလိ စ မဟာထေရော၊ ယေ ယေ ပဿန္တု မံ ပိယံ။ တေ တေ ပဿန္တု မံ ပိယံ၊ ဇနပဒံ ပူဇိဿန္တိ။

၉။ သီဝလိ စ မဟာထေရော၊ မမ သီသေ ဌပေတွာန။ မန္တတေဇ ဇယောမန္တံ၊ အဟံ ဝန္ဒာမိ သဗ္ဗဒါ။

၁၀။ သီဝလိ စ မဟာထေရော၊ ဒေဝမနုဿပူဇိတော။ သော ရဟော ပစ္စယာဒိနံ၊ မဟာလာဘံ ကရောတု မေ။

ရှင်သီဝလိဂါထာ မြန်မာပြန်

၁။ မဟာနာမံ − ကြီးမြတ်သော အမည်ရှိသော။ သီဝလိ စ − ရှင်သီဝလိမထေရ်သည်လည်း။ သဗ္ဗလာဘံ − အလုံးစုံသောလာဘ် ပူဇော်သက္ကာရ ဟူသမျှကို။ ဘဝိဿတိ − ဖြစ်စေလတ္တံ့။ ထေရဿ − ရှင်သီဝလိမထေရ်မြတ်၏။ အာနုဘာဝေန − တန်ခိုးတေဇော် အာနုဘော်တော်ကြောင့်။ သဗ္ဗေ − ခပ်သိမ်းသောလူတို့သည်။ မမ − အကျွန်ုပ်အား။ ပိယံ (ပိယာ) − မေတ္တာသက်ဝင် ချစ်ခင်ကြကုန်သည်။ ဟောန္တု − ဖြစ်ကြစေကုန်သတည်း။

၂။ သီဝလိ − ရှင်သီဝလိမထေရ်မြတ်သည်။ မဟာဝီရော စ − ကြီးမြတ်သော ရဲရင့်ခြင်းလည်း ရှိတော်မူ၏။ တဿ − ထိုရှင်သီဝလိမထေရ်၏။ တေဇေန − တန်ခိုးတော်အားဖြင့်။ ယေ ယေ − အကြင်အကြင်သူတို့သည်။ မံ − အကျွန်ုပ်ကို။ ပိယံ − ချစ်ချစ်ခင်ခင်။ ပဿန္တု − ရှုမြင်ကြစေကုန်သတည်း။ တေ တေ − ထိုထိုသူတို့သည်။ ပရမံ − ထူးမြတ်လှစွာ။ ပဿန္တု − ရှုကြည့်ကြစေကုန်သတည်း။ ဇနပဒံ − ဇနပုဒ်သည် (ဝါ) ဇနပုဒ်နေသူ များဗိုလ်လူသည်။ ပူဇယန္တု − ပူဇော်လာကြစေကုန်သတည်း။

၃။ မဟာထေရော − ကြီးမြတ်သော မထေရ်တစ်ပါး ဖြစ်တော်မူသော။ သီဝလိ စ − ရှင်သီဝလိမထေရ်မြတ်သည်လည်း။ မမ − အကျွန်ုပ်၏။ သီသေ ဦးခေါင်းရတနာ မြတ်အင်္ဂါ၌။ ဌာတု − တည်ပါစေသတည်း။ ဌပေတွာန − ဤသို့တည်နေသောကြောင့်။ ဇမ္ဗုဒီပမဏ္ဍလေန − ဇမ္ဗူဒိပ်ကျွန်းအဝှန်းနှင့်အမျှ။ ဇယော − အောင်မြင်ခြင်းသည်။ ဟောတု − ဖြစ်ပါစေသတည်း။ မန္တာ − အောင်မြင်ကြောင်းမှန်ဂါထာမန္တန်တို့သည်။ သုခါဝဟာ − ချမ်းသာကို ဆောင်ကြသည်။ ဟောန္တု − ဖြစ်ကြပါစေကုန်သတည်း။

၄။ မဟာနာမံ − ကြီးမြတ်သောနာမ ရှိတော်မူသော။ သီဝလိ စ − သီဝလိထေရ်သည်လည်း။ အတ္ထိ − ရှိတော်မူ၏။ ကဿာနုဘာဝေန − ထိုရှင်သီဝလိထေရ်၏ အစွမ်းအာနုဘော်တော်ကြောင့်။ သဗြဟ္မကာ − ဗြဟ္မာနှင့်တကွ ဖြစ်ကုန်သော။ ဣန္ဒာ ဒေဝါ − သိကြား၊ နတ် တို့သည်လည်းကောင်။ မနုဿပုရိသော ဣတ္ထိ စ − လူယောက်ျား၊ လူမိန်းမတို့သည်လည်းကောင်း။ မဟာလာဘံ − ကြီးစွာသော လာဘ်သပ်ပကာကို။ ဘဝိဿတိ − ရသည်ဖြတ်လတ္တံ့သတည်း။

၅။ သီဝလိ − ရှင်သီဝလိ မထေရ်မြတ်သည်။ ဝရံ − တောင့်တအပ်မြတ်သော။ မဟာလာဘံ − လာဘ်လာဘအများအပြားကို။ နာနာ − အမျိုမျိုး။ ဒေတိ − ပေးတတ်၏။ ဝရံ − မြတ်သော။ ဣဒမ္ပိ ပူဇိတံ − ပူဇော်အပ်သော ပစ္စည်းဝတ္ထုများကိုလည်း။ ဒေတိ − ပေးတတ်ပေ၏။ တေန − ထိုရှင်သီဝလိထေရ်၏ ဘုန်းတော်ကြောင့်။ မဟာသုခံ − ကြီးမြတ်သောချမ်းသာသည်။ ဘဝိဿတိ − ဖြစ်ပေလတ္တံ့။

၆။ ဘန္တေ − ထေရ်ရှင်သီဝလိ အရှင်ဘုရား။ တေ အရှင်ဘုရား၏။ ဝဏ္ဏံ − အဆင်းတော်သည်လည်းကောင်း။ ဒန္တံ − ယဉ်ကျေးသိမ်မွေ့တော်မူပုံသည်လည်းကောင်း။ နရာတိတ္ထိ − လူတို့အား မရောင့်ရဲစေနို်င်ပါ။ တဝ − အရှင်ဘုရား၏။ ရုက္ခေ − ရုက္ခမူကျောင်း၌။ ရာဇဓီတာ − ရုက္ခစိုးနတ်သမီးသည်။ ရက္ခတု − စောင့်ရှောက်မှု မြဲပါစေသတည်း။ သဗ္ဗေ − ခပ်သိမ်းသော သတ္တဝါတို့သည်။ ကောဓံ − အမျက်ဒေါသကို။ ဝိနဿန္တု − ပယ်ဖျောက်နိုင်ကြပါစေသတည်း။ မယှံ − အကျွန်ု်ပ်၏။ အာဏာ −− အာဏာစက်သည်လည်း။ ဘဝေ − ဖြစ်စေလိုရာ၌။ ဘဝေ − ဖြစ်ပါစေသတည်း။

၇။ သီဝလိ စ − ရှင်သီဝလိထေရ်မြတ်သည်လည်း။ မဟာလာဘံ − ကြီးမြတ်သော လာဘ်လာဘ ရှိတော်မူ၏။ မမ − အကျွန်ုပ်အား။ သဗ္ဗလာဘံ − ခပ်သိမ်းသော လာဘ်လာဘသည်။ ဘဝိဿတိ − ဖြစ်ပေလတ္တံ့။ ထေရဿ − ရှင်သီဝလိထေရ်၏။ အာနုဘာဝေန − တန်ခိုးတေဇော် အာနုဘော်တော်ကြောင့်။ သဒါ − အခါခပ်သိမ်း။ မမ − အကျွန်ုပ်အား။ ပိယံ − လူအပေါင်းတို့က ချစ်မြတ်နိုးအပ်သည်။ ဟောတု − ဖြစ်ပါစေသတည်း။

၈။ သီဝလိ စ − ရှင်သီဝလိ မထေရ်မြတ်သည်လည်း။ မဟာထေရော − ကြီးမြတ်သော ထေရ်တစ်ပါး ဖြစ်တော်မူ၏။ တဿ − ထိုရှင်သီဝလိမထေရ်မြတ်၏။ အာနုဘာဝေန − တန်ခိုးတေဇော်အာနုဘော်တော်ကြောင့်။ ယေ ယေ − အကြင် အကြင် သူတို့သည်။ မံ − အကျွန်ုပ်ကို။ ပိယံ − ချစ်မြတ်နိုးစွာ။ ပဿန္တု− ရှုကြည့်ကြပါစေသတည်း။ တေ တေ − ထိုထိုသူတို့သည်။ မံ − အကျွန်ုပ်ကို။ ပိယံ − ချစ်မြတ်နိုးစွာ။ ပသန္တု − ရှုကြည့်ကြပါစေသတည်း။ တေ တေ − ထိုထိုသူတို့သည်။ မံ − အကျွန်ုပ်ကို။ ပိယံ − နှစ်နှစ်သက်သက်။ ပဿန္တု − ကြည့်မြင်ကြပါစေကုန်သတည်း။ ဇနပဒံ − ဇနပုဒ်နေ ပြည်သူအပေါင်းသည်။ ပူဇိဿန္တိ − ပူဇော်ကြပေကုန်လတ္တံ့။

၉။ မဟာထေရော − မဟာထေရ်မြတ်ဖြစ်တော်မူသော။ သီဝလိ စ − ရှင်သီဝလိ ရဟန္တာသည်လည်း။ မမ− အကျွန်ုပ်၏။ သီသေ − ဦးခေါင်းရတနာ၌။ ဌာတု − တည်ပါစေသတည်း။ ဌာပေတွာန − တည်နေပြီး၍။ မန္တတေဇ ဇယောမန္တံ − ထက်မြတ်သော မန္တန်၊ အောင်အပ်သော မန္တန်ကို ပေးတတ်သော။ တံ− ထိုထေရ်ရှင်သီဝလိကို။ အဟံ − အကျွန်ုပ်သည်။ သဗ္ဗဒါ− အမြဲမပြတ်။ ဝန္ဒာမိ − ရှိခိုးပါ၏ဘုရား။ ၁၀။ ဒေဝမနုဿပူဇီတော − နတ်လူတို့သည် ပူဇော်အပ်သော။ ပစ္စယာဒီနံ − ပစ္စည်းလေးပါး အစရှိသော ပူဇော်အထူးတို့ကို။ ရဟော − ခံယူတော်မူထိုက်သော။ သော သီဝလိ မဟာထေရော − ထိုအရှင်သီဝလိ မဟာထေရ်မြတ်သည်။ မေ − အကျွန်ုပ်အား။ မဟာလာဘံ − လာဘ်လာဘပေါများခြင်းကို။ ကရောတု − ပြုတော်မူပါစေသတည်း။

၁၀။ ဒေဝမနုဿပူဇီတော − နတ်လူတို့သည် ပူဇော်အပ်သော။ ပစ္စယာဒီနံ − ပစ္စည်းလေးပါး အစရှိသော ပူဇော်အထူးတို့ကို။ ရဟော − ခံယူတော်မူထိုက်သော။ သော သီဝလိ မဟာထေရော − ထိုအရှင်သီဝလိ မဟာထေရ်မြတ်သည်။ မေ − အကျွန်ုပ်အား။ မဟာလာဘံ − လာဘ်လာဘပေါများခြင်းကို။ ကရောတု − ပြုတော်မူပါစေသတည်း။

#ငွေဝင်လာဘ်ရွှင်#ရှင်သီ၀လိ​(၁၀)ဂါထာ #နတ်ချစ်ဂါထာ#ကံပွင့်လာဘ်ပွင့်

သမ္ဗုဒ္ဓေ(၅)မျိုး ဂါထာတော်

သမ္ဗုဒ္ဓေဂါထာ ဘုရားရှိခိုး

သမ္ဗုဒ္ဓေ အဋ္ဌဝီသဉ္စ ဒွါဒသဉ္စ သဟဿကေ၊ ပဉ္စသတ သဟဿာနိ နမာမိ သိရသာမဟံ အပ္ပကာ ဝါဠုကာ ဂင်္ဂါ၊ အနန္တာ နိဗ္ဗုတာ ဇိနာ၊ တေသံ ဓမ္မဉ္စ သံဃဉ္စ၊ အာဒရေန နမာမဟံ၊ နမက္ကာရာ’နုဘာဝေန၊ ဟိတွာ သဗ္ဗေ ဥပဒ္ဒေဝေ၊ အနေကာ အန္တရာယာပိ၊ ဝိနဿန္တု အသေသတော။

သမ္ဗုဒ္ဓေဂါထာ အနက်

အဋ္ဌဝီသံ – သုံးပါးဘဝ သုံးလောကတွင် ဉာဏ ရောင်ဖိတ် အောင်ဘိသိက်နှင့် နှစ်ကျိပ်ရှစ်ဆူကုန်သော၊ သမ္ဗုဒ္ဓေ စ – တန်ဆောင်ပမာ ဉာဏ်ရောင်ဝါဖြင့် သစ္စာပွင့်လင်း တရားမင်းတို့ကို လည်းကောင်း၊ ဒွါဒသဉ္စ သဟဿကေ – နိဗ္ဗာန်ကိန်းအောင်း စက် မွေ့လျောင်းသည့် တစ်သောင်းနှစ်ထောင်ကုန်သော၊ သမ္ဗုဒ္ဓေစ – လရောင်ပမာ ဉာဏ်ရောင်ဝါဖြင့် သစ္စာလင်းပြောင် မြတ်ဘုန်းခေါင်တို့ကိုလည်းကောင်း၊ ပဉ္စသတ သဟဿာနိ – သောင်းထိုက်စကြဝဠာ ဂုဏ်ဝါရောင်ရှိန်း ငါးသိန်းကုန်သော၊ သမ္ဗုဒ္ဓေစ – နေရောင်ပမာ ဉာဏ်ရောင်ဝါဖြင့် သစ္စာလင်းထိန် မြတ်မုနိန်တို့ကိုလည်းကောင်း၊ အဟံ – အကျွန်ုပ်သည်၊ သိရသာ – ဦးခေါင်းရတနာ မြတ်အင်္ဂါဖြင့်၊ နမာမိ – ရိုသေညွတ်ကျိုး လက်စုံမိုး၍ ရှိခိုးပါ၏။ ဂင်္ဂါ – ဂင်္ဂါယ – ဂင်္ဂါမြစ်တွင်း၌၊ ဝါဠုကာ – ရှိကြကုန်သော သဲတို့သည် အပ္ပကာ – နည်းကြကုန်သေး၏ နိဗ္ဗုတာ – ဘုံဇာတ်သိမ်း၍ ငြိမ်းအေးတော်မူကြကုန်ပြီးသော၊ ဇိနာ – နှောင့်ယှက်ဖန်လာ မာရ်ငါးဖြာကို အရိယာမဂ် ဘုန်းရောင်စက်ဖြင့် ချိုးဖျက်လွယ်ကူ အောင်တော်မူသော ဘုရားရှင်အပေါင်းတို့ကား၊ အနန္တာ – သင်္ချာဂဏန်း ရေတွက် မှန်းလည်း ဆုံးခန်းတိုင်မြောက် မရောက်နိုင်ကြကုန်၊ တေ ဇိနေစ – ထိုဘုရားရှင်တို့ကိုလည်းကောင်း၊ တေသံ – ထိုငါးသိန်းတစ်သောင်းနှစ်ထောင်နှစ်ကျိတ်ရှစ်ဆူကုန်သော ဘုရားရှင်၊ မရေမတွက်နိုင်သော ဘုရားရှင်တို့၏၊ ဓမ္မဉ္စ – တရားတော်မြတ်ကိုလည်းကောင်း၊ သံဃဉ္စ – တပည့်သား သံဃာတော်မြတ်ကိုလည်းကောင်း၊ အဟံ – အကျွန်ုပ်သည်၊ အာဒရေန – အာဒရံ – ရိုသေစွာ၊ နမာမိ – ရှိခိုးပါ၏။ နမက္ကာရာနုဘာဝေန – ဤသို့ရှိခိုးပူဇော် ဖူးမြော်မာန်လျော့ ကန်တော့ရသော ပဏာမကုသိုလ် စေတနာကြောင့်၊ သဗ္ဗေ – ခပ်သိမ်းကုန်သော၊ ဥပဒ္ဒဝေ – ဘေးရန်တို့ကို၊ ဟိတွာ – ပယ်ဖျောက်၍၊ အနေကာ အန္တရာယာပိ – တစ်ပါးမက များလှသွယ်သွယ် အန္တရာယ်တို့သည်လည်း၊ အသေသတော – အကြွင်းအကျန်မရှိသော အားဖြင့်၊ ဝိနဿန္တု – ပျောက်ပျက်ပါစေသတည်း။

(၁) အရှေ့ကျွန်း သမ္ဗုဒ္ဓေ

သမ္ဗုဒ္ဓေ အဌဝီသဉ္စ၊ သဗ္ဗတေဇံ သဗ္ဗဂုဏံ၊ သဗ္ဗသုခံ လဘတုမေ၊ ဆရဝီ ဆာရာ ဆရီစ ဆာယံ၊ ပဉ္စဗုဒ္ဓါ မဟာတေဇံ၊ သဗ္ဗညုတ ဉာဏဝရံ၊ သဗ္ဗသတ္တရု သဗ္ဗဘယံ၊ ဝိနဿန္တု အသေသတော။

(၂) မြောက်ကျွန်း သမ္ဗုဒ္ဓေ

သမ္ဗုဒ္ဓေ အဌဝီသဉ္စ၊ ပဉ္စသတ သဟဿာနိ၊ ဒွါဒသဉ္စ သဟဿကေ၊ ဂင်္ဂါယံ ဝါဠုကာ စုဏ္ဏေ၊ ပရာဇေတွ မဟာပုလ္လေ၊ နမာမိ သိရဿာမဟံ၊ တေသံ ဓမ္မဉ္စ သံဃဉ္စ အာဒရေန – နမာမဟံ၊ နမက္ကာရာ နုဘာဝေန၊ ဟိတွာ သဗ္ဗေ ဥပဒ္ဒဝေ၊ အနေက အန္တရာယာပိ၊ ဝိနဿန္တု အသေသတော။

(၃) အနောက်ကျွန်း သမ္ဗုဒ္ဓေ

သမ္ဗုဒ္ဓေ အဌဝီသဉ္စ၊ ဒွါဝီသဉ္စ ဣမေဗုဒ္ဓါ၊ ဧကတိံသ သဗ္ဗေဗုဒ္ဓါ၊ ဒွတ္တိံသစ မဟာဗုဒ္ဓေါ၊ ပဉ္စဝီသာ ဗုဒ္ဓါ နေတ္တိ၊ တေတ္တိံ သ ဗုဒ္ဓဘာဝနာ၊ ဧတေန ဗုဒ္ဓဂုဏေန၊ တေသံ ဓမ္မဉ္စ သံဃဉ္စ၊ အာဒရေန နမာမဟံ၊ နမက္ကာရာ နုဘာဝေန၊ ဟိတွာ သဗ္ဗေ ဥပဒ္ဒဝေ၊ အနေက အန္တရာယာပိ၊ ဝိနဿန္တု အသေသတော။

(၄) တောင်ကျွန်း သမ္ဗုဒ္ဓေ

သမ္ဗုဒ္ဓေ အဌဝီသဉ္စ၊ ဒွါဒသဉ္စ သဟဿကေ၊ ပဉ္စဿတ သဟဿာနိ၊ နမာမိ သိရသာမဟံ၊ အပ္ပကာ ဝါဠုကာ ဂင်္ဂါ၊ အနန္တာ နိဗ္ဗုတာ ဇိနာ၊ တေသံ ဓမ္မဉ္စ သံဃဉ္စ၊ အဒရေန နမာမဟံ၊ နမက္ကာရာ နုဘာဝေန၊ ဟိတွာ သဗ္ဗေ ဥပဒ္ဒဝေ၊ အနေက အန္တရာယာပိ၊ ဝိနဿန္တု အသေသတော။

(၅) အောင် သမ္ဗုဒ္ဓေ

သမ္ဗုဒ္ဓေ အဌဝီသတိ၊ မမ ဂစ္ဆတိ ပုရတော၊ ပဉ္စဗုဒ္ဓါ မဟာတေဇာ၊ မမ သီသေနိ သီ ဒတိ၊ ဒိဗ္ဗတီတံ မံ ရက္ခန္တု၊ မေဇယမင်္ဂလံ၊ အဂ္ဂံ သဗ္ဗေပိ မေ နမဿာမိ၊ ဂုဏေ အာပတ္တိ ပုဂ္ဂလေ၊ အရိယာနဉ္စ သဗ္ဗေသံ၊ သာဝကာနဉ္စ သဗ္ဗသော။

#ငွေဝင်လာဘ်ရွှင်#သမ္ဗုဒ္ဓေ#နတ်ချစ်ဂါထာ

ငွေဝင်ဂါထာ ဟု ကျော်ကြားသော ဒိဝါတပတိဂါထာတော်(သို့)သဗ္ဗမင်္ဂလာဂါထာတော်

“ဒိဝါ တပတိ” အစချီသည့် သဗ္ဗမင်္ဂလာဂါထာတော် သည် ရှေးဘုရားရှင်များ သက်တော်ထင်ရှားရှိစဉ် ကုက္ကုဍဝတီပြည်တွင် မဟာကပ္ပိနမင်းနှင့် အနောဇာဒေဝီတို့ စိုးစံချိန်မှ စတင်ရွတ်ဖတ်ပူဇော်ခဲ့ရာ ယခုထက်တိုင်ဖြစ်သည်။ လူတို့သည် ဘေးဥပါဒ်ရန်စွယ်အန္တရာယ်များကို စိုးရိမ်ထိတ်လန့်ကြောက်ရွံ့ကြ၏။ ထိုအခါ ထိုကြောက်မက်ဖွယ်အရာတို့မှ ကွေကွင်းလွတ်မြောက်စေရန် လူတို့သည် အမျိုမျိုးကြိုးစား အားထုတ်ကြ၏။ အောင်မြင်သည့်အခါလည်း ရှိသကဲ့သို့၊ မအောင်မြင်သည့် အခါလည်း ရှိပေသည်။ သို့သော် ဤ သဗ္ဗမင်္ဂလာဂါထာတော် ကို ရွတ်ဖတ်ပူဇော်ပါက ရှေးအခါမှ ယခုကာလထိ အောင်မြင်ခဲ့သည်ပင် ဖြစ်သည်။

ရွတ်ဖတ်ပုံ

နေ့စဉ်အိပ်ရာဝင်ချိန်နှင့် အိပ်ယာထချိန်တို့တွင် ယုံယုံကြည်ကြည် အလေးအနက်ထားကာ အနည်းဆုံးကိုးခေါက် ရွတ်ဖတ်ပူဇော်ရမည်။ ပူဇော်ရာတွင် မိမိ၏ ခံတွင်းအား သန့်သန့်ရှင်းရှင်းဖြစ်စေကာ ပူဇော်ရမည်။ မည်သည့် ရမ္မက်၊ လောဘစသည်တို့မရှိဘဲ စိတ်နှလုံးကြည်လင်ချမ်းသာစွာ ရွတ်ဖတ်ရန် အထူးအရေးကြီးသည်။ ဤဂါထာ၏ အနက်အဓိပ္ပာယ်ကို သိပြီးပါက ပါဠိသက်သက်ကို ရွတ်ဖတ်နိုင်သည်။

ပါဠိ

ဒိဝါ တပတိ အာဒိစ္စော၊ ရတ္တိမာဘာတိ စန္ဒိမာ။ သန္နဒ္ဓေါ ခတ္တိယော တပတိ၊ ဈာယီ တပတိ ဗြာဟ္မဏော။ အထ သဗ္ဗမဟောရတ္တိံ၊ ဗုဒ္ဓေါ တပတိ တေဇသာ။

အနက်အဓိပ္ပါယ်

အာဒိစ္စော − နေရောင်ခြည် အလင်းဆောင်သည့် ထွန်းပြောင်ပဝင်း ရှင်နေမင်းသည်။ ဒိဝါ − နေ့အခါ၌။ တပတိ − လောကအလယ် ဂုဏ်မြင့်ကြွယ်၍ တင့်တယ်ပါပေ၏။ စန္နိမာ − စန်းငွေယုန်ခ သော်တာလသည်။ ရတ္တိံ − ညဉ့်အခါ၌။ အာဘာတိ − နှစ်သက်စဖွယ် တင့်တယ်ပါပေ၏။ သန္နဒ္ဓေါ − ချပ်ဝတ်တန်ဆာ ကိုယ်မှာစုံလင် ဆင်ယင်ထားသော။ ခတ္တိယော − လူတို့သနင်း ပြည့်ရှင်မင်းသည်။ တပတိ − ကြီးမြင့်ခံ့ထယ် တင့်တယ်ပေ၏။ ဈာယိ − ဘက်စုံကောင်းမြတ် သမာပတ်ကို မပြတ်ထင်ရှား ဝင်စားလျက်ရှိသော။ ဗြာဟ္မဏော − ကိလေသာကို အပပြုပြီးသော အာသဝေါကင်းကွာ ရဟန္တာပုဂ္ဂိုလ်သည်။ တပတိ − ဈာန်မဂ်နှစ်သွယ် စွယ်စုံခြယ်၍ တင့်တယ်ပါပေ၏။ အထ − ထိုမှကြူး၍ ထူးသည်မှာကား။ ဗုဒ္ဓေါ − သစ္စာလေးဆင့် ခိုင်လုံးရင့်ကာ ပွင့်လာခေါင်ဖျား အောင်တော်မူ မြတ်စွာဘုရားသည်။ သဗ္ဗံ − အလုံးစုံသော။တ အဟောရတ္တိံ − နေ့ညဉ့်ကာလပတ်လုံး။ တေဇသာ − ကြီးကဲစိုးရ တန်ခိုးတော်အနန္တဖြင့်။ တပတိ − အံ့ချီးလောက်ဖွယ် လောကလယ်၌ တင့်တယ်တော်မူပါပေသတည်း။

#သဗ္ဗမင်္ဂလာဂါထာတော်#ဒိဝါတပတိဂါထာတော်#ငွေဝင်ဂါထာ

ပထဝီဇယမန္တန်(မေတ္တာမန္တန်) – ကျေးဇူးရှင် မေဃဝတီဆရာတော်ကြီး သီရိဘဒ္ဒန္တရေဝတ မဟာထေရ်

မဟာပထဝီဇယ မန္တန်တော် နမောတဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

(၁) ဩီ… ပထဝီဇယံသဗ္ဗံ၊ အနေက အန္တရာယိကံ၊ ဇယံ ပစ္စေကဗုဒ္ဓါ စ၊ ဇယံ ပရိ မဟေသယော။

(၂) ဇယံ ဟရော ဟရိဒေဝေါ၊ ဇယံ ဗြဟ္မာ ဓတရဌော၊ ဇယံ နာဂေါ စ ဝိရူဠှော၊ ဝိရူပက္ခော စ စန္ဒိမာ။

(၃) ဝိဣန္ဒော ဝေနတေယျော စ၊ ကုဝေရော ဝရုဏော ပိ စ၊ အဂ္ဂိ ဝါရဏော ပဇ္ဇုန္နော၊ ကုမာရော စတုပါလကော။

(၄) အဌာရသ မဟာဒေဝါ၊ သုခိတာ စ ပသိဒ္ဓိယော၊ အသီတိ မဟာသာဝကာ၊ သဗ္ဗံ ဇယံ ဒဒန္တု မေ။

(၅) ဇယော ဓ‌မ္မော စ သံဃော စ၊ ဒသဗလော စ ဇေယျကော၊ ဧတေန သစ္စဝဇ္ဇေန၊ ဇယာ သုခါ ဘဝန္တု မေ။

(၆) နရာ ဒေဝါ စ ဗြဟ္မနော၊ ယက္ခာ နာဂါ စ ဂရုဠာ၊ တေပိ ဒိသွာ ပိယာ မယှံ၊ ပုတ္တံ မမေဝ သိနေဟာ။

(၇) ဗုဒ္ဓါ ပစ္စေကဗုဒ္ဓါ စ၊ အရဟာ အဂ္ဂသာဝကာ၊ သဗ္ဗေ ကရောန္တု မေ မေတ္တံ၊ သဗ္ဗေ တိဌန္တု မတ္ထကေ။

(၈) တေသံ မေတ္တာနုဘာဝေန၊ သဗ္ဗေ ရောဂါ သုသီတလာ၊ သဗ္ဗေ ဘယာ ဝိနဿန္တု၊ သဗ္ဗေ နဿန္တု ပဒ္ဒဝါ။

(၉) ဣမသ္မိံ စက္ကဝါဠေ စ၊ ဗဟူ အနန္တ ပါဏိနော၊ အနန္တ စက္ကဝါဠေ စ၊ ဗဟူ အနန္တ ပါဏိနော။

(၁၀) ဣမေ သတ္တာ အဝေရာ စ၊ အညမညံ ပိယာ ဟောန္တု၊ ဣမေ သတ္တာ အဝေရာ စ၊ အညမညံ သုခါ ဟောန္တု။

(၁၁) နေရယိကာ တိရစ္ဆာနာ၊ ပေတာ အသုရကာ ယမာ၊ ဣမေ သဗ္ဗေ ယထာ သတ္တာ၊ ဒုက္ခာ မုစ္စန္တု တတ္တကာ။

(၁၂) ဒသကောဋိ ဒကဇာ စ၊ ထလဇာ နဝကောဋိယော၊ သံသေဒဇောပပါတိကာ၊ ဒီဃာယုကာ ဘဝန္တု တေ။

(၁၃) ဥဒ္ဓံ ယာဝ ဘဝဂ္ဂါ စ၊ အဓော ယာဝ အဝီစိတော၊ သမန္တာ စက္ကဝါဠေသု၊ ယေ သတ္တာ ပထဝီစရာ။

(၁၄) အဗျာပဇ္ဇာ နိဝေရာ စ၊ နိဒ္ဒုက္ခာ စ နုပဒ္ဒဝါ၊ သဗ္ဗေ သတ္တာ အဝေရာစ၊ သဟ သဗ္ဗေဟိ ဉာတိဘိ

#ပထဝီဇယမန္တန်#မဟာပထဝီဇယမန္တန်တော်#မေတ္တာမန္တန်

ရသေ့ကြီး ဦးခန္တီ ၏ ဓနသိဒ္ဓိ လာဘ်ရွှင် ဂါထာတော် – ဗန်းမော်ဆရာတော်ဘုရားကြီး

ရသေ့ကြီး ဦးခန္တီရွတ်သော ဂါထာ လာဘ်တိတ်နေသူများ ၊ ဈေးရောင်းမကောင်းသူများ ၊ အကြွေးမရသူများ ၊ အကြွေးမဆပ်နိုင်သူများ ၊ ငွေကြေး အခက်အခဲဖြစ်နေသူများ ၊အကြီးအကဲနဲ့ အဆင်မပြေသူများ ၊ အလုပ်အကိုင် တို့လို တန်းလန်း ဖြစ်နေသူများ ၊ လာဒ်ရွှင်ငွေဝင်လိုသူများ အတွက်အလွန်တရာမှ လာဒ်ရွှင်စေသော ရသေ့ကြီး ဦးခန္တီရွတ်သော ဂါထာကိုလက်ဆောင်ပေးလိုက်ရပါတယ် ဒေါက်တာ ကုမာရ ဘိဝံသ(ဗန်းမော်ဆရာတော်) ချီးမြှင့်တော်မူသော ရသေ့ကြီး ဦးခန္တီ၏ဂါထာတော်။

အရဟံ၊ ဗဟိ-အန္တ-ဇယံ၊ သုဂတံ၊ အမိတံ၊ ဝိရဇံ၊ လလိတံ၊ အတုလံ၊ စရဏံ၊ တိ-ဘဝူပ-သမံ၊ ယမကံ၊ သုခံ ဒံ ၊ သရဏံ ၊ ပဏာ မာမိ ဇိနံ။ (အနက်ကို ရွတ်ဆိုရန်မလိုပါ..အဓိပ္ပါယ် သိရန် ရေးပေးတာပါ… အထက်ပါ ဂါထာကို သာရွတ်ပါ။)

၁။ အရဟံ – ပူဇော်အထူးကို ခံယူတော်မူထိုက်သော မြတ်စွာဘုရားကို ပဏာမာမိ-ရှိခိုးပါ၏။

၂။ ဗဟိ-အန္တ-ဇယ – အတွင်း-အပ ရန်ကို အောင်တော်မူသော မြတ်စွာဘုရားကို ပဏာမာမိ-ရှိခိုးပါ၏။

၃။ သုဂတံ – ကောင်းသောစကားကို ဟောပြောတတ်သော မြတ်စွာဘုရားကို ပဏာမာမိ-ရှိခိုးပါ၏။

၄။ အမိတံ – မနှိုင်းယှဉ်နိုင်သည့် တန်ခိုးဗျာဋိဟာရှိသော မြတ်စွာဘုရားကို ပဏာမာမိ-ရှိခိုးပါ၏။

၅။ ဝိရဇံ – ကိလေသာမြူ ကင်းတော်မူသော မြတ်စွာဘုရားကို ပဏာမာမိ-ရှိခိုးပါ၏။

၆။ လလိတံ – တင့်တယ် သပ္ပါယ်တော်မူသော မြတ်စွာဘုရားကို ပဏာမာမိ-ရှိခိုးပါ၏။

၇။ အတုလံ – အတုမရှိသော မြတ်စွာဘုရားကို ပဏာမာမိ-ရှိခိုးပါ၏။

၈။ စရဏံ – အကျင့်စရဏနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားကို ပဏာမာမိ-ရှိခိုးပါ၏။

၉။ တိ-ဘဝူပ-သမံ – ဘုံသုံးပါး၌ ကိလေသာငြိမ်းအေးသော မြတ်စွာဘုရားကို ပဏာမာမိ-ရှိခိုးပါ၏။

၁၀။ ယမကံ – ရေမီးအစုံအစုံ တန်ခိုးဗျာဋိဟာနှင့် ပြည့်စုံသော မြတ်စွာဘုရားကို ပဏာမာမိ-ရှိခိုးပါ၏။

၁၁။ သုခဒံ – ချမ်းသာကို ပေးစွမ်းနိုင်သော မြတ်စွာဘုရားကို ပဏာမာမိ-ရှိခိုးပါ၏။

၁၂။ သရဏံ – ကိုးကွယ်အားထားရာဖြစ်သော မြတ်စွာဘုရားကို ပဏာမာမိ-ရှိခိုးပါ၏။

၁၃။ ဇိနံ – မာန်ငါးပါးကိုအောင်မြင်သော မြတ်စွာဘုရားကို ပဏာမာမိ-ရှိခိုးပါ၏။

#ဓနသိဒ္ဓိဂါထာ​#ရသေ့ကြီးဦးခန္တီ​#လာဘ်ရွှင်ဂါထာတော်​

မကောင်းမူတွေကို ဘာကြောင့် မပြုလုပ်သင့်သလဲ – သစ္စာရွှေစည်ဆရာတော်

အာရတီ ဝိရတီ ၊ ဧတံ မင်္ဂလမုတ္တမံ။
မကောင်းမူတွေကို ဘာကြောင့် မပြုလုပ်သင့်သလဲ။
ဘာကြောင့် ရှောင်ကြဉ်သင့်သလဲဆိုတာကို
သိဖို့ အာရတီ, ဝိရတီနှစ်ချက်နဲ့
ဆရာတော်မှ ရှင်းပြထားတာပါ။
☸️☸️☸️☸️☸️☸️☸️☸️☸️☸️☸️
မကောင်းမူကို လွန်ကျုးခွင့် ကြုံလာတဲ့အခါမှာ
သြော် လွန်ကျုးမိသွားတယ်ဆိုရင်
ဒါ ငါ ညံ့တာပဲ။
နောင်တစ်ချိန် ဒါမျိုး မဖြစ်စေရဘူးဆိုတဲ့စိတ်မျိုး
မွေးနိုင်ရင် ကောင်းတယ်။
ဝမ်းရေးဆိုတာ ဖြေရှင်းကြရမှာပါ။
မိသားစုအရေးတွေဆိုတာ ရှင်းကြရမှာပါ။
မတရားသဖြင့် ရှင်းမိပြီဆိုရင်တော့
ရှင်းတယ်လို့ ထင်ရငြားသော်လည်း
ပိုပြီးတော့ ရူပ်လာစရာအကြောင်းတွေ
ရှိတယ်။
အေးသွားတယ်လို့ ထင်ရငြားသော်လည်း
ပိုပြီးတော့ ပူလောင်စရာအကြောင်းတွေ
ရှိတယ်။

ငြင်းခုံခြင်းကို ဘေးဟု မြင် – သစ္စာရွှေစည်ဆရာတော်

ငြင်းခုံခြင်းကို ဘေးဟု မြင်

ငြင်းခုံခြင်းမှာ အလွန်ကြောက်မက်ဖွယ်ရာကောင်းတဲ့
အနာဂါတ် ရှိတယ်။

မမျှော်မှန်နိုင်တဲ့ ဘေးဒုက္ခတွေ ရှိတယ်။

ဘာတွေ ဖြစ်လာမယ်ဆိုတာ ကြိုတင်ခန့်မှန်းလို့
မရဘူး။

သံယောဇဉ်တရားတော် – သစ္စာရွှေစည်ဆရာတော်

#သံယောဇဉ်ကြိုး(၁၀)ချောင်းထဲမှာ ဘယ်ကြိုဟာ အဆိုးဆုံးလဲ? ဘယ်ကြိုးက အဓိက အကျဆုံးလဲ? ဘယ်ကြိုးက အဆိုးဆုံးလဲလို့ မေးရင် #သက္ကာယဒိဋ္ဌိဆိုတဲ့ ကြိုးဟာ အဆိုးဆုံးပဲ။ ဘာဖြစ်လို့လဲဆိုလို့ရှိရင် ခိုင်မာတဲ့ အကြောင်းပြချက်တစ်ခု ပြကြည့်မယ်နော်။ အဲဒီ သက္ကာယဒိဋ္ဌိဆိုတဲ့ ကြိုးကိုသာ အပြီးသတ် ဖြတ်တောက်နိုင်မယ်ဆိုလို့ရှိရင် ကျန်တဲ့ကြိုးတွေက အချိန် အနှေးနဲ့အမြန်ဆိုသလို သေချာပေါက် ပြတ်ရမှာပဲ။ သူ မပြတ်သေးသမျှ ကျန်တဲ့ကြိုး ပြတ်ဖို့ မျှော်လင့်ချက် မရှိဘူး။ သူ ပြတ်ပြီးပြီဆိုလို့ရှိရင်တော့ ကျန်တဲ့ကြိုးတွေက သိပ်မကြာဘူး။ အလွန်ဆုံး ကာမဘုံမှာ ခုနှစ်ဘဝလောက် နေပြီးရင် အကုန်လုံး ပြတ်တောက်ရမှာ။ #သစ္စာရွှေစည်ဆရာတော် #သံယောဇဉ်တရားတော်မှ

အမုန်းဖြစ်ခြင်းအကြောင်းတရား (၉)ပါး – သစ္စာရွှေစည်ဆရာတော်

အမုန်းဖြစ်ခြင်းအကြောင်းတရား (၉)ပါး
ဒီ(၉)ပါးထဲကနေ အမုန်းတရားတစ်ခုခု ဖြစ်လာပြီဆိုရင် ဘယ်လို ပယ်ရမလဲဆိုတာလေးကိုပါ
ဟောပြထားပါတယ်…

သစ္စာရွှေစည်ဆရာတော်

၁။ လူမိုက်ကို မမြင်ပါရစေနဲ့။
၂။ လူမိုက်ရဲ့စကားကို မကြားပါရစေနဲ့။
၃။ လူမိုက်နဲ့ မပေါင်းသင်းပါရစေနဲ့။
၄။ လူမိုက်နဲ့ စကားပြောဟောခြင်းကို မပြုပါရစေနဲ့။
၅။ မလွဲသာလို့ ပြောရပြီဆိုရင်လည်းပဲ မနှစ်သက်ပါရစေနဲ့။
ကြာချိန်- ၅မိနစ်၊ ၁၃စက္ကန့်

သစ္စာရွှေစည်ဆရာတော်

စိတ်ထဲမှာ အတ္တမကြီးဘဲနဲ့
ကိုယ့်ကိုသာလျှင်၊ ငါသာလျှင်ဆိုတဲ့
အတွေးတွေ မများစေဘဲနဲ့
မလိုလားအပ်တဲ့ စိတ်ဆန္ဒတွေ ချိုးနှိမ်ပြီးတော့
ဖြူဖြူစင်စင် သန့်သန့်ရှင်းရှင်း
နေနိုင်မယ်ဆိုရင် ဘယ်လို အနေအထားမျိုးလေးပဲ
ဖြစ်ဖြစ် ပတ်ဝန်းကျင်ရဲ့ ချစ်ခင်မူ မြတ်နိူးမူကို ရနိုင်တယ်။
ဘာကြီးပဲ လုပ်ပြလို့နေနေ စိတ်ထဲက
မကောင်းတာတွေ ရှိနေတယ်ဆိုတာကို
သိရမယ်ဆိုရင်တော့ ဘယ်သူမှ
လေးစားမူ၊ တန်ဖိုးထားမူ ရှိမှာ မဟုတ်ဘူး။
ကြာချိန်- ၇မိနစ်၊ ၃၂စက္ကန့်

လွန်ကဲသော တရားများ – သစ္စာရွှေစည်ဆရာတော်

လူတစ်ယောက် ပစ္စည်းဥစ္စာတွေလည်း
အများကြီး ရထားတယ်။
ဂုဏ်တွေလည်း အများကြီး ရထားတယ်။
ပညာရေးတွေလည်း အများကြီး ရထားတယ်။
ဒါပေမယ့် လူက အိပ်ယာထဲမှာ ဗုန်းဗုန်းလဲနေတဲ့
ကျန်းမာရေးနဲ့ မပြည့်စုံတဲ့ လူတစ်ယောက်
ဖြစ်ခဲ့မယ်ဆိုရင် ကျန်တဲ့ သူ့ရဲ့ ရထားတာတွေဟာ
သူ့အတွက် အဓိပ္ပာယ် သိပ်မရှိတော့သလိုပဲ။
စိတ်ကူးလေးနဲ့ နာဖျား ကြည့်လိုက်ပေါ့။
ကျန်းမာရေး တကယ် မကောင်းနေတဲ့အချိန်မှာ
ကျန်တဲ့ ရတာတွေကို မခံစားနိုင်တော့ဘဲနဲ့
ကျန်းမာရေး ကောင်းချင်တယ်ဆိုတဲ့ စိတ်ကပဲ
လွှမ်းမိုးပြီးတော့ ကျန်းမာရေး ကောင်းခြင်းရဲ့
တန်ဖိုးဟာ အဲဒီအချိန်မှာ ပိုပြီးတော့ ထင်ရှားလာတယ်။
ကြာချိန်- ၁၄မိနစ်၊ ၁၇စက္ကန့်

ကြာတော့လည်း နေတတ်သွားမှာပါ လောကဓံနဲ့ – Manapadayi Ashin Vicitta

“ကြာတော့လည်း နေတတ်သွားမှာပါ” ​#လောကဓံနဲ့ အသားကျသွားရင် လောကဓံဆိုတာ တရားရစရာပါပဲ။ #အမှားတွေ မရဖို့နဲ့ ဘဝအားတွေ မကျဖို့ဆိုတာ ဓမ္မအားတွေနဲ့ ပြန်ထမှပဲ ရမှာမဟုတ်လား။ #လဲကျလိုက် ပြန်ထလိုက်၊ ပြုတ်ကျလိုက် ပြန်ဆွဲလိုက်၊ ကျသွားလိုက် ပြန်တက်လိုက်၊ စသဖြင့် အကြိမ်ကြိမ် အားပြိုင်နိုင်ရင် ကြာတော့လည်း နေတတ်သွားမှာပါ။ ​(မနာပ ဒါယီ ကိုရီးယား ဆရာတော် အရှင်ဝိစိတ္တ)

လောကဓံကို အလိုက်သင့်လေး ရင်ဆိုင်လိုက်ပါ – Manapadayi Ashin Vicitta

လောကဓံကို အလိုက်သင့်လေး ရင်ဆိုင်လိုက်ပါ ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ #ခဲနဲ့အပစ်ခံရတဲ့ ရေပြင်ဟာ လှုပ်ခတ်မှုကတော့ ရှိတာပေါ့။ အပစ်ခံရတဲ့အတွက် ရေပြင်ကတော့ အစိပ်အစိပ်အမွှာမွှာ ကွဲပြားသွားမှာ မဟုတ်ဘူးလေ။ တသားတည်းဖြစ်နေမှာပါပဲ။ ပစ်တဲ့ခဲပဲ ရေထဲမှာ နစ်မြုတ်သွားမှာ မဟုတ်လား။ #ဒီလိုပါပဲ။ အတိုက်အခိုက်ခံရတဲ့ ဘဝဟာလည်း လှုပ်ခတ်မှုတော့ ရှိမှာပေါ့။ ဒါပေမယ့် အထုအထောင်းခံရတဲ့ ကျောက်ခဲလို တစ်စစီ လွင့်စင်သွားတာမျိုး မဖြစ်စေဖို့ပါပဲ။ ရေလိုမကွဲမပျက် တစပ်တည်း ရှိနေနိုင်အောင်သာ ကြိုးစားရမှာပါ။ #လူ့ဘဝဆိုတာ အတိုက်အခိုက် အထုအထောင်းကတော့ နေရာတိုင်းမှာ ရှိနေကြမှာပဲ။ လူလည်းရှိတယ်။ ရဟန်းသံဃာလည်းရှိတယ်။ တိရစ္ဆာန်အချင်းချင်းလည်းရှိတယ်။ အလုံးစုံပြည့်စုံတော်မူတဲ့ ဘုရားရှင်တောင် ရှိနေတာပဲလေ။ ဒါအဆန်းကြီးမှ မဟုတ်တာ။ အရေးအကြီးဆုံးက အဲဒီဒဏ်တွေကို ခံနိုင်ရည်ရှိဖို့ပဲ။ ကျောက်လို မာမာထန်ထန် ခံနိုင်မလား၊ ရေလိုအလိုက်သင့် ပျော့ပျော့ပြောင်းပြောင်း ခံနိုင်အောင် ကြိုးစားမလားဆိုတာ အခြေအနေနဲ့ အချိန်အခါကိုကြည့်ပြီး ကျော်လွှားနိုင်ဖို့ပဲ။ (မနာပ ဒါယီ ကိုရီးယားဆရာတော် အရှင်ဝိစိတ္တ)

ကံတရားက မျက်နှာမလိုက်ဘူး တဲ့ – Manapadayi Ashin Vicitta

“ကံတရားက မျက်နှာမလိုက်ဘူး”တဲ့။ #ဆင်းရဲမှာကြောက်ရင် မနှမျောရဘူး။ မပေးရင် မရတဲ့သဘောပေါ့။ #ရုပ်ဆိုးမှာ ကြောက်ရင် ဒေါသမကြီးရဘူး။ ဒေါသကြီးရင် ရုပ်အဆင်းမလှဘူးပေါ့။ #အထီးကျန်မှာကြောက်ရင် မနာလိုစိတ် မများရဘူး။ မုဒိတာ မပွားနိုင်ရင် တစ်ယောက်တည်း ဖြစ်သွားတတ်တယ်။ [မနာပ ဒါယီ အရှင်ဝိစိတ္တ]

“လူ့စိတ် လူ့သဘော လူ့စိတ်ဆိုတာ – Manapadayi Ashin Vicitta

“လူ့စိတ် လူ့သဘော” ~~~~~~~~~~~~ #လူ့စိတ်ဆိုတာ သိပ်ထူးဆန်းတယ်။ အပြောင်းအလဲမြန်တယ်။ ရနေတာကို မကျေနပ်နိုင်ဘူး။ မရသေးတာကို မျက်စောင်းထိုးတယ်။ လိုချင်တာလေး ရလာပြန်တော့လည်း နောက်တစ်မျိုးကို လိုချင်ပြန်တယ်။ ကျေနပ်အောင် နေတတ်တဲ့စိတ် မရှိလို့ကတော့ မကျေနပ်တာတွေပဲ ဖြစ်နေတတ်တယ်။ #လိုချင်တာတွေ ဦးစားပေးရင် အလိုမကျတာတွေ ပိုများတတ်တယ်။ #စိတ်လိုက်မာန်ပါ ဆုံးဖြတ်မိရင် မကျေနပ်တာတွေ ပိုများတတ်တယ်။ #ဖြစ်ပြီးတာတွေ စဉ်းစားနေရင် နောင်တနဲ့ သောကကို ပိုဖြစ်စေတတ်တယ်။ မနာပ ဒါယီ အရှင်ဝိစိတ္တ

ကိုယ်ကောင်းဖို့တော့ လိုတာပေါ့ – Manapadayi Ashin Vicitta

“ကိုယ်ကောင်းဖို့တော့ လိုတာပေါ့” ~~~~~~~~~~~~~~~~~~~~~~~ #ကိုယ့်သိက္ခာ ကိုယ်ယုံရင် ဘယ်သူ့ကိုမှ ကြောက်စရာမလိုပါဘူး။ #ကိုယ့်အရည်အချင်း ကိုယ်ယုံရင် ဘယ်သူ့ကိုယ်မှ မနာလိုဖြစ်စရာ မရှိပါဘူး။ #ကိုယ့်လိပ်ပြာ ကိုယ်သန့်နေရင် ဘယ်သူ့ကိုမှ ရှင်းပြစရာ မလိုပါဘူး။ #ကိုယ့်စေတနာ ကိုယ်မှန်နေရင် ဘယ်သူ့ကိုမှ ဟန်လုပ်စရာမလိုပါဘူး။ [မနာပ ဒါယီ အရှင်ဝိစိတ္တ]

ရတနာသုတ် စာတန်းထိုးကို စာသားဖတ်၍ ပူဇော်လိုသူများအတွက် – အရှင်ဥတ္တမ(သစ္စာရွှေစည်)

ယာနီဓ ဘူတာနိ သမာဂတာနိ, ဘုမ္မာနိ ဝါ ယာနိ ဝ အန္တလိက္ခေ၊
သဗ္ဗေဝ ဘူတာ သုမနာ ဘဝန္တု, အထောပိ သက္ကစ္စ သုဏန္တု ဘာသိတံ။
၂။
တသ္မာ ဟိ ဘူတာ နိသာမေထ သဗ္ဗေ, မေတ္တံ ကရောထ မာနုသိယာ ပဇာယ၊
ဒိဝါ စ ရတ္တော စ ဟရန္တိ ယေ ဗလိံ, တသ္မာ ဟိ နေ ရက္ခထ အပ္ပမတ္တာ။
၃။
ယံ ကိဉ္စိ ဝိတ္တံ ဣဓ ဝါ ဟုရံ ဝါ, သဂ္ဂေသု ဝါ ယံ ရတနံ ပဏီတံ၊
န နော သမံ အတ္ထိ တထာဂတေန, ဣဒမ္ပိ ဗုဒ္ဓေ ရတနံ ပဏီတံ၊
ဧတေန သစ္စေန သုဝတ္ထိ ဟောတု။
၄။
ခယံ ဝိရာဂံ အမတံ ပဏီတံ, ယဒဇ္ဈဂါ သကျမုနီ သမာဟိတော၊
န တေန ဓမ္မေန သမတ္ထိ ကိဉ္စိ, ဣဒမ္ပိ ဓမ္မေ ရတနံ ပဏီတံ၊
ဧတေန သစ္စေန သုဝတ္ထိ ဟောတု။
၅။
ယံ ဗုဒ္ဓသေဋ္ဌော ပရိဝဏ္ဏယီ သုစိံ, သမာဓိမာနန္တရိကညမာဟု၊
သမာဓိနာ တေန သမော န ဝိဇ္ဇတိ, ဣဒမ္ပိ ဓမ္မေ ရတနံ ပဏီတံ၊
ဧတေန သစ္စေန သုဝတ္ထိ ဟောတု။
၆။
ယေ ပုဂ္ဂလာ အဋ္ဌ သတံ ပသတ္ထာ, စတ္တာရိ ဧတာနိ ယုဂါနိ ဟောန္တိ၊
တေ ဒက္ခိဏေယျာ သုဂတဿ သာဝကာ, ဧတေသု ဒိန္နာနိ မဟပ္ဖလာနိ၊
ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ, ဧတေန သစ္စေန သုဝတ္ထိ ဟောတု။
ရ။
ယေ သုပ္ပယုတ္တာ မနသာ ဒဠှေန, နိက္ကာမိနော ဂေါတမသာသနမှိ၊
တေ ပတ္တိပတ္တာ အမတံ ဝိဂယှ, လဒ္ဓါ မုဓာ နိဗ္ဗုတိံ ဘုဉ္ဇမာနာ၊
ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ, ဧတေန သစ္စေန သုဝတ္ထိ ဟောတု။
၈။
ယထိန္ဒခီလော ပထဝိဿိတော သိယာ, စတုဗ္ဘိဝါတေဟိ အသမ္ပကမ္ပိယော၊
တထူပမံ သပ္ပုရိသံ ဝဒါမိ, ယော အရိယသစ္စာနိ အဝေစ္စ ပဿတိ၊
ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ, ဧတေန သစ္စေန သုဝတ္ထိ ဟောတု။
၉။
ယေ အရိယသစ္စာနိ ဝိဘာဝယန္တိ, ဂမ္ဘီရပညေန သုဒေသိတာနိ၊
ကိဉ္စာပိ တေ ဟောန္တိ ဘုသံ ပမတ္တာ, န တေ ဘဝံ အဋ္ဌမမာဒိယန္တိ၊
ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ, ဧတေန သစ္စေန သုဝတ္ထိ ဟောတု။
၁၀။
သဟာဝဿ ဒဿနသမ္ပဒါယ,တယဿု ဓမ္မာ ဇဟိတာ ဘဝန္တိ၊
သက္ကာယဒိဋ္ဌီ ဝိစိကိစ္ဆိတဉ္စ, သီလဗ္ဗတံ ဝါပိ ယဒတ္ထိ ကိဉ္စိ။
၁၁။
စတူဟပါယေဟိ စ ဝိပ္ပမုတ္တော, ဆစ္စာဘိဌာနာနိ အဘဗ္ဗ ကာတုံ၊
ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ, ဧတေန သစ္စေန သုဝတ္ထိ ဟောတု။
၁၂။
ကိဉ္စာပိ သော ကမ္မ ကရောတိ ပါပကံ, ကာယေန ဝါစာ ဥဒ စေတသာ ဝါ၊
အဘဗ္ဗ သော တဿ ပဋိစ္ဆဒါယ,အဘဗ္ဗတာ ဒိဋ္ဌပဒဿ ဝုတ္တာ၊
ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ, ဧတေန သစ္စေန သုဝတ္ထိ ဟောတု။
၁၃။
ဝနပ္ပဂုမ္ဗေ ယထ ဖုဿိတဂ္ဂေ, ဂိမှာနမာသေ ပဌမသ္မိံ ဂိမှေ၊
တထူပမံ ဓမ္မဝရံ အဒေသယိ,နိဗ္ဗာနဂါမိံ ပရမံ ဟိတာယ၊
ဣဒမ္ပိ ဗုဒ္ဓေ ရတနံ ပဏီတံ, ဧတေန သစ္စေန သုဝတ္ထိ ဟောတု။
၁၄။
ဝရော ဝရညူ ဝရဒေါ ဝရာဟရော, အနုတ္တရော ဓမ္မဝရံ အဒေသယိ၊
ဣဒမ္ပိ ဗုဒ္ဓေ ရတနံ ပဏီတံ, ဧတေန သစ္စေန သုဝတ္ထိ ဟောတု။
၁၅။
ခီဏံ ပုရာဏံ နဝ နတ္ထိ သမ္ဘဝံ, ဝိရတ္တစိတ္တာယတိကေ ဘဝသ္မိံ၊
တေ ခီဏဗီဇာ အဝိရူဠှိဆန္ဒာ, နိဗ္ဗန္တိ ဓီရာ ယထာယံ ပဒီပေါ၊
ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ, ဧတေန သစ္စေန သုဝတ္ထိ ဟောတု။
၁၆။
ယာနီဓ ဘူတာနိ သမာဂတာနိ, ဘုမ္မာနိ ဝါ ယာနိ ဝ အန္တလိက္ခေ၊
တထာဂတံ ဒေဝမနုဿပူဇိတံ, ဗုဒ္ဓံ နမဿာမ သုဝတ္ထိ ဟောတု။
၁၇။
ယာနီဓ ဘူတာနိ သမာဂတာနိ, ဘုမ္မာနိ ဝါ ယာနိ ဝ အန္တလိက္ခေ၊
တထာဂတံ ဒေဝမနုဿပူဇိတံ, ဓမ္မံ နမဿာမ သုဝတ္ထိ ဟောတု။
၁၈။
ယာနီဓ ဘူတာနိ သမာဂတာနိ, ဘုမ္မာနိ ဝါ ယာနိ ဝ အန္တလိက္ခေ၊
တထာဂတံ ဒေဝမနုဿပူဇိတံ, သံဃံ နမဿာမ သုဝတ္ထိ ဟောတု။

“ရင့်ကျက်မူ အပြည့်နဲ့ ဘဝခရီးကို သွားနိုင်ရမယ်” သစ္စာရွှေစည်ဆရာတော်

“ရင့်ကျက်မူ အပြည့်နဲ့ ဘဝခရီးကို သွားနိုင်ရမယ်” သစ္စာရွှေစည်ဆရာတော် ကြာချိန်- ၆မီနစ်၊ ၃၆စက္ကန့်

အနောက်တိုင်းက လူဝင်စားတွေအကြောင်း – သစ္စာရွှေစည်ဆရာတော်

❝ အနောက်တိုင်းက လူဝင်စားတွေအကြောင်း ❞ သစ္စာရွှေစည်ဆရာတော် တစ်ဘဝပြီး တစ်ဘဝတရားတော်မှ ကြာချိန် ၁၀မီနစ်၊ ၃၇စက္ကန့်

သင်္ဂဟ တရား ၄ ပါး – သစ္စာရွှေစည်ဆရာတော်

Quote

သင်္ဂဟ တရား (၄)ပါး
၁။ဒါန= စွန့်ကြဲပေးကမ်းလှူဒါန်းခြင်း
၂။ပီယာဝဇ္ဇ=ချစ်ခင်ဖွယ် ချိုသာယဉ်ကျေးသော စကား ပြောဆိုခြင်း။
၃။အတ္ထစရိယ= သူများအကျိုး ကူညီပံပိုး ဆောင်ရွက်ခြင်း။
၄။သမာနတ္တာ= တန်းတူရည်တူ သဘောထား(နေထိုင် ဆက်ဆံခြင်း)
ဟူ၍ သင်္ဂဟတရားလေးပါးရှိ၏။
အင်္ဂုတ္တိုရ် ပါဠိတော်တွင် ဗုဒ္ဇ္ဓမြတ်စွာ ဖွင့်ဆိုဟောကြားတော်မူခဲပါသည်။

မြတ်စွာဘုရားနှင့် နီးသူ – သစ္စာရွှေစည်ဆရာတော်

ꕥ မြတ်စွာဘုရားနှင့် နီးသူ ꕥ တဏှာရှိမယ်၊ မငြိမ်းချမ်းဘူး၊ မက်မောမူ ရှိမယ်။ ဒါဆိုရင် ဘုရားနှင့် ဝေးတယ်။ တဏှာ မရှိဘူး၊ ငြိမ်းချမ်းမူ ရှိတယ်၊ မက်မောမူ မရှိဘူးဆိုရင်တော့ မြတ်စွာဘုရားနှင့် နီးတယ်။ သစ္စာရွှေစည်ဆရာတော် ကြာချိန် ၉ မိနစ် ၅၅ စက္ကန့်

ဆရာတော် ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ၏ ဘုရားရှိခိုး

12144809_1634692086785352_4635180253166146874_n

” ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး ဘုရားရှိခိုး ”

ယော ကပ္ပကောဋီဟိပိ အပ္ပမေယျံ၊

ကာလံ ကရောန္တော အတိဒုက္ကရာနိ။

ခေဒံ ဂတော လောကဟိတာယ နာထော၊

နမော မဟာကာရုဏိကဿ တဿ။ယော နာထော – ဝေနေယျများစွာ သတ္တဝါတို့၏ ချမ်းသာစီးပွား

လိုလားတောင့်တ ဂုဏ်ပေါင်းခသဖြင့် နာထမည်ငြားအကြင်ရှင်တော်မြတ်ဘုရားသည်၊

ကပ္ပကောဋီဟိပိ – ကုဋေကမ္ဘာ အရေတွက်သင်္ချာတို့ဖြင့်သော်လည်း

အပ္ပမေယျံ – ရေတွက်တိုင်းတာ ဖော်ပြခြင်းငှာ မစွမ်းနိုင်ပါသော၊

ကာလံ – လေးအသင်္ချေ သိန်းနေကမ္ဘာ ရှည်ကြာသော ကာလပတ်လုံး၊

လောကဟိတာယ – သတ္တလောက၏ အကျိုးစီးပွားအလို့ငှာ၊

အတိဒုက္ကရာနိ – ဥစ္စာအသက် ခြေလက်အင်္ဂါ မေတ္တာကြီးမား

သမီးသားနှင့် သက်ထားဇနီး စွန့်ခြင်းကြီးဟု ကြက်သီးထဖွယ်

ငါးသွယ်အစု အလွန်ခဲယဉ်းသော အမှုတို့ကို ၊

ကရောန္တော – ဘုရားဖြစ်ရန် ရည်သန်ကြိုးကုတ်

အားထုတ်တော်မူရသည် ဖြစ်၍၊

ခေဒံ – လက်ခြေမျက်လုံး အသက်ဆုံးလျက် နှလုံးစိတ်ဝမ်း

ကိုယ်တော်၏ ပင်ပန်းခြင်းသို့ ၊

ဂတော – ဘဝအတန်တန် ကြိမ်ဖန်များစွာ ရောက်တော်မူခဲ့ရ ရှာလေပြီ။

မဟာကာရုဏိကဿ – သတ္တဝါအများ ရင်ဝယ်သားကဲ့သို့

သနားချစ်ခင် မဟာကရုဏာရှင် ဖြစ်တော်မူသော ၊

တဿ နာထဿ – ဝေနေယျများစွာ သတ္တဝါတို့၏ ချမ်းသာစီးပွား

လိုလားတောင့်တ ဂုဏ်ပေါင်းခသဖြင့် နာထမည်ငြား

ထို ရှင်တော်မြတ်ဘုရားအား၊

နမော – ရိုသေ ပျောင်းပျော့ မာန်ကို လျှော့၍ ကန်တော့ ရိုကျိုး

ရှိခိုးခြင်းသည် အတ္ထု ဘဝတု – စင်စစ်မသွေ ဖြစ်ပါစေသတည်း။

“သာဓု .. သာဓု .. သာဓု”

ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်ကြီး

ဒေါက်တာနန္ဒမာလာဘိဝံသ

မေတ္တာပို့

ဓမ္မောသဓံ ပိဝိတွာန၊

ဝိသာ သဗ္ဗေ သမူဟတာ။

အဇရာမရံ သီတိဘာဝံ၊

နိဗ္ဗာနံ ယန္တု သာဓဝေါ။

ဓမ္မောသဓံ- လောဘ ဒေါသ မောဟ အဆိပ်အတောက် ကင်းပျောက် ကြည်အေး တရားဆေးကို ၊ပိဝိတွာန- ဝမ်းသာရွှင်ပျ သောက်ကြရ နာကြရ ကုန်သောကြောင့်၊ ဝိသာ သဗ္ဗေ- ပူဆာညစ်နောက် ကိလေသာ အဆိပ်အတောက်ဟူသမျှတို့သည်၊ သမူဟတာ- ပိန်းကြာဖက်တွင် ရေမတင်သကဲ့သို့ ကင်းစင်လွင့်ပျောက် ဘေးမရောက်အောင် ပယ်ဖျောက်အပ်ကုန်သည်၊ဟောန္တု- စင်စစ်မသွေ ဖြစ်ကြပါစေကုန်သတည်း။ အဇရာမရံ – အိုခြင်းလည်းကွာ နာခြင်းလည်းကင်း သေခြင်းလည်း ရှင်းထသော၊ သီတိဘာဝံ- ကိလေသာဟူ၊ အပူခပ်သိမ်း ကင်းငြိမ်းရာ အစစ်ဖြစ်ပေထသော၊နိဗ္ဗာနံ- နိဗ္ဗာန်ဟုခေါ် အေးမြို့တော်သို့ ၊ သာဓဝေါ- တရားချစ်ခင် စိတ်ကောင်းဝင်ငြား သူတော်စင် အများတို့သည်၊ ယန္တု- ပါရမီအဆင့်ဆင့် မြင့်ထက်မြင့်၍ မလင့်ပုံသေ ဆိုက်ရောက်တော် မူကြပါစေ ကုန်သတည်း။

မေတ္တာပို့

ဖုလ္လ န္တာ သုခပင်္ကဇာ၊ မေတ္တာပုဏ္ဏိန္ဒု သင်္ဂမာ။

မနောသရသိ သဗ္ဗေသံ၊ ပဝါယန္တု သုဂန္ဓကာ။

မေတ္တာပုဏ္ဏိန္ဒု သင်္ဂမာ- စုပေါင်းပို့အပ် ၊ မေတ္တာဓာတ်ဟူ၊ ရောင်မြူပဝင်း၊ ငွေလမင်းနှင့် ၊ ရောင်းချင်း ယှက်ရုံ ၊ပေါင်းစုံရခြင်းကြောင့် ၊ သဗ္ဗေသ- အကြွင်းမဲ့ ဥဿုံ၊ လုံစုံများစွာ ၊သတ္တဝါတို့၏ ၊ မနောသရသ- မြင့်မြတ်ဖြူစင် ၊အေးကြည်လင်သည့်ရေစင်ပြည့်တင်း၊ စိတ်နှလုံးတည်းဟူသော ရေအိုင်ကြီးအတွင်း၌၊ သုခပင်္ကဇာ- အစဉ်ထာဝရ၊ အေးမြကြည်သာ၊ သာယာပွင့်လန်း ချမ်းသာသုခ တည်းဟူသော ကုမုဒြာ ကြာပန်းတို့သည်၊ ဖုလ္လ န္တာ- ဝမ်းသာရွှင်မြူး ၊ဝတ်မှုန်လူးလျှက် ကြည်နူး ဖွယ်ကြုံ ၊ ဖူးပွင့်ကြကုန်သည်ဖြစ်၍ ၊သုဂန္ဓကာ- လေအောက်လေထက်၊ ရောယှက်သင်းပျံ့ ၊ပီတိတည်းဟူသော ရနံ့တို့သည် ၊ ပဝါယန္တု – ကောင်းစွာမသွေ ကြိုင်လှိုင်၍ နေကြပါစေ ကုန်သတည်း။

သတ္တဝါများစွာ ဘေးရန်ကွာ ချမ်းသာကြပါစေ

မေတ္တာရေချမ်း သွန်းကာဖျန်း ငြိမ်းချမ်းကြပါစေ

သက်ရှည်ကျန်းမာ စိတ်ချမ်းသာ လိုရာဆန္ဒ ပြည့်ပါစေ

 

တရားအားထုတ်တဲ့အခါ………

12717176_1512955795673555_4379683170410025402_n

တရားအားထုတ်တဲ့အခါမှာ ကြိုးစားအားထုတ်မှု အပိုင်းလေးကို တစ်ချို့သော ပုဂ္ဂိုလ်တွေလည်းပဲ
ဣရိယာပုတ် တစ်မျိုးတည်းမှာ အသေထားပြီးတော့ ရှု့တက်ကြတယ်။
အချိန်တော်တော်များကို ဣရိယာပုတ် တစ်မျိုးတည်းနဲ့ကြိုးစားရှု့ပွားရင်းနဲ့
ခန္ဓာကိုယ်ပေါ်မှာ ကြာကြာထိုင်ရင်လည်းပဲ နာတာ ကျဉ်တာ မခံရပ်နိုင်အောင်ပေါ်သလိုပဲ။
ကြာကြာရပ်ရင် ကြာကြာလှောင်းရင်လည်းပဲ ညောင်းတာကိုက်တာ မခံရပ်နိုင်အောင် ပေါ်တာပါပဲ။

အဲ့သလို ပေါ်လာတဲ့ အခါမျိုးမှာ
ငါ့ကွာ…ဝေဒနာနှိပ်စက်လိုက်တာ
တရားအားထုတ်ရတာ ဒီဝေဒနာကို မကျော်နိုင်ဘူး။
ဒီဝေဒနာကို ပေရှု့လို့ကို မရဘူး လို့ဖြစ်နေကြတဲ့ သူတော်စင်များကို
ဝေဒနာရဲ့ သဘောလေးကိုလည်းပဲ ရှင်းပေးသွားမယ်။

တရားကို သဘောမပေါက်ဘဲနဲ့ သူများပါးစပ်ဖျား လမ်းဆုံးပြီးတော့ ပေတေရှု့ခဲ့ရင်လည်း
အကျိုးမများဘဲ တရားနဲ့ဝေးစေတဲ့ အပြစ်တွေသင့်စေပုံလည်း ရှင်းပေးပါ့မယ်။
အလွန် အရေးကြီးပါတယ်။
ဒီတရားရှု့ကွက်သည် အများသူငါအတွက် အလွန်ကျေးဇူးများသလို
တရားတွေကို ရိပ်သာမှာ အားမထုတ်နိုင်တဲ့ ပုဂ္ဂိုလ်များကို
ကိုယ့်အိမ်ကိုယ့်ယာမှာ အားထုတ်ရင်းနဲ့သဘောပေါက်လိုက်ရင်
လွယ်ကူတဲ့ အသိဉာဏ်ကို အချိန်မရွေးကိန်းသွားနိုင်ပါတယ်။

တရားဆိုတာ သဘောပေါက်ရင် သိပ်လွယ်တယ်ကွာ။
သက်သောင့် သက်သာနဲ့ကို တစ်ကယ်ကို သိနိုင်ပါလား၊
အဲ့တာလေးကိုလည်း သဘောပေါက်အောင်
ရှေ့ပိုင်းက ကိုယ်နဲ့စပ်ပြီး ပေါ်တဲ့ တရားကို ရုပ်တရားလို့သင်ပေးထားတယ်။
မိမိတို့က အခုချိန်ခါမှာ ထိုင်တာတွေကြာလာတယ်၊ရပ်တာတွေကြာလာတယ်၊
နာတာတွေက တစ်ရိပ်ရိပ်နဲ့ကြီးထွားလာတယ်။
ကျဉ်တာ ကိုက်တာတွေကလည်း ကြီးထွားလာတော့
မခံမရပ်နိုင်အောင် ဖြစ်ရင် ဝေဒနာဆိုပြီးတော့ ပြောင်းရှု့လိုက်တယ်။

တကယ်တမ်းကျတော့
ကိုယ်ပေါ်မှာ အာရုံစိုက်ပြီး
နာတာလေးရဲ့ သဘောကို ကြည့်ပြီး ရှု့နေရင် ရုပ်တရားပါ။
အဲ့ဒီအာရုံကို မခံသာတဲ့ အနေနဲ့ ခံစားတဲ့ အပိုင်းကို အာရုံညွတ်ပြီး ရှု့မယ်ဆိုရင်
ဝေဒနာဘက်ကို ဉာဏ်ရောက်ပါတယ်။
နာတာသည် ဝေဒနာမဟုတ်ပါ။
ကျဉ်တာ ကိုက်တာ ခဲတာသည် ဝေဒနာမဟုတ်ပါ။
နာတယ်ဆိုတာ ကိုယ်နဲ့စပ်ပြီး ဖောက်ပြန်တာပါ။
ကျဉ်တယ်ဆိုတာ ကိုယ်နဲ့စပ်ပြီး ဖောက်ပြန်တာပါ။
ကိုက်တယ် ခဲတယ်ဆိုတာလည်း ကိုယ်နဲ့စပ်ပြီးဖောက်ပြန်တာမလို့ ရုပ်တရားဖြစ်ပါတယ်။
အဲ့ဒီနာတာက ကြီးထွားလာတဲ့ အတွက်ကြောင့်မို့လို
ဒီနာတယ်အပေါ်မှာ ဖောက်ပြန်တယ်လို့နှလုံးသွင်းမှန်အောင် ကိုယ်က ဉာဏ်မရောက်တဲ့အတွက်
ဒူး၊ပေါင်၊ခါးဆိုတဲ့ အထည်ပညတ်ပေါ်မှာ နှလုံးသွင်းပြီး အာရုံပြုလိုက်တဲ့ အတွက်ကြောင့်မို့လို
နာလိုက်တာ မခံနိုင်ဘူး၊
ငါ့ဒူး ငါ့ပေါင် ဖြစ်သွားတယ်။
အဲ့ဒီအချိန်ခါမှာ “ ဖောက်ပြန်တဲ့ ရုပ်တရား” နဲ့ငါ” ရောသွားတယ်။

“ငါ ”ရောသွားတော့ “ ငါ ”က မခံနိုင်ဘူးဆိုတော့
“ ဝေဒနာ” ကိုပါ “ ငါ ”လုပ်ပြစ်လိုက်တယ်။
အဲ့ဒီပုဂ္ဂိုလ် “ ဒိဋ္ဌိ” ဖြစ်သွားတယ်။

တကယ်တမ်းပြန်ကြည့်တော့….
ကိုယ်နဲ့စပ်ပြီး
နာစ,လေးလည်း ဖောက်ပြန်နေတာ။
နာမှု အလယ်အလတ်လေးလည်း ဖောက်ပြန်နေတာ။
အနာကြီး ကြီးလာလည်း ဖောက်ပြန်နေတာ။
အဲ့ဒီဖောက်ပြန်တဲ့ သဘောလေးကို ဉာဏ်ရောက်ရင် အနာသေးလေးချုပ်ပြီး အနာလတ်လေးအစားထိုးကာ
အနာလတ်လေးချုပ်ပြီး အနာကြီးကြီး အစားထိုးကာ
မြင်အောင်ကြည့်ရင် မခံနိုင်ဘူးဆိုတာ မလာတော့ဘူး။
ဒီပေါ်မှာ ကြိုက်လှချေရဲ့ဆိုတဲ့ သဘောတွေလည်း မကိန်းတော့ဘူး။
အမြင်ရှင်းတဲ့ ဉာဏ်လေးက အရှိကို အရှိအတိုင်းမြင်သွားလို့
ရုပ်ရှု့ကွက် အပေါ်မှာ
ဖြစ်ပျက်ကို ကောင်းစွာမြင်သွားတာပါ။

အဲ့တာကို သဘောမပေါက်တဲ့အတွက်ကြောင့်မို့
စထိုင်တုန်းက ပြလာတဲ့ နာစ, အသေးလေးကိုတော့ ခံသာတဲ့အတွက်ကြောင့်
မိမိက သက်သောင့်သက်သာနဲ့ရှုနိုင်တဲ့အခါမှာ မေ့နေတယ်။
နာတာကြီး ကြီးထွားလာတဲ့အခါကျမှ
မခံမရပ်နိုင်ဖြစ်ပြီး ငါ့ကွာ….ဝေဒနာနှိပ်စက်လိုက်တာ၊တစ်ချိန်လုံးမှာ တရားကို အားထုတ်လို့မရဘူး။
သက်သောင့်သက်သာလေးနဲ့ဖြစ်ပြီးတော့ ပြီးသွားပြန်ရင်လည်း အိုး..ငါ ထိုင်လို့ကောင်းလိုက်တာ၊
တရားကွာ….ထိုင်ရတာ ဝေဒနာတောင် မပေါ်ဘူး။
ဘာနဲ့တိုင်းတာနေလည်း မေးတော့ နာတာ ကျဉ်တာနဲ့တိုင်းတာနေတာ။
အလွဲကြီး လွဲနေပါတယ်။
တကယ်တမ်းကျတော့ ဝေဒနာသည် အချိန်တိုင်းမှာ စိတ်ရှိရင် ဝေဒနာရှိပါတယ်။
စိတ်ဖြစ်ရင် ဝေဒနာဖြစ်ပါတယ်။
ဝေဒနာ မဖြစ်တဲ့အချိန် ရှိကို မရှိဘူး။
အဲ့တာလေးကို သေချာ သဘောပေါက်စေချင်ပါတယ်။

ဝေဒနာဆိုတာ ရုပ်မဟုတ်ပါဘူး၊ နာမ်တရားပါ။
နာမ်ဆိုတဲ့ ဝေဒနာလေးသည် စိတ်မှာပဲ ပေါ်ပါတယ်။
အဲ့ဒီစိတ်မှာ ပေါ်တဲ့ ဝေဒနာလေးကို မိမိက အာရုံစိုက်ပြီး
ခံစားမှု အပိုင်းမှာ သေချာ အာရုံပြုရင်
ခုန နာတယ်ဆိုတဲ့ နာစ , လေးကို
ခံသာရင် သုခ၊ အနာကြီး နာသွားလို့ မခံသာရင် ဒုက္ခ၊
သညာကနေ သတ်မှတ်ပေးလိုက်တယ်။
သုခ လို့သတ်မှတ်ပေးတဲ့ အာရုံကို ဝေဒနာက ခံစားလိုက်တယ်။
ဒုက္ခလို့သတ်မှတ်ပေးတဲ့ အာရုံကို ဝေဒနာက ခံစားလိုက်တယ်။
ခံစားတာက ဝေဒနာပါ ။
ငါ ကောင် သူကောင် မဟုတ်ပါဘူး။
သုခကို အာရုံပြုပြီး ခံစားတော့ သုခဝေဒနာလို့ အမည်တပ်တယ်။
ဒုက္ခကို အာရုံပြုပြီး ခံစားတော့ ဒုက္ခဝေဒနာလို့အမည်တပ်တယ်။
သုခသည် ဝေဒနာမဟုတ်ပါဘူး။
ဒုက္ခသည် ဝေဒနာမဟုတ်ပါဘူး။
ဝေဒနာသည် ဒုက္ခမဟုတ်သလို ဝေဒနာသည် သုခ မဟုတ်ပါဘူး။
ဒုက္ခဆိုတာ အာရုံ၊ သုခဆိုတာ အာရုံ။
ကိုယ်နဲ့စပ်ပြီး ဖောက်ပြန်နေတဲ့ ရုပ်တရားပါ။
ဒီအာရုံကို ပြုပြီး ခံစားတာမှ ဝေဒနာပါ။

အဲ့တာကြောင့်မို့ရုပ်ထဲမှာလည်း ဖောက်ပြန်တာရယ်၊ ပျက်စီးတာရယ်။
ခံစားတာမှာလည်း ဖောက်ပြန်တာရယ်၊ပျက်စီးတာရယ်အဲ့တာလေးပဲရှိပါတယ်။
အဲ့တာလေးကိုသိရင် ရုပ်ထဲမှာလည်း ငါ မရောဘူး။
ဝေဒနာထဲမှာလည်း ငါ မရောဘူး။
အဲ့ဒီပုဂ္ဂိုလ်သည် တရားသဘောပေါက်တဲ့ ပုဂ္ဂိုလ်။
တရားသဘောပေါက်တဲ့ ပုဂ္ဂိုလ်သည်
တစ်နာရီပဲထိုင်ထိုင်၊နှစ်နာရီပဲ ထိုင်ထိုင် တစ်နေ့လုံးပဲထိုင်ထိုင် ကျေးဇူးများပါတယ်။

ရုပ်နဲ့ဝေဒနာလည်း မကွဲဘူး၊
ငါနဲ့ရုပ်လည်း ရောနေတယ်၊
ငါနဲ့ဝေဒနာတွဲနေတဲ့ ပုဂ္ဂိုလ် သဘောမပေါက်ရင် တစ်နာရီပဲထိုင်ထိုင်
နှစ်နာရီပဲထိုင်ထိုင် တစ်နေကုန်ပဲထိုင်ထိုင် မခံမရပ်နိုင်ပေါ်လာလည်းပဲ
မပြောင်းမပြင်ဘဲနဲ့ ပေတေရှု့နေတဲ့အတွက်ကြောင့်မို့
ပေရှု့ရင် အပြစ်လေးချက် သင့်ပါတယ်။
သေချာ သဘောပေါက်ပါစေ။
တရားရှု့တယ်ဆိုတာ ကိုယ်ကို လာညှဉ်းဆဲတာမဟုတ်ဘူး။
ကိုယ်ကို လာပြီး အပင်ပန်းခံတာမဟုတ်ပါဘူး။
ဒီခန္ဓာမှာ ပြနေတဲ့ အရှု့ခံတရားတွေရဲ့ ခန္ဓာဒုက္ခကို သိချင်လို့လာကြတာပါ။
ခန္ဓာ့ဒုက္ခကို သိဖို့အတွက် ရုပ်ဖောက်ပြန်လည်း ဒုက္ခပြတာ။
ဝေဒနာခံစားလည်း ဒုက္ခပြတာ။
ခန္ဓာ မှန်သမျှ ဒုက္ခသစ္စာဖြစ်ပါတယ်။

(ပုညာရာမမိုးကုတ်ဝိပဿနာကျောင်းတိုက်မှ
ဆရာတော် ဗဟုဇနဟိတဓရ ဓမ္မကထိက
“ အရှင်ပုညာနန္ဒ”

အလုပ်ပေးတရားတော်မှ ရေးသားပူဇော်သည်)

 

အဆူဆူသော မြတ်စွာဘုရားများ၏ ဆုံးမစကား

12074799_469770109877025_5801760560122069849_n

လေရဲ့အင်အားက မုန်တိုင်းတွေဖြစ်ပေါ်တဲ့အခါ အင်မတန်ကြီးမားကြောင်း သိနိုင်တယ်
ရေရဲ့အင်အားက သမုဒ္ဒရာထဲမှာ ဧရာမ လှိုင်းလုံးကြီးတွေ ဖြစ်တဲ့အခါ သိနိုင်တယ်
မြေရဲ့အင်အားက မဟာပထဝီမြေကြီးက ငလျှင်လှုပ်တဲ့အခါ သိနိုင်တယ်
မီးရဲ့အင်အားက လောင်ကျွမ်းတဲ့အခါ သိနိုင်တယ်
သဘာဝဆိုတာ လွပ်လပ်လေ အင်အားပိုကြီးမာလေပါပဲ
စိတ်ဆိုတာလည်း အစွဲကင်းလေ လွပ်လပ်လေ အင်အားကြီးလေပါပဲ။

ချစ်ခြင်းမှာလဲ အစွမ်းသတ္တိနဲ့
မုန်းခြင်းမှာလဲ အစွမ်းသတ္တိနဲ့
နှစ်ခုစလုံး မသက်သာဘူး
သတ္တဝါတွေကို ပင်ပန်းစေတယ်
ချစ်ခြင်း မုန်းခြင်း မရှိ
မေတ္တာသည်သာ အကောင်းဆုံး

ငါတည်းဟူသော အကြောင်းကြောင့် ဘယ်သတ္တဝါမှ အဘယ်သို့သော စိုးစဉ်းမျှ ပူပန်ဆင်းရဲမှု မဖြစ်ပါစေနဲ့။

လူက ထိုင်နေပေမယ့် စိတ်က လျှောက်သွားနေတယ်။
လူက ငြိမ်နေပေမယ့် စိတ်က ဂဏာမငြိမ်ဖြစ်နေတယ်။

လောကမှာ အိုသည့်တိုင်အောင် ကောင်းတဲ့အရာ- ကိုယ်ကျင့်သီလ
ဘယ်အရာတည်တံ့ခိုင်မြဲနေရင် ကောင်းလဲ- သဒ္ဓါတရား
ဘယ်အရာသည် ရတနာလဲ – ပညာ
ဘယ်အရာသည် ရန်သူမျိုးငါးပါး လုယူ မဖျက်စီးနိုင်လဲ- ကုသိုလ်ကောင်းမှု

နောင်တရတယ်ဆိုရင် ကိုယ်နဲ့ထိတွေ့ဆက်ဆံနေတဲ့သူအတွက်နဲ့
ကိုယ့်ပတ်ဝန်းကျင်က လူတွေအတွက်နဲ့ နောင်တရတာများပါတယ်
ကိုယ်မသိတဲ့သူအတွက်နဲ့ နောင်တရတယ်ဆိုတာ မရှိသလောက် ရှားပါတယ်။

ကမ္ဘာကြီးရဲ့ အချိန်တစ်ခုတည်းမှာ
သတ္တဝါတွေ မွေးဖွားလာကြတယ်
သတ္တဝါတွေ သေနေကြတယ်
သတ္တဝါတွေ အနိုင်ကျင့်ခံနေကြရတယ်
သတ္တဝါတွေ နေရာလုနေကြတယ်
သတ္တဝါတွေ ကြီးနိုင်ငယ်ညှင်း လုပ်နေကြတယ်
သတ္တဝါတွေ အစာအတွက် ရှာဖွေနေကြတယ်
သတ္တဝါတွေ အသက်ရှင်ရေးအတွက် ရုန်းကန်နေကြတယ်
အချိန် နေရာ ဒေသ မျိုးနွယ် အစားအစာ စရိုက် အကျင့်
မတူကွဲပြား မြောက်မြားစွာရှိပေမယ့်
အသားအရောင်တွေ ကွဲပြားပေမယ့်
သဘော သဘာဝချင်းကတော့ အတူတူပါပဲ။

မကောင်းမှုနဲ့ဆင်းရဲဒုက္ခတွဲနေတယ်
ကောင်းမှုနဲ့ချမ်းသာသုခတွဲနေတယ်
အကြောင်းအကျိုးတစ်စုံစီတွဲနေတာပေါ့
ဘယ်သူဖန်ဆင်းထားလို့မှ
မကောင်းမှုလုပ်ရင် ဒုက္ခရောက်စေ
ကောင်းမှုပြုရင် ချမ်းသာစေဆိုပြီး ဖြစ်နေတာမဟုတ်
သဘာဝတရားကြီးကိုက ဒီတိုင်းဖြစ်နေတာ
ငရုပ်သီးစားရင် စပ်ပြီး သကြားစားရင် ချိုသလိုပဲ
မကောင်းမှုဆိုတာ လှည်းဘီးသည် နွားခြေရာနောက်ကို အစဉ်လိုက်သကဲ့သို့
ကောင်းမှုသည်လည်း အရိပ်သည်ကိုယ်နှင့်မကွာ အစဉ်လိုက်ပါတယ်။

အဆူဆူသော မြတ်စွာဘုရားများ၏ ဆုံးမစကား
မကောင်းမှုရှောင် ကောင်းမှုဆောင် ဖြူအောင် စိတ်ကိုထားဆိုပြီး ဆုံးမခဲ့တယ်။
ဒီအဆုံးအမ သုံးချက်သည် အလွန်တရာကျယ်ဝန်းနက်နဲသော မြတ်စွာဘုရားတို့၏ အနှစ်ချုပ်အဆုံးအမလို့ ဆိုနိုင်ပါတယ်။
ဒီထက်ကောင်းတဲ့တရား ဒီထက်ပြည့်စုံတဲ့ တရားမရှိပါ။

မကောင်းမှုရှောင်ဆိုတာ မဆင်းရဲစေချင်လို့
ကောင်းမှုဆောင်ဆိုတာ ချမ်းသာစေချင်လို့
စိတ်ကိုဖြူအောင်ထားခိုင်းတာ စိတ်အရည်အသွေးမြင့်မားလာစေချင်လို့
ဆင်းရဲဒုက္ခကို လူတိုင်းကြောက်ကြတာပဲ
ချမ်းသာသုခကို လူတိုင်း လိုချင်ကြတာပဲ
စိတ်ရဲ့အရည်အသွေးကို လူတိုင်းမြင့်မားချင်ကြတာပဲ

ကုန်းပေါ်မှာရှိတဲ့ သတ္တဝါတွေအားလုံးရဲ့ ခြေရာထဲမှာ ဆင်ခြေရာသည် အကြီးဆုံး
ဘယ်ကုန်းသတ္တဝါရဲ့ခြေရာကိုမဆို ဆင်ခြေရာထဲမှာထည့်လိုက်ရင် အကျုံးဝင်ပါတယ်
သူတော်ကောင်းတရားတွေအားလုံးထဲမှာ အပမ္မာဒသည် အကြီးကျယ်ဆုံး အသာလွန်ဆုံး အမြင့်မြတ်ဆုံး
ဘယ်သူတော်ကောင်းတရားအားလုံးမဆို အပမ္မာဒဆိုတဲ့ သတိထဲမှာ အကျုံးဝင်ပါတယ်
အလုံးစုံသော ကုသိုလ်ကောင်းမှုတို့သည် အပမ္မာဒဆိုတဲ့ သတိတရားကိုအကြောင်းခံပြီး ဖြစ်ရတာ။
သတိမရှိရင် သီလ၊သမာဓိ၊ ပညာ လည်း မရှိနိုင်။ ထို သီလ သမာဓိ ပညာမရှိရင် သူတော်ကောင်းတရားလည်း မဖြစ်နိုင်။
သတိတစ်လုံး အရှိသုံး အဆုံးနိဗ္ဗာန်ပြည်။

စွဲလမ်းခြင်းမှာ အပြစ်ရှိတယ်
နောင်တစ်ချိန်မှာ ခွဲခွာရတဲ့အခါ ကိုယ့်ကိုယ်ကိုယ် မသက်သာအောင် ဆင်းရဲအောင် ကြိုလုပ်ထားမိလို့။
ကိုယ်စွဲလမ်းတဲ့အရာတွေက မပျက်စီး မြဲနေတာတွေမဟုတ်တဲ့အခါကျတော့
တကယ်ခွဲရတော့မယ်ဆိုတော့ ကိုယ့်ကိုယ်ကို အကြီးအကျယ် ဒုက္ခရောက်စေပါတယ်။

ကိုယ့်မှာ ကုသိုလ်ကောင်းမှုအင်အားနည်းတယ်ဆိုရင် မကောင်းမှုကိုရှောင်ချင်တယ်ဆိုရင်တောင်မှ ရှောင်ဖို့မလွယ်ပါ
ကိုယ်က သည်းခံချင်တယ်ဆိုရင်တောင်မှ ကိုယ့်မှာ အဒေါသ(မေတ္တာ)အားနည်းနေတယ်ဆိုရင် သည်းခံဖို့ မလွယ်ပါ

စွန့်ကြဲပေးကမ်းဖို့ ခဲယဉ်းတယ်
တကယ်ပေးဖို့က ပိုခဲယဉ်းတယ်
တကယ်ပေးပြီး နောင်တ မရဖို့က ပိုခဲယဉ်းတယ်
တကယ်တော့ စွန့်ဝံ့သူသာ အောင်ကြောင်းဖြာ

သာမန်ပုထုဇဉ်တွေ အတွက်တော့
မကောင်းမှု အကုသိုလ်တွေကို လုပ်ရတာ ပိုလွယ်တယ်
လုပ်ရတာ လွယ်နေပြီဆိုရင်လည်း မကောင်းမှု ဖြစ်ဖို့ ပိုများပါတယ်
အလွယ်မက်ရင် အခက်ကြုံမယ်

ကိစ္စသေးသေးလေးကို
မအောင့်အီးနိုင် မစောင့်စည်းနိုင်
မထိန်းသိမ်းနိုင်တဲ့ အတွက်ကြောင့်
ဒုက္ခရောက်နေကြတာ အများကြီးပဲ

လူမျိုးမရွေး ဘာသာမရွေး တိုင်းနိုင်ငံဒေသမရွေး
အားလုံးသော ပုဂ္ဂိုလ်တွေဟာ တညီတည်းသောဆန္ဒက ဘာလဲဆိုရင်
ဒုက္ခကို ရွံ့ မုန်းကြပြီးတော့ သုခကို မြတ်နိုးကြတယ် အလိုရှိကြတယ်
ဒုက္ခကို ရွံ့ မုန်းပြီးတော့ သုခကို လိုလားကြတဲ့ ပုဂ္ဂိုလ်တွေဟာ
ဒုက္ခဖြစ်ကြောင်း(အကုသိုလ် မကောင်းမှု) ကို ရှောင်ခြင်းမှ တစ်ပါး တစ်ခြားနည်းလမ်းမရှိဘူး။

နိုင်ငံ့ခေါင်းဆောင်တွေမှာပဲ ဖြစ်ဖြစ်
တစ်ခြားဘာသာရေးခေါင်းဆောင်တွေမှပဲဖြစ်ဖြစ်
အမွေဆက်ခံသူကို လူပုဂ္ဂိုလ်ကိုပဲ လက်ဆင့်ကမ်း လွှဲပြောင်းပေးကြတယ်
ထူးခြားတာက မြတ်စွာဘုရားကတော့ ဓမ္မကိုပဲ
ကိုယ်စားချန်ထားပြီး သတ္တဝါတွေကို အမွေပေးခဲ့တယ်
သတ္တဝါတွေဟာ ဓမ္မကိုအဖော်ပြုမှ ထာဝရချမ်းသာမယ်ဆိုတာ သိနေလို့ပါပဲ။

လူတွေထုတ်တဲ့ ဥပဒေဆိုတာကတော့ လိုအပ်ရင် လိုအပ်သလို ပြောင်းလဲ ပြင်ဆင်တာတွေ လုပ်လို့ရတယ်ပေါ့။
ဓမ္မဆိုတဲ့ သဘာဝတရား(the law of nature) ကတော့ ဘယ်သူမှ ပြောင်းလဲပစ်လို့ မရဘူး။

ကောင်းမှုကုသိုလ်နဲ့ပတ်သက်လို့
မလုပ်သင့်တဲ့ အချိန်ဆိုတာ မရှိဘူး
မလုပ်သင့်တဲ့ နေရာဆိုတာ မရှိဘူး
မလုပ်သင့်တဲ့ အခြေအနေဆိုတာ မရှိဘူး။

ဖက်ရွက်ခြင်းတူပေမယ့်
ငပိနဲ့ထုပ်ထားတဲ့ ဖက်ရွက်က နံဆော်နေပေမယ့်
စံပယ်ပန်းနဲ့ထုပ်ထားတဲ့ ဖက်ရွက်ကျတော့ မွှေးကြိုင်နေတာပဲ
ကျေးနှစ်ကောင်ပုံပြင်လိုပဲ
မကောင်းတဲ့သူနဲ့ဆုံစည်းရခြင်းက နိမ့်ကျတဲ့ ဘဝကို ရရှိစေပြီး
မြင့်မြတ်သူနဲ့တွေ့ဆုံခွင့်ရခြင်းဟာ အလွန်ပင် တန်ဖိုးရှိလှတယ်။

 

အမြင်ချင်း မတူလို့ ရန်သူလို့လည်း မသတ်မှတ်ရဘူး

12187659_620721138067726_3652283520914890320_n

ဉာဏ်ပညာနုံ့နည်း မိုက်မဲတဲ့ သူတွေဟာ အမိဝမ်းခေါင်း အခါခါအောင်းရတယ်။

ပေးကောင်း၊ တောင်းမုန်း။
ကိုယ်က ပေးနိုင်ရင် ကောင်းတယ်။
ကိုယ်ရစရာရှိတာကို တောင်းရင်တော့ မုန်းတတ်ကြတယ်။
ကိုယ်က သူများဆီက တောင်းရရင် မျက်နှာ ငယ်ရတယ်။
သူများက ကိုယ့်ဆီက တောင်းတာ မပေးနိုင်ရင်လည်း မျက်နှာ ငယ်ရတယ်။

အတိတ် ပစ္စုပန် အနာဂတ်ဆိုပြီး တကယ်ရှိနေတာ မဟုတ်ပဲ
အကြောင်း အကျိုးအနေနဲ့ တကယ်ကွဲနေတာ မဟုတ်ပဲ
ယခု အတိတ်အကြောင်းဆိုပေမယ့် အတိတ်တုန်းကတော့ ပစ္စုပန်အကျိုးဖြစ်နေတာပါပဲ
ယခု ပစ္စုပန်အကျိုးဆိုပေမယ့် အနာဂတ်အတွက်တော့ အတိတ်အကြောင်းဖြစ်နေမှာပါပဲ
မိဘဆိုတာ တစ်ချိန်တုန်းက သားသမီး
ခုနေသာ သားသမီးလို့ပြောပေမယ့် နောင်တစ်ချိန် မိဘဖြစ်လာသလိုပါပဲ
ယောက္ခမဆိုတာ တစ်ချိန်တုန်းက ချွေးမဆိုသလိုပါပဲ
မိဘ သားသမီးဆိုပြီး ဘာကိုမှ အတည်ယူ ဆုပ်ကိုင်လို့မရပါဘူး။
အတိတ် ပစ္စုပန် အနာဂတ်ဆိုပြီး ခွဲခြားလို့မရ ၊ ဆုပ်ကိုင်လို့မရပါ။

ညစ်နွမ်းတဲ့ အဝတ်အပေါ်မှာ ကိုယ်ကြိုက်တဲ့ ဆေးရောင်ကို ခြယ်လို့ မရသလို
ညစ်နွမ်းတဲ့ စိတ်နဲ့ ကိုယ်ကြိုက်တဲ့ ဘဝကောင်းတစ်ခုကို မဖန်တီးနိုင်ပါဘူး
စိတ်ညစ်နွမ်းရင် ဘဝ လည်း ညစ်နွမ်းမယ်

ကိုယ်ရော စိတ်ရော ညီညွတ်ရမယ်တဲ့
လူချင်းကသာ ကပ်ပြီးထိုင်နေသော်လည်း
စိတ်ခြင်းက တစ်ခြားစီပဲဆိုရင် တကယ်ညီညွတ်တယ်လို့ မဆိုသာဘူး။

လောကကြီးမှာ အမြင်အမျိုးမျိုးရှိတယ်ဆိုပေမယ့်
အမှန်မြင် အမြင်မှန်ဖို့တော့ လိုပါတယ်။
အမြင်ချင်း မတူလို့ ရန်သူလို့လည်း မသတ်မှတ်ရဘူး။

လှူနိုင်ဖို့အတွက် ပစ္စည်းဥစ္စာ ဘယ်လောက်ရှိရမယ်လို့ သတ်မှတ်ချက် မရှိပါဘူး။
လှူဖို့အတွက် ပစ္စည်းဥစ္စာ ရှိရမယ်ဆိုတာ မှန်ပေမယ့် သဒ္ဒါတရားက ပိုအဓိက ကျပါတယ်။

ကိုယ့်အတွက်တော့ ကိုယ့်မိဘဟာ သာမန်လူမဟုတ်ဘူး။
မေတ္တာကြီးလွန်းလို့၊ ကျေးဇူးကြီးလွန်းလို့ သာမန်လူတွေနဲ့ တန်းတူထား မဆက်ဆံလိုက်ပါနဲ့။

ဒေါသ အဆိပ် ငယ်ထိပ်တက်လို့
ငရဲပန်းကို ရွှေပန်းထင်
အရင်းစစ်တော့ အကုသိုလ်ကြောင့်ပင်။

များသောအားဖြင့် သူများအကြောင်း စဉ်းစားရင်း အချိန်ကုန်ခဲ့ရတာ များပါတယ်။
သူများအကြောင်း မကောင်းတာ မစဉ်းစားပါနဲ့။
ကိုယ့်အကြောင်း ကိုယ်စဉ်းစား၊ ကိုယ့်အကြောင်း ကိုယ် သိအောင်လုပ်ရမယ်။

လူအတော်များများဟာ ကိုယ့်ကိုယ်ကို အားမရပဲနဲ့ မကျေနပ်ပဲနဲ့ နေ နေရတာ။
ဘာဖြစ်လို့လဲဆိုတော့ တကယ်အားရကျေနပ်စရာ ကောင်းတဲ့အလုပ်ကို တစ်သံသရာလုံး မလုပ်ဖူးသေးလို့ပဲ။

ချစ်ခြင်းကြောင့် ချစ်ခြင်းဖြစ်ရ၏
ကိုယ့်သားသမီး ချစ်တဲ့သူကို ကိုယ်လည်း ချစ်၏
ချစ်ခြင်းကြောင့် မုန်းခြင်းဖြစ်၏
ကိုယ့်သားသမီး မုန်းတဲ့သူကို ကိုယ်လည်း မုန်း၏
မုန်းခြင်းကြောင့် ချစ်ခြင်းဖြစ်၏
ကိုယ်မုန်းတဲ့သူကို မုန်းသူများကို ကိုယ်က ချစ်၏

ကိုယ်ချစ်တဲ့အထဲမှာ ကိုယ်ပါနေသလို
ကိုယ်မုန်းတဲ့အထဲမှာလည်း ကိုယ်ပါနေတတ်တယ်
ကိုယ်ကြိုက်တာကို လုပ်မိတဲ့အခါ ကိုယ့်ကိုယ်ကို ချစ်ပေမယ့်
ကိုယ်မကြိုက်တာကို လုပ်မိတဲ့အခါ ကိုယ့်ကိုယ်ကို မုန်းမိတတ်တယ်။

 

ပြဿနာအားလုံးရဲ့ဇစ်မြစ်ဟာ အတွေးကစတာပါ

12240035_601859876619689_4635812190910593095_n

ရောဂါဖြစ်မှာကို ကြောက်နေတယ်ဆိုတာ ရောဂါမဖြစ်သေးလို့ပါ
တကယ်ရောဂါခံစားနေရတဲ့အခါကျတော့ ရောဂါမြန်မြန်ပျောက်ချင်တဲ့
စိတ်ပဲ ရှိပါတယ်
နာမှာကို ကြောက်နေတယ်ဆိုတာ မနာသေးလို့ပါ
တကယ်နာတဲ့အခါကျတော့ နာတာကို မြန်မြန်ပျောက်ချင်တဲ့
စိတ်ပဲ ရှိပါတယ်
သေမှာကို ကြောက်နေတယ်ဆိုတာ မသေရသေးလို့ပါ
တကယ်သေတဲ့အခါကျတော့ လူသေကောင်ကြီးက ကြောက်တယ်လို့
ရှိမှ မရှိပဲ
စကားလုံးတွေကို အကျအနကောက်နေတယ်ဆိုတာ တကယ်တရား မသိသေးလို့ပါ
တရားတကယ်သိသွားရင် စကားလုံးတွေ ဘာမှမဟုတ်မှန်း သိသွားပါပြီ

အိန္ဒိယမှာလည်း ဘုရားပွင့်လာတယ် ဘုရားကိုလက်ခံတယ်
ဘုရားပရိနိဗ္ဗာန်စံသွားတယ် ဒီနေရာမှာပဲ သာသနာတည်တယ်
ဒီနေရာမှာပဲ သာသနာကွယ်တယ်
ဒီကလူတွေကလဲ ဘုရားကို ကိုးကွယ်တယ်
ဒီနေရာမှာမွေးတဲ့ နောင်လာနောင်သားတွေကပဲ
ဘုရားကို လက်မခံတော့ဘူးဖြစ်တယ်
အဲ့တော့ သတ်မှတ်ထားတဲ့ အချိန်အခါ အခြေအနေတွေပေါ်မှာ
မူတည်ပြီးတော့ ဒီတရားကိုပဲ ယုံစရာလို့ ဒီနေရာက ဒီလူတွေက လက်ခံပေမယ့်
နောင်တစ်ချိန်ကျတော့ ဒီနေရာကပဲ ဒီနေရာမှာမွေးတဲ့ နောင်လာနောင်သားတွေကပဲ
မယုံစရာပဲလို့ သတ်မှတ်တာပဲ
အဲ့တော့ သတ်မှတ်ချက်ကတော့ အမျိုးမျိုးပြောင်းနေမှာပဲ
သတ်မှတ်ချက်နောက်လိုက်နေရင်တော့ ဆုံးမှာမဟုတ်ပါဘူး။

ဦးဇင်းတို့ ဆယ်တန်းကျောင်းသားဘဝတုန်းက
ဆရာဝန်မှ ဆရာဝန် … ဆရာဝန်ခေတ်ပေါ့
အင်ဂျင်နီယာမှ အင်ဂျင်နီယာ …အင်ဂျင်နီယာခေတ်ပေါ့
စစ်ဗိုလ်မှ စစ်ဗိုလ် …စစ်ဗိုလ်ခေတ်ပေါ့
အဆိုတော် ရုပ်ရှင်မင်းသား စသဖြင့်ပေါ့လေ
နောင်ကျတော့ ကွန်ပျူတာတွေပေါ်လာတယ်
ကွန်ပျူတာပညာရှင်တွေခေတ်ပေါ့
အဲ့တော့ ခေတ်တွေက ဒါမှဆိုတာတွေက ယာယီပါပဲ
ယာယီနောက်လိုက်နေမယ်ဆိုရင်တော့
ငါးပွက်ရာ ငါးစာချနေသလိုပါပဲ ချလို့ဆုံးမှာမဟုတ်ပါဘူး။

ပြဿနာအားလုံးရဲ့ဇစ်မြစ်ဟာ အတွေးကစတာပါ
ကာမဂုဏ်အာရုံစိတ်တွေဟာ အတွေးကြောင့် ဖြစ်ပေါ်လာတာပါ
လောကမှာ လူတိုင်း လူတိုင်းက အတွေးကိုယ်စီနဲ့ရှိကြတာ ဖြစ်သောကြောင့်
ကိုယ်တွေးတဲ့ အတွေးကို ဆန်းစစ်ဖို့ လိုအပ်တယ်
ကာမဂုဏ်အာရုံတွေ ခံစားဖို့ လောဘနဲ့တွေးတဲ့ အတွေးတွေလား
သူတစ်ပါးကို မုန်းတီးတဲ့ ၊ ညှဉ်းဆဲသတ်ဖြတ်ဖို့ ဒေါသနဲ့တွေးတဲ့ အတွေးတွေလား
အဲ့ဒီအတွေးတွေ လက်ခံနေတဲ့ ပုဂ္ဂိုလ်ဟာ ဘယ်နည်းနဲ့မှ စိတ်ပိုင်းဆိုင်ရာ တိုးတက်မှုကို မရနိုင်ဘူး
အဲ့ဒီလို ညစ်ညူးတဲ့ အတွေးတွေကို တွန်းလှန်ဖယ်ရှားဖို့ စဉ်ဆက်မပြတ် ကြိုးစားနေရမယ်။

ဦးဇင်းတို့ ကလေးဘဝ စာသင်ခန်းထဲမှာ ကျောင်းသားတစ်ယောက်က အပြစ်တစ်ခုလုပ်လိုက်တယ်ပေါ့
ဒါကို ကျောင်းအုပ်ဆရာမကြီးက ဘယ်သူလုပ်သလဲမေးတော့ ဘယ်သူမှမဖြေကြဘူး
တစ်ခြားကျောင်းသားတွေကလည်း မသိတော့ အားလုံး အပြစ်ပေးခံရတာပေါ့
တရားခံအစစ်ကိုမသိတော့ အားလုံးကို တရားခံလုပ်ပစ်လိုက်တာပေါ့
ကိလေသာရဲ့သဘောကလည်း ဒီလိုပုံစံပါပဲ
တရားခံအစစ်ကိုမသိရင် အားလုံးကို တရားခံလုပ်ပစ်တာပါပဲ
အားကိုးစရာ အစစ်ကိုမသိရင် အရာရာအားကိုးရာ ဖြစ်မှာပါပဲ
အခုခေတ်လူတွေလို အားကိုးစရာများနေတော့တာပေါ့
ဆေးကလည်း မျိုးစုံ၊ အသုံးအဆောင်ပစ္စည်းမျိုးစုံ၊ ရောဂါတွေကလည်း မျိုးစုံ၊
ပြဿနာတွေကလည်းမျိုးစုံ၊ ကြောက်စရာတွေကလည်း မျိုးစုံ၊ လုပ်စရာတွေကလည်း မျိုးစုံ၊
အားကိုးစရာတွေကမျိုးစုံဆိုတော့ အားကိုးနေရတဲ့ ဒုက္ခဖြစ်နေတာပေါ့
ပိုက်ဆံအားကိုး၊ပညာအားကိုး၊ရာထူးအာဏာအားကိုး၊မိဘအားကိုး၊သားသမီးအားကိုး၊
လင်နဲ့မယားအပြန်အလှန်အားကိုး၊ဆရာတပည့်အားကိုး၊သူငယ်ချင်း အချင်းချင်းအားကိုးပေါ့လေ
အမှန်တရားမသိတော့လည်း အရာရာအားကိုးစရာဖြစ်နေတာပေါ့
ရေနစ်တဲ့သူလိုပေါ့ ကောက်ရိုးတစ်မျှင်လေးကအစ အားကိုးစရာဖြစ်နေတော့တာပေါ့။

အားကိုးချင်နေတဲ့ စိတ်အတွက်က အရာရာအားကိုးစရာချည်းပဲ
ကြောက်နေတဲ့စိတ်အတွက်က အရာရာကြောက်စရာချည်းပဲ
သံသယဖြစ်နေတဲ့စိတ်အတွက်က အရာရာသံသဖြစ်စရာချည်းပဲ
ဘုရားတရားသံဃာအပေါ်မှာတောင် သံသယဖြစ်နေတဲ့သူတွေ တစ်ပုံချည်းပဲ
ကိုယ့်စိတ်က ကောင်းနေရင် တစ်လောကလုံး သာယာစရာတွေချည်းပဲ
ကိုယ့်စိတ်က ဖောက်ပြန်နေရင် တစ်လောကလုံး မကျေနပ်စရာတွေချည်းပဲ
အမှန်က တရားခံက ကိုယ့်စိတ်ပဲ
ကိုယ့်စိတ်က အမျိုးမျိုးသော လောကကြီးကို ဖန်ဆင်းနေတာပါပဲ။
ကိုယ့်စိတ်က တရားခံအစစ်ကိုမသိတော့ စင်္ကြာဝဠာအနန္တလုံးကို၊
သတ္တဝါအနန္တလုံးကို တရားခံလုပ်တော့တာပါပဲ။

သဘာဝရိပ်သာဆရာတော် ဦးဥတ္တမသာရ

 

တရားအားထုတ္တဲ့အခါ…

12074799_469770109877025_5801760560122069849_n

တရားအားထုတ်တဲ့အခါမှာ ကြိုးစားအားထုတ်မှု အပိုင်းလေးကို တစ်ချို့သော ပုဂ္ဂိုလ်တွေလည်းပဲ
ဣရိယာပုတ် တစ်မျိုးတည်းမှာ အသေထားပြီးတော့ ရှု့တက်ကြတယ်။
အချိန်တော်တော်များကို ဣရိယာပုတ် တစ်မျိုးတည်းနဲ့ကြိုးစားရှု့ပွားရင်းနဲ့
ခန္ဓာကိုယ်ပေါ်မှာ ကြာကြာထိုင်ရင်လည်းပဲ နာတာ ကျဉ်တာ မခံရပ်နိုင်အောင်ပေါ်သလိုပဲ။
ကြာကြာရပ်ရင် ကြာကြာလှောင်းရင်လည်းပဲ ညောင်းတာကိုက်တာ မခံရပ်နိုင်အောင် ပေါ်တာပါပဲ။

အဲ့သလို ပေါ်လာတဲ့ အခါမျိုးမှာ
ငါ့ကွာ…ဝေဒနာနှိပ်စက်လိုက်တာ
တရားအားထုတ်ရတာ ဒီဝေဒနာကို မကျော်နိုင်ဘူး။
ဒီဝေဒနာကို ပေရှု့လို့ကို မရဘူး လို့ဖြစ်နေကြတဲ့ သူတော်စင်များကို
ဝေဒနာရဲ့ သဘောလေးကိုလည်းပဲ ရှင်းပေးသွားမယ်။

တရားကို သဘောမပေါက်ဘဲနဲ့ သူများပါးစပ်ဖျား လမ်းဆုံးပြီးတော့ ပေတေရှု့ခဲ့ရင်လည်း
အကျိုးမများဘဲ တရားနဲ့ဝေးစေတဲ့ အပြစ်တွေသင့်စေပုံလည်း ရှင်းပေးပါ့မယ်။
အလွန် အရေးကြီးပါတယ်။
ဒီတရားရှု့ကွက်သည် အများသူငါအတွက် အလွန်ကျေးဇူးများသလို
တရားတွေကို ရိပ်သာမှာ အားမထုတ်နိုင်တဲ့ ပုဂ္ဂိုလ်များကို
ကိုယ့်အိမ်ကိုယ့်ယာမှာ အားထုတ်ရင်းနဲ့သဘောပေါက်လိုက်ရင်
လွယ်ကူတဲ့ အသိဉာဏ်ကို အချိန်မရွေးကိန်းသွားနိုင်ပါတယ်။

တရားဆိုတာ သဘောပေါက်ရင် သိပ်လွယ်တယ်ကွာ။
သက်သောင့် သက်သာနဲ့ကို တစ်ကယ်ကို သိနိုင်ပါလား၊
အဲ့တာလေးကိုလည်း သဘောပေါက်အောင်
ရှေ့ပိုင်းက ကိုယ်နဲ့စပ်ပြီး ပေါ်တဲ့ တရားကို ရုပ်တရားလို့သင်ပေးထားတယ်။
မိမိတို့က အခုချိန်ခါမှာ ထိုင်တာတွေကြာလာတယ်၊ရပ်တာတွေကြာလာတယ်၊
နာတာတွေက တစ်ရိပ်ရိပ်နဲ့ကြီးထွားလာတယ်။
ကျဉ်တာ ကိုက်တာတွေကလည်း ကြီးထွားလာတော့
မခံမရပ်နိုင်အောင် ဖြစ်ရင် ဝေဒနာဆိုပြီးတော့ ပြောင်းရှု့လိုက်တယ်။

တကယ်တမ်းကျတော့
ကိုယ်ပေါ်မှာ အာရုံစိုက်ပြီး
နာတာလေးရဲ့ သဘောကို ကြည့်ပြီး ရှု့နေရင် ရုပ်တရားပါ။
အဲ့ဒီအာရုံကို မခံသာတဲ့ အနေနဲ့ ခံစားတဲ့ အပိုင်းကို အာရုံညွတ်ပြီး ရှု့မယ်ဆိုရင်
ဝေဒနာဘက်ကို ဉာဏ်ရောက်ပါတယ်။
နာတာသည် ဝေဒနာမဟုတ်ပါ။
ကျဉ်တာ ကိုက်တာ ခဲတာသည် ဝေဒနာမဟုတ်ပါ။
နာတယ်ဆိုတာ ကိုယ်နဲ့စပ်ပြီး ဖောက်ပြန်တာပါ။
ကျဉ်တယ်ဆိုတာ ကိုယ်နဲ့စပ်ပြီး ဖောက်ပြန်တာပါ။
ကိုက်တယ် ခဲတယ်ဆိုတာလည်း ကိုယ်နဲ့စပ်ပြီးဖောက်ပြန်တာမလို့ ရုပ်တရားဖြစ်ပါတယ်။
အဲ့ဒီနာတာက ကြီးထွားလာတဲ့ အတွက်ကြောင့်မို့လို
ဒီနာတယ်အပေါ်မှာ ဖောက်ပြန်တယ်လို့နှလုံးသွင်းမှန်အောင် ကိုယ်က ဉာဏ်မရောက်တဲ့အတွက်
ဒူး၊ပေါင်၊ခါးဆိုတဲ့ အထည်ပညတ်ပေါ်မှာ နှလုံးသွင်းပြီး အာရုံပြုလိုက်တဲ့ အတွက်ကြောင့်မို့လို
နာလိုက်တာ မခံနိုင်ဘူး၊
ငါ့ဒူး ငါ့ပေါင် ဖြစ်သွားတယ်။
အဲ့ဒီအချိန်ခါမှာ “ ဖောက်ပြန်တဲ့ ရုပ်တရား” နဲ့ငါ” ရောသွားတယ်။

“ငါ ”ရောသွားတော့ “ ငါ ”က မခံနိုင်ဘူးဆိုတော့
“ ဝေဒနာ” ကိုပါ “ ငါ ”လုပ်ပြစ်လိုက်တယ်။
အဲ့ဒီပုဂ္ဂိုလ် “ ဒိဋ္ဌိ” ဖြစ်သွားတယ်။

တကယ်တမ်းပြန်ကြည့်တော့….
ကိုယ်နဲ့စပ်ပြီး
နာစ,လေးလည်း ဖောက်ပြန်နေတာ။
နာမှု အလယ်အလတ်လေးလည်း ဖောက်ပြန်နေတာ။
အနာကြီး ကြီးလာလည်း ဖောက်ပြန်နေတာ။
အဲ့ဒီဖောက်ပြန်တဲ့ သဘောလေးကို ဉာဏ်ရောက်ရင် အနာသေးလေးချုပ်ပြီး အနာလတ်လေးအစားထိုးကာ
အနာလတ်လေးချုပ်ပြီး အနာကြီးကြီး အစားထိုးကာ
မြင်အောင်ကြည့်ရင် မခံနိုင်ဘူးဆိုတာ မလာတော့ဘူး။
ဒီပေါ်မှာ ကြိုက်လှချေရဲ့ဆိုတဲ့ သဘောတွေလည်း မကိန်းတော့ဘူး။
အမြင်ရှင်းတဲ့ ဉာဏ်လေးက အရှိကို အရှိအတိုင်းမြင်သွားလို့
ရုပ်ရှု့ကွက် အပေါ်မှာ
ဖြစ်ပျက်ကို ကောင်းစွာမြင်သွားတာပါ။

အဲ့တာကို သဘောမပေါက်တဲ့အတွက်ကြောင့်မို့
စထိုင်တုန်းက ပြလာတဲ့ နာစ, အသေးလေးကိုတော့ ခံသာတဲ့အတွက်ကြောင့်
မိမိက သက်သောင့်သက်သာနဲ့ရှုနိုင်တဲ့အခါမှာ မေ့နေတယ်။
နာတာကြီး ကြီးထွားလာတဲ့အခါကျမှ
မခံမရပ်နိုင်ဖြစ်ပြီး ငါ့ကွာ….ဝေဒနာနှိပ်စက်လိုက်တာ၊တစ်ချိန်လုံးမှာ တရားကို အားထုတ်လို့မရဘူး။
သက်သောင့်သက်သာလေးနဲ့ဖြစ်ပြီးတော့ ပြီးသွားပြန်ရင်လည်း အိုး..ငါ ထိုင်လို့ကောင်းလိုက်တာ၊
တရားကွာ….ထိုင်ရတာ ဝေဒနာတောင် မပေါ်ဘူး။
ဘာနဲ့တိုင်းတာနေလည်း မေးတော့ နာတာ ကျဉ်တာနဲ့တိုင်းတာနေတာ။
အလွဲကြီး လွဲနေပါတယ်။
တကယ်တမ်းကျတော့ ဝေဒနာသည် အချိန်တိုင်းမှာ စိတ်ရှိရင် ဝေဒနာရှိပါတယ်။
စိတ်ဖြစ်ရင် ဝေဒနာဖြစ်ပါတယ်။
ဝေဒနာ မဖြစ်တဲ့အချိန် ရှိကို မရှိဘူး။
အဲ့တာလေးကို သေချာ သဘောပေါက်စေချင်ပါတယ်။

ဝေဒနာဆိုတာ ရုပ်မဟုတ်ပါဘူး၊ နာမ်တရားပါ။
နာမ်ဆိုတဲ့ ဝေဒနာလေးသည် စိတ်မှာပဲ ပေါ်ပါတယ်။
အဲ့ဒီစိတ်မှာ ပေါ်တဲ့ ဝေဒနာလေးကို မိမိက အာရုံစိုက်ပြီး
ခံစားမှု အပိုင်းမှာ သေချာ အာရုံပြုရင်
ခုန နာတယ်ဆိုတဲ့ နာစ , လေးကို
ခံသာရင် သုခ၊ အနာကြီး နာသွားလို့ မခံသာရင် ဒုက္ခ၊
သညာကနေ သတ်မှတ်ပေးလိုက်တယ်။
သုခ လို့သတ်မှတ်ပေးတဲ့ အာရုံကို ဝေဒနာက ခံစားလိုက်တယ်။
ဒုက္ခလို့သတ်မှတ်ပေးတဲ့ အာရုံကို ဝေဒနာက ခံစားလိုက်တယ်။
ခံစားတာက ဝေဒနာပါ ။
ငါ ကောင် သူကောင် မဟုတ်ပါဘူး။
သုခကို အာရုံပြုပြီး ခံစားတော့ သုခဝေဒနာလို့ အမည်တပ်တယ်။
ဒုက္ခကို အာရုံပြုပြီး ခံစားတော့ ဒုက္ခဝေဒနာလို့အမည်တပ်တယ်။
သုခသည် ဝေဒနာမဟုတ်ပါဘူး။
ဒုက္ခသည် ဝေဒနာမဟုတ်ပါဘူး။
ဝေဒနာသည် ဒုက္ခမဟုတ်သလို ဝေဒနာသည် သုခ မဟုတ်ပါဘူး။
ဒုက္ခဆိုတာ အာရုံ၊ သုခဆိုတာ အာရုံ။
ကိုယ်နဲ့စပ်ပြီး ဖောက်ပြန်နေတဲ့ ရုပ်တရားပါ။
ဒီအာရုံကို ပြုပြီး ခံစားတာမှ ဝေဒနာပါ။

အဲ့တာကြောင့်မို့ရုပ်ထဲမှာလည်း ဖောက်ပြန်တာရယ်၊ ပျက်စီးတာရယ်။
ခံစားတာမှာလည်း ဖောက်ပြန်တာရယ်၊ပျက်စီးတာရယ်အဲ့တာလေးပဲရှိပါတယ်။
အဲ့တာလေးကိုသိရင် ရုပ်ထဲမှာလည်း ငါ မရောဘူး။
ဝေဒနာထဲမှာလည်း ငါ မရောဘူး။
အဲ့ဒီပုဂ္ဂိုလ်သည် တရားသဘောပေါက်တဲ့ ပုဂ္ဂိုလ်။
တရားသဘောပေါက်တဲ့ ပုဂ္ဂိုလ်သည်
တစ်နာရီပဲထိုင်ထိုင်၊နှစ်နာရီပဲ ထိုင်ထိုင် တစ်နေ့လုံးပဲထိုင်ထိုင် ကျေးဇူးများပါတယ်။

ရုပ်နဲ့ဝေဒနာလည်း မကွဲဘူး၊
ငါနဲ့ရုပ်လည်း ရောနေတယ်၊
ငါနဲ့ဝေဒနာတွဲနေတဲ့ ပုဂ္ဂိုလ် သဘောမပေါက်ရင် တစ်နာရီပဲထိုင်ထိုင်
နှစ်နာရီပဲထိုင်ထိုင် တစ်နေကုန်ပဲထိုင်ထိုင် မခံမရပ်နိုင်ပေါ်လာလည်းပဲ
မပြောင်းမပြင်ဘဲနဲ့ ပေတေရှု့နေတဲ့အတွက်ကြောင့်မို့
ပေရှု့ရင် အပြစ်လေးချက် သင့်ပါတယ်။
သေချာ သဘောပေါက်ပါစေ။
တရားရှု့တယ်ဆိုတာ ကိုယ်ကို လာညှဉ်းဆဲတာမဟုတ်ဘူး။
ကိုယ်ကို လာပြီး အပင်ပန်းခံတာမဟုတ်ပါဘူး။
ဒီခန္ဓာမှာ ပြနေတဲ့ အရှု့ခံတရားတွေရဲ့ ခန္ဓာဒုက္ခကို သိချင်လို့လာကြတာပါ။
ခန္ဓာ့ဒုက္ခကို သိဖို့အတွက် ရုပ်ဖောက်ပြန်လည်း ဒုက္ခပြတာ။
ဝေဒနာခံစားလည်း ဒုက္ခပြတာ။
ခန္ဓာ မှန်သမျှ ဒုက္ခသစ္စာဖြစ်ပါတယ်။

(ပုညာရာမမိုးကုတ်ဝိပဿနာကျောင်းတိုက်မှ
ဆရာတော် ဗဟုဇနဟိတဓရ ဓမ္မကထိက
“ အရှင်ပုညာနန္ဒ”

အလုပ်ပေးတရားတော်မှ ရေးသားပူဇော်သည်)

source: https://www.facebook.com/mawkon.thakhin.1

 

ရှင်ရာဟုလာ၏ဘဝနှင့် မြတ်ဗုဒ္ဓ၏ အဆုံးအမ အပိုင်း(၂) တရားဒေသနာတော်

12141548_532094383613722_2047131966452634695_n

“ရှင်ရာဟုလာ၏ဘဝနှင့် မြတ်ဗုဒ္ဓ၏ အဆုံးအမ အပိုင်း(၂) တရားဒေသနာတော်”

(၁)

“မှတ်တမ်း”

သာသနာတော်နှစ် ၂၅၅၄-ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၂-ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် (၁)ရက်၊ မုံရွာမြို့၊ ရွှေစည်းခုံစေတီတော်မြတ်ကြီး၏ ဓမ္မာရုံအတွင်း ဆင်ယင်ကျင်းပ ပြုလုပ်အပ်သည့် ဓမ္မသဘင် အခမ်းအနားဝယ် မုံရွာမြို့၊ ဘုရားကြီးလမ်းနေ အဖ ဦးသန်း၊ အမိ ဒေါ်ခင်ကြည်တို့ကို အမှုးထား၍ သား- ကိုကျော်မင်းသန်း၊ သမီး မသန်းသန်းဦး၊ မချိုမာ “ပန်းကံ့ကော်စတိုး” မိသားစုတို့၏ အမတဒါန ဓမ္မဒါနအဖြစ်ဖြင့် ဟောကြားအပ်သော
“ရှင်ရာဟုလာ၏ဘဝနှင့် မြတ်ဗုဒ္ဓ၏ အဆုံးအမ၊ အပိုင်း(၂)” တရားဒေသနာတော်။

ဖခင်ကို ခုနစ်နှစ်သားအရွယ်ရောက်မှ ပြန်လည်ဆုံတွေ့ခွင့်မြင်ခွင့်ရပြီး ဘာမသိညာမသိနဲ့ ကိုရင်ဝတ်ပေးခြင်းခံလိုက်ရတဲ့ ရှင်ရာဟုလာလေးဘဝကို စဉ်းစားကြည့်၊

လိုချင်တာက အမွေ၊ ပစ္စည်းဥစ္စာအမွေကို လာတောင်းတာ၊

သို့သော် မြတ်စွာဘုရားက သံသရာဝဋ်ဆင်းရဲမှလွတ်ဖို့ အရှည်မြော်မြင်တဲ့အနေနဲ့ ရာဟုလာတောင်းတဲ့ လောကပစ္စည်းအမွေကို မပေးဘဲ ကိုရင်ဝတ်ပေးလိုက်တယ်။

ရှင်သာရိပုတ္တရာ မထေရ်မြတ်က ဥပဇ္ဈာယ်၊ ရှင်မဟာမောဂ္ဂလာန် မထေရ်မြတ်က သရဏဂုံဆရာလုပ်ပြီး မြတ်စွာဘုရားရဲ့ သားတော်လေး ရှင်ရာဟုလာ ရှင်သာမဏေဘဝ ရောက်သွားတယ်။ ခုနစ်နှစ်အရွယ်ဆိုတော့ ဘာသာတရားရဲ့ အတိမ်အနက် တရားဓမ္မရဲ့ အတိမ်အနက်ကို မသိသေးဘူးပေါ့၊
သို့သော်လည်း ပါရမီရှင်လေးဖြစ်သည့် အားလျော်စွာ ဗုဒ္ဓမြတ်စွာရဲ့ သာသနာအပေါ်မှာ စိတ်ဝင်စားမှုကတော့ ရှိမယ်လို့ ယုံကြည်ရပါတယ်။

ဘုန်းကြီးတို့အနေနဲ့ ပြန်ကြည့်မယ်ဆိုရင် ကိုးနှစ်သားအရွယ်မှာ ဘာမသိ ညာမသိနဲ့ ကိုရင်ဘဝရောက်သွားတာပဲ၊ တကယ်တော့ သာသနာကိုကြည်ညိုပြီး တရားကိုသိလို့ သာသနာ့ဘောင်ထဲ ဝင်လာတာ မဟုတ်ဘူး။ မိဘတွေက စီစဉ်ပေးလိုက်တာနဲ့ ကိုရင်ဖြစ်သွားတာ၊ တရားဓမ္မဆိုတာ ဘာရယ်လို့ မသိဘူး၊ ဒီအရွယ် သူများတွေ ကိုရင်ဝတ်ကြတယ်၊ ကိုယ်လည်း ကိုရင်ဝတ်ရတယ် ဆိုတော့ ပျော်တာပေါ့။

အဲဒီလို ဘာမသိညာမသိနဲ့ ကိုရင်ဘဝရောက်လာခဲ့ရတယ်၊ ကိုယ်ချင်းစာပြီး ကြည့်မိတယ်၊ သားတော် ရာဟုလာလေးလည်း ဒီလိုပဲနေမှာပဲ၊
ခုနစ်နှစ်ဆိုတော့ အလွန်ငယ်သေးတာ၊ အလွန်ငယ်သေးတဲ့ အချိန်လေးမှာ ရှင်သာမဏေဘဝရောက်လာတယ်။
သို့သော် မြတ်စွာဘုရားရဲ့ သားတော်လေး ဆိုပြီးတော့ ပတ်ဝန်းကျင်က အလေးပေးကြမှာ သေချာပါတယ်။
အဲဒီ ပတ်ဝန်းကျင်က အလေးပေးပေမယ်လို့ ဒီကလေးဟာ ရောင့်တက်တာတော့ မရှိဘူးပေါ့၊ ဘာဖြစ်လို့တုန်းဆိုရင် မြတ်စွာဘုရားက အမြဲတမ်းဆုံးမ ဩဝါဒပေးနေတာကိုး။

သုတ္တနိပါတ် ပါဠိတော်မှာ ရာဟုလာသုတ် ဆိုတာရှိတယ်၊
အဲဒီ ရာဟုလာသုတ်က ဂါထာပေါင်း ၈-ပုဒ်ရှိတယ်။
အဲဒီ ၈-ပုဒ်နဲ့ ရာဟုလာ ကိုရင်ဘဝရောက်တဲ့ အချိန်ကစပြီး နေ့စဉ်မပြတ် ဆုံးမဩဝါဒပေးတာ။ အဲဒီ ဆုံးမဩဝါဒပေးတဲ့ စကားလေးတွေက အလွန်မှတ်သားစရာကောင်းတယ်၊ကလေးအဖို့ တချို့ဆုံးမဩဝါဒတွေက အလွန်မြင့်နေတယ်။
ပါရမီရှင်ဖြစ်လို့ သဘောပေါက် နားလည်နိုင်စွမ်းရှိတယ်လို့ ဒီလိုယူဆရမှာပဲ၊
အဲဒီမှာ မြတ်စွာဘုရားက ရာဟုလာကို အမြဲတမ်း မေးခွန်းလေးထုတ်တယ်။

“ရာဟုလာ, အမြဲတမ်း ဆုံတွေ့နေလို့ရှိရင် လူတွေဟာ ကိုယ်နဲ့ပေါင်းဆက်ဆံတဲ့ ပညာရှိတွေအပေါ် အထင်သေး အမြင်သေး ဖြစ်လာတတ်တယ်”။

ဗမာစကားလည်း ရှိတယ်လေ “အရောဝင်ရင် အရိုအသေတန်တယ်” ဆိုတာ။
သာသနာ့ဘောင် ဝင်လာတော့ ရဟန်းတော်တွေကလည်း မြတ်စွာဘုရား သားတော်လေးဆိုပြီး အလေးပေးကြတယ်၊ ရှင်သာရိပုတ္တရာမထေရ်မြတ်ကလည်း အလေးပေးတယ်၊ ရှင်မောဂ္ဂလာန်ကလည်း အလေးပေးတယ်။ အဲဒီလို ခုခေတ်လိုပြောမယ်ဆိုရင် အလိုလိုက်ကြတယ်ပေါ့နော်၊ အလိုလိုက်တဲ့အခါကျတော့ “အရောဝင်ရင် အရိုအသေတန်တယ်” ဆိုတာမျိုး ဖြစ်တတ်တယ်ပေါ့၊ အဲဒါကို မြတ်စွာဘုရားက သတိပေးတယ်။

အမြဲမပြတ် ပေါင်းသင်းဆက်ဆံနေရလို့ ပညာရှိပုဂ္ဂိုလ်တွေအပေါ် ငါ့သား ရာဟုလာ အထင်သေး အမြင်သေးများ ဖြစ်သလား” လို့မေးတယ်။
ဒီတော့ “တပည့်တော် အဲသလို မဖြစ်အောင် နေပါမယ့်ဘုရား” တဲ့။

အင်မတန်လိမ္မာတဲ့ ကလေးပဲ၊ မြတ်စွာဘုရားက ကလေးနဲ့လိုက်အောင် ဒီစကားကို သုံးတယ်၊

နောက်ပြီး ထပ်ပြောတာက “လောကမှာ ပညာရှိဆိုတာ မီးရှုးထမ်းထားတဲ့ ပုဂ္ဂိုလ်နဲ့ အလားတူတယ်” တဲ့၊ မီးရှုးထမ်းထားတဲ့ပုဂ္ဂိုလ်ဟာ ကျန်တဲ့ပုဂ္ဂိုလ်တွေကို အလင်းရောင်ပေးတာ။ လောကကြီးကို အလင်းပေးနေတဲ့ ပုဂ္ဂိုလ်တွေဟာ ပညာရှိပဲ၊ ဒါကြောင့်မို့ မြန်ရာဇဝင်စာအုပ်တွေမှာ ပညာရှိတွေကို “ပြည်သူ့မျက်လုံး” လို့ ဒီလို သုံးတာနော်။
ပညာရှိဟာ စက္ခုဘူတ လူတကာရဲ့မျက်လုံးနဲ့ အလားတူတယ်။
ဘာဖြစ်လို့တုန်းဆိုရင် မျက်လုံးဆိုတာ မြင်နိုင်စွမ်းရှိတယ်၊ အခု ပညာရှိတွေကလည်းပဲ “ပညာရှိအတွေး ပြေးကြည့်တာထက်တောင် သေချာသေးတယ်” ဆိုတာလို ပညာရှိတွေဟာ အရာရာမှာ ဆင်ခြင်တုံတရားနဲ့ စဉ်းစားဆုံးဖြတ်နိုင်စွမ်း ရှိတယ်ပေါ့၊ အမှန်အကန်ကို ဆုံးဖြတ်နိုင်စွမ်းရှိတယ်။
ဒါကြောင့်မို့ မီးရှုးထမ်းထားတဲ့ ပုဂ္ဂိုလ်နဲ့တူတဲ့

“ပညာရှိတွေကို အထင်သေး အမြင်သေး မလုပ်ဘဲ ရိုသေလေးစားသမှု ပြုရဲ့လား” လို့ဆိုတော့ သူက လျှောက်တယ်၊
“တပည့်တော် ပညာရှိတွေကို တန်ဖိုးထားပါတယ်ဘုရား၊ လေးစားပါတယ်” တဲ့။

အဲဒီလို အမြဲတမ်းမေးပြီး အဖြေတောင်းတဲ့ ဂါထာလေးပဲ။ မြတ်စွာဘုရားက သားတော် ရာဟုလာလေးကို ဒီလို အမြဲတမ်းမေးပြီး ဆုံးမတယ်၊ ခုနစ်နှစ် အရွယ်ကနေစပြီး ရဟန္တာ မဖြစ်မချင်းပေါ့။
ခုနစ်နှစ်အရွယ် သာသနာ့ဘောင်ဝင်လာတဲ့ အချိန်ကနေစပြီး အခုလို ဩဝါဒပေးတာ။

အဂ္ဂမဟာပဏ္ဍိတ အရှင်နန္ဒမာလာဘိဝံသ(Ph. D)

စာအုပ်အမှတ်စဉ်(၈၄)


Continue reading

ရှင်ရာဟုလာ၏ဘဝနှင့် မြတ်ဗုဒ္ဓ၏ အဆုံးအမ အပိုင်း(၁) တရားဒေသနာတော်

12038306_527846897371804_5086942027819933574_n

“ရှင်ရာဟုလာ၏ဘဝနှင့် မြတ်ဗုဒ္ဓ၏ အဆုံးအမ အပိုင်း(၁) တရားဒေသနာတော်”

(၁)

“မှတ်တမ်း”

သာသနာတော်နှစ် ၂၅၅၄-ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၂-ခုနှစ်၊ တန်ဆောင်မုန်းလပြည့်နေ့ မုံရွာမြို့၊ ရွှေစည်းခုံစေတီတော်မြတ်ကြီး၏ ဓမ္မာရုံအတွင်း ဆင်ယင်ကျင်းပ ပြုလုပ်အပ်သည့် မုံရွာမြို့၊ အလယ်ရပ် ဗိုလ်ချုပ်လမ်း၊ ဒေါ်ငြိမ်းမွန်၊ ဒေါ်စုရီ၊ ဒေါ်ဝင်းဝင်းထွေး “ပြည်သူ့မေတ္တာစတိုး” မိသားစုတို့၏ အမတဒါန၊ ဓမ္မဒါနအဖြစ်ဖြင့် ဟောကြားအပ်သော “ရှင်ရာဟုလာ၏ဘဝနှင့် မြတ်ဗုဒ္ဓ၏ အဆုံးအမ၊ အပိုင်း(၁)” တရားဒေသနာတော်။

တရားချစ်ခင် သူတော်စင် ပရိသတ်အပေါင်းတို့၊ ရှင်ရာဟုလာ ဘယ်သူလဲဆိုတာ အားလုံးသိပြီးသား ဖြစ်တယ်၊ ဗုဒ္ဓမြတ်စွာ သိဒ္ဓတ္ထမင်းသားဘဝက တစ်ဦးတည်းသော သားရတနာဟာ ရာဟုလာဖြစ်တယ်။ ဒါက ထေရဝါဒ ဗုဒ္ဓဘာသာကျမ်းဂန်တွေမှာ ဆိုထားတာ။

သို့သော် ဒီအဆိုနဲ့ ပတ်သက်ပြီးတော့ နိုင်ငံခြားက စာရေးဆရာတွေ ရေးထားတာရှိသေးတယ်၊ “ရာဟုလာဆိုတာ သာမန်ရဟန်းတစ်ပါးပဲဖြစ်တယ်၊ မြတ်စွာဘုရားရဲ့ လူ့ဘဝတုန်းက သားတော်ဆိုတာ မတတ်နိုင်ဘူး” တဲ့၊ အဲဒီလိုရေးတဲ့စာမျိုးလည်း ရှိတယ်ပေါ့၊ အင်္ဂလိပ်လိုရေးတာဆိုတော့ မြန်မာစာဖတ် ပရိသတ်အတွင်းတော့ မရောက်ဘူးပေါ့၊ သို့သော် ပိဋကတ်သုံးပုံလာသမျှ စာပေတွေ ကြည့်မယ်ဆိုရင်တော့ ရာဟုလာဆိုတာ နှစ်ပါးမရှိဘူး၊ တစ်ပါးတည်းပဲရှိတယ်။

ရာဟုလာနဲ့ပတ်သက်ပြီး သုတ္တန်တွေ မြတ်စွာဘုရားဟောထားတာ တော်တော်များများ ရှိတယ်၊ အဲဒီသုတ္တန်တွေကို ဘုန်းကြီးတို့ ဒီကနေ့စပြီးတော့ ပြည့်ပြည့်စုံစုံ (၃)ညတာ အနှစ်သာရထုတ်ပြီး ဟောကြာပေးပါ့မယ်။

ရာဟုလောဝါဒသုတ်နာမည်နဲ့ ဟောထားတာရှိသလို ရာဟုလသုတ် ဆိုတာတွေလည်း ရှိတယ်။
နောက် သံယုတ္တနိကာယ်ကျမ်းထဲမှာ ရာဟုလသံယုတ် ဆိုပြီးတော့ ရှိတယ်။

အဲတော့ ရာဟုလာနဲ့ပတ်သက်ပြီးတော့ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ဟာ ဘယ်ပုံ ဆုံးမဩဝါဒတွေ ပေးခဲ့တယ်ဆိုတာ သိရတယ်၊ အင်မတန်မှ စိတ်ဝင်စားစရာ ကောင်းတယ်ပေါ့။

မြတ်စွာဘုရားအနေနဲ့က ရာဟုလာဟာ လူ့ဘဝက သားရတနာဖြစ်သည့်အတွက်ကြောင့် ပိုပြီးတော့ ဂရုတစိုက် ဟောတယ်လို့ သာမန်ပုဂ္ဂိုလ်တွေက ဒီလိုထင်ကောင်း ထင်ကြလိမ့်မယ်၊ သို့သော် စာပေကျမ်းဂန်မှာ မြတ်စွာဘုရားဟာ
မိမိကို လုပ်ကြံသတ်ဖြတ်ဖို့ အကြိမ်ကြိမ်ကြိုးစားတဲ့ ဒေဝဒတ်၊ ဓားထမ်းပြီးတော့ နောက်ကလိုက်သတ်မယ်လုပ်တဲ့ အင်္ဂုလိမာလ၊
မြတ်စွာဘုရားကို ထိုးသတ်မယ်ဆိုပြီး ရှေးရှုပြေးလာတဲ့ နာဠာဂီရိဆင်၊
သားတော် ရာဟုလာ၊
ဒီလေးဦးအပေါ် တူညီသောစိတ် ထားနိုင်တယ်တဲ့၊
အင်မတန်မှ အံ့သြစရာကောင်းတယ်။

ဘုရားမို့ထားနိုင်တာလို့ သာမန်ပုဂ္ဂိုလ်တွေက စဉ်းစားကောင်း စဉ်းစားလိမ့်မယ်၊ ကိုယ့်အနေနဲ့ စဉ်းစားကြည့်မယ်ဆိုရင် ဘယ်လိုမှ ဒီဟာဖြစ်နိုင်တယ်လို့ မထင်ကြဘူးပေါ့၊ ဘုန်းကြီးတို့ ငယ်ငယ်တုန်းကလည်း စဉ်းစားဖူးတယ်၊ ရန်သူနဲ့ကိုယ့်သားအရင်း ဘယ်လိုတန်းတူ ထားနိုင်တာလဲဆိုတာ စဉ်းစားလို့ သဘောမပေါက်ဘူး။

ဘာဖြစ်လို့ ထားနိုင်တာတုန်းဆိုရင် မထားနိုင်ခြင်းရဲ့အကြောင်းက ဘာတွေလဲဆိုတာကို အရင်စဉ်းစားကြည့်လိုက်ရင် အဖြေပေါ်ပါတယ်၊
မထားနိုင်တာက လောဘ ဒေါသ မောဟတွေရှိနေရင် မထားနိုင်ဘူး၊ မှန်တယ်၊ လောဘရှိနေတယ် ဆိုလို့ရှိရင် အစွန်းရောက်တာပဲ၊ ဆန္ဒာဂတိ လိုက်မှာပဲ။

လောကလူသားတွေဟာ တည့်တည့်မတ်မတ်ထားရမယ့် လမ်းကြောင်းက သွေဖည်သွားတာ ဘာကြောင့်တုန်းဆိုရင် လောဘမကင်းလို့၊ ကိုယ်ခင်မင်နှစ်သက်တဲ့ပုဂ္ဂိုလ်၊ ကိုယ်နဲ့ရင်းနှီးတဲ့ပုဂ္ဂိုလ် ဆိုလို့ရှိရင် အနည်းဆုံး လျော့လျော့ပေါ့ပေါ့ စဉ်းစားတာ၊ ဒါ လောဘရဲ့ သတ္တိပဲပေါ့၊
ကိုယ်နဲ့မတည့်တဲ့ပုဂ္ဂိုလ်ဆိုရင် ပိုပိုသာသာလေးလုပ်ချင်တာဟာ ဒေါသရဲ့ သတ္တိပေါ့၊
ဘယ်ဟာ တရားလမ်းကြောင်း၊ ဘယ်ဟာ တရားလမ်းကြောင်းမဟုတ်ဘူးလို့ မသိတာ ဒါ မောဟရဲ့ သတ္တိပဲပေါ့၊

မြတ်စွာဘုရားမှာကတော့ လောဘလည်း မရှိတော့ဘူး၊ ဒေါသလည်း မရှိတော့ဘူး၊ မောဟလည်း မရှိတော့ဘူး၊ ဒါကြောင့်မို့ ထားနိုင်တယ်ဆိုတာ နောက်ပိုင်းတော့ သဘောပေါက်လာတယ်။

ဪ ဒီလိုတန်းတူညီတူစိတ်သဘောထား မထားနိုင်ဘူးဆိုတာ လောဘ၊ ဒေါသ၊ မောဟ မကင်းတဲ့ ပုဂ္ဂိုလ်တွေအတွက် လောဘရဲ့ အစွန်းရောက်မှု၊ ဒေါသရဲ့ အစွန်းရောက်မှု၊ မောဟရဲ့ အစွန်းရောက်မှု ဆိုတဲ့ ဒီအစွန်းရောက်မှုတွေကြောင့် ဒီလိုဖြစ်ရတာလို့ဆိုတာ သဘောပေါက်လာတယ်။

အဂ္ဂမဟာပဏ္ဍိတ အရှင်နန္ဒမာလာဘိဝံသ(Ph. D)

စာအုပ်အမှတ်စဉ်(၈၄)

Continue reading

ကံအား မကိုးပဲ ဉာဏ်အားကိုးပါ

12191959_1686422061592125_384820315239238085_n

ဘုရားရှင်က သဒ္ဓါမရှိတဲ့သူကို တရားမဟောဘူးတဲ့
သဒ္ဓါရှိတဲ့ သူကိုပဲ ဘုရားရှင် တရားဟောပါတယ်

လောကကြီးမှာ ဆန့်ကျင်ဘက်ခြင်း ဗိုလ်လုနေရပါတယ်
အားကစားသမားတွေ အသင်းခြင်း ယှဉ်ပြိုင်ဗိုလ်လုနေရသလိုပါပဲ
ယှဉ်ပြိုင်ဗိုလ်လုနေလို့ကတော့ ဘယ်တော့မှ ဆုံးမှာမဟုတ်ပါဘူး
ငါတွေ သူတွေ အရှိယူပြီး ယှဉ်ပြိုင်နေမယ်ဆိုရင် မဆုံးဘူး
ငါနဲ့ သူနဲ့ ခွဲခြားထားလို့ တကယ်မရှိတဲ့ ငါနဲ့ သူနဲ့
ယှဉ်ပြိုင် ဗိုလ်လုနေရတာ

ကံအား မကိုးပဲ ဉာဏ်အားကိုးပါ
အသေမဦးခင် ဉာဏ်ဦးအောင် လုပ်ပါတဲ့

သာသနာကပြုချင်နေရမှာ မဟုတ်ဘူး
သာသနာပြုရမှာ
တရားက အားထုတ်ချင်ရမှာ မဟုတ်ဘူး
တရားက အားထုတ်ရမှာ
လိုချင်မှုနဲ့ပေါင်းနေလို့ကတော့ လိုချင်လို့ဆုံးမှာမဟုတ်ဘူး
အမြဲတမ်းလိုချင်နေလိမ့်မယ်
ပူပန်မှုနဲ့ပေါင်းနေလို့ကတော့ ပူပန်လို့ဆုံးမှာ မဟုတ်ဘူး
အမြဲတမ်းပူပန်နေရလိမ့်မယ်

ဘာဖြစ်မှာ ညာဖြစ်မှာ ပူနေတဲ့စိတ်က ပူပဲ ပူနေမှာပဲ။
ဘာမှဖြစ်အောင်မလုပ်နိုင်ဘူး။
ပူပန်မှုကင်းတော့ စိုးရိမ်မှုကင်းတဲ့အတွက် ဘာမဆို ဖြစ်အောင်လုပ်လို့ရတယ်။
ထုံးတမ်းစဉ်လာကတော့ အသက်ကြီးလာပြီဆို ပူနေတော့တာပဲ။
သားသမီးတွေ ဆွေမျိုးတွေအတွက် ပူနေတော့တာပဲ။
ပူတဲ့အလုပ်ပဲ လုပ်တော့တာပဲ။ဘာလို့လဲဆိုတော့ ဒါပဲလုပ်တတ်တော့တာကို။
ကိုယ်ခန္ဓာကြီးက မသန်စွမ်းတော့ဘူး စိတ်ကလဲအားမရှိတော့ဘူးဆိုတဲ့အခါကျတော့
တစ်နေ့ တစ်နေ့ ထိုင်ပြီးတော့ ပူပန်တဲ့အလုပ်ပဲ လုပ်နေတော့ အသက်ကြီးရင် ဒီလိုနေရမှာပဲဆိုတဲ့
ထုံးတမ်းစဉ်လာကြီးကို မကောင်းတဲ့အမွေကြီးကို ဆက်ခံနေရမှာမဟုတ်ပဲ ထုံးတမ်းစဉ်လာက
လွန်မြောက်အောင် ကြိုးစားရမှာ။ တရားအားထုတ်တယ်ဆိုတာ ဒါတွေကို သုံးတတ်သွားတာပါ။

စိတ်က အချိန်စွဲ နေတော့
စားချိန်ရောက်ရင် စားချင်လာရော
အိပ်ချိန်ရောက်ရင် အိပ်ချင်လာရော
တိရိစ္ဆာန်တွေတောင်မှ မသိစိတ်က အချိန်စွဲနေတာ
ခွေးရူးပြန်ချိန်ရောက်ရင် ခွေးတွေစိတ်ဖောက်လာတယ်
ကြက်တွေလည်း တွန်ချိန်ရောက်ရင် တွန်ကြတယ်
အချိန်စွဲ နေရာစွဲတွေက စိတ်ကိုဒုက္ခပေးနေတာ

နေရာဆိုတာက စင်္ကြာဝဠာအနန္တဆိုတော့
ခန္ဓာငါးပါးအတွက် စိတ် စေတသိတ် ရုပ်အတွက်
ရောက်နိုင်တဲ့ နေရာတွေက အများကြီးပါပဲ
ဒီနေရာအများကြီးထဲမှာ ကိုယ်က တစ်သံသရာလုံး
ဒီနေရာလေးမှာပဲ ဒီလူလေးနဲ့ပဲ ဒီယောကျ်ား ဒီမိန်းမနဲ့ပဲ
ဒီသား ဒီသမီး ဒီဆွေမျိုးနဲ့ပဲ ပေါင်းရမယ်လို့ အာမခံချက်မရှိပါဘူး။

သံသရာကြီးက ရှည်တဲ့အခါကျတော့ အစမရှိ အဆုံးမရှိတော့
ဘယ်တော့မှ ရပ်နားတယ်ဆိုတာ မရှိတော့ ဒီဘဝ အချိန်လေးမှာတောင်
အသွားမတော် တစ်လှမ်းဆိုပြီးတော့ ဒုက္ခရောက်နိုင်သေးတာပဲ
အစားမတော် တစ်လုပ်ဆိုပြီး ကိုယ်ကြိုက်တာတွေ စားနေတဲ့ကြားထဲက
အသောက်မတော် ဆေးတစ်ခွက်ဆိုပြီးတော့မှ ဒုက္ခရောက်သွားနိုင်တယ်
အပြောမတော် တစ်ခွန်းဆိုပြီးတော့မှ စကားမှားလို့ ဒုက္ခရောက်နိုင်သေးတာပဲ
အဲ့တော့ တစ်ဘဝတောင် မှားနိုင်သေးတာပဲဆိုတော့ တစ်သံသရာလုံးဆိုရင်
အမှားပေါင်းက ရေတွက်နိုင်မှာ မဟုတ်တော့ပါဘူး။

ယောကျ်ားဘဝ ၊ မိန်းမဘဝ ၊ မိဘ ဘဝ၊ သားသမီး ဘဝ ဆိုတာ ကိုယ့်အား ကိုယ်ကိုးတာ
ဘုန်းကြီးဘဝ ၊ သီလရှင် ဘဝ ၊ ယောဂီဘဝ ဆိုတာ ဘုရားအားကိုးတာ
ကိုယ့်အားကိုယ်ကိုးတဲ့ စိတ်နဲ့ ဘုရားအားကိုးတဲ့ စိတ်နဲ့ ဘုန်းကံချင်း မတူပါဘူး။
ဘုန်းကံဆိုတာက ကောင်းတဲ့စိတ်တွေ များများ ဖြစ်ရင်
ကောင်းမှုကုသိုလ်တွေ များများလုပ်ဖြစ်ရင် ဘုန်းကံကြီးတာပါပဲ။

 

“ကောင်းကျိုးချမ်းသာတွေရဲ့ ဝင်ပေါက်တံခါးကြီးတွေ”

12119080_1685373845082579_2712512333639255816_n

“ကောင်းကျိုးချမ်းသာတွေရဲ့ ဝင်ပေါက်တံခါးကြီးတွေ” – Gate to prosperity ကြီးပွားတိုးတက်ခြင်းရဲ့ ဂိတ်ဝကြီး၆ ခု”

တကယ်စစ်မှန်တဲ့နည်းနဲ့ လူ့ဘဝတစ်ခုမှာပြည့်စုံ တိုးတက်ပြီးတော့ ကောင်းကျိုးချမ်းသာတွေရဖို့၊ ခိုင်မာဖို့ ဆိုတာကျတော့ ဘာလိုအပ်သလဲဆိုတာကိုမြတ်စွာဘုရား ဟောထားတာရှိတယ်၊ စဉ်းစား ကြည့်မယ်ဆိုရင် အင်မတန်မှမှန်ကန်တယ်၊ အဲဒါကို “အတ္တဒါွရ” လို့ သုံးထားတယ်၊ “ကောင်းကျိုးချမ်းသာတွေရဲ့ ဝင်ပေါက်တံခါးကြီးတွေ” – Gate to prosperity ကြီးပွားတိုးတက်ခြင်းရဲ့ ဂိတ်ဝကြီးတွေပေါ့၊ ကြီးပွားတိုးတတ်နိုင်တယ်၊ လူ့ဘဝရလာပြီဆိုရင် ကြီးပွားတိုးတက်နိုင်တယ်၊ လူ့ဘဝရလာပြီဆိုရင် ကြီးပွားတိုးတက်ခြင်းရဲ့ ဂိတ်ဝကြီးတွေ ၆ ခုရှိတယ်၊ ကြီးပွားတိုးတက်နိုင်တဲ့ အကြောင်းတရားဟာ ၆ မျိုးရှိတယ်တဲ့၊ ကိုယ့်ဟာကိုယ်လည်း စဉ်းစားကြည့်ပေါ့၊ ဒီ ၆ မျိုးကိုရ အောင်ဖန်တီးရမယ်။

နံပါတ် (၁) က “အာရောဂျံ” ကျန်းမာခြင်းတဲ့၊

ကိုယ်ကျန်းမာရမယ်၊ စိတ်ကျန်းမာရမယ်၊ ကျန်းမာတယ်ဆိုတာ နှစ်ခုရှိတယ်၊ ကာယကျန်းမာရေးနဲ့ စိတ္တကျန်းမာရေး၊ လူ့ဘဝရောက်ပြီဆိုရင် ကျန်းမာရေးနဲ့ ပြည့်စုံဖို့လိုတယ်၊ ကျန်းမာရေးနဲ့ပြည့်စုံအောင် လုပ်ရမယ်၊ ကံမကောင်းအကြောင်းမလှလို့ ရောဂါတွေဖြစ်ပြီးတော့ကုလို့မရတဲ့ ပုဂ္ဂိုလ်မျိုးတွေရှိတာပဲ၊ အနေအထိုင်အစားအသောက်မတတ်လို့ ကျန်းမာရေးချို့တဲ့သွားတဲ့ ပုဂ္ဂိုလ်တွေလည်း အများကြီးရှိတယ်၊ ပင်ကိုယ်က ကျန်းမာလျက်သားနဲ့ အနေ အထိုင် အစားအသောက်မတတ်လို့ မကျန်းမမာဖြစ်သွားတာ။
မကျန်းမမာဖြစ်သွားရင် အားလုံးဆုံးရှုံးသွားပြီလို့သာမှတ်ပေတော့၊ တချို့က ပိုက်ဆံရှိရင် ဆေးကုလို့ရတယ်လို့ ထင်ကောင်းထင်လိမ့်မယ်၊ ကုမရတဲ့ အနေအထားမျိုး incurable တွေရှိတယ်၊ အဲဒါကြောင့် နံပါတ်(၁) အရေးကြီးဆုံးက ကိုယ့်ကိုယ်ကို ကျန်းမာရေး ဂရုစိုက်ရမှာပဲ၊ ကိုယ်ကျန်းမာရမယ်၊ စိတ်ကျန်းမာရမယ်။
ကိုယ်ကျန်းမာဖို့အတွက်ကျတော့ physical exercise လုပ်တာတို့၊ ကိုယ်နဲံမတည့်တဲ့အစာ မစားတာတို့၊ ကိုယ်နဲံသင့်မြတ်တဲ့ အစားအစာ စားတယ်၊ မလော်လီဘူး၊ ကိုယ့်စိတ်ကို ထိန်းချုပ်တယ်၊ ကျန်းမာအောင်နေတယ်၊ ကျန်းမာအောင်ဝတ်တယ်၊ ကျန်းမာအောင်စားတယ်၊ ဒါတွေက ကာယကျန်းမာရေး အတွက်အထောက်အကူဖြစ်တယ်၊ ဒါကျန်းမာရေးလိုက်စားတဲ့ ပုဂ္ဂိုလ်တိုင်း သိတယ်၊ ဘုရားဟောတာလည်း ဒါပဲဟောတာပဲ။
စိတ်ကျန်းမာဖို့ကျတော့ ဘာလုပ်ဖို့လိုလဲဆိုတော့ လောကလူတွေဟာ ဘာကြောင့် စိတ်မကျန်းမမာဖြစ်သလဲဆိုတော့ လောဘတွေ လွှမ်းမိုးမယ်၊ ဒေါသတွေလွှမ်းမိုးမယ်၊ မောဟတွေ လွှမ်းမိုး မယ်ဆိုရင် စိတ်မကျန်းမမာဖြစ်လာတတ်တယ်၊ ဒါ့ကြောင့် ကိုယ့်သန္တာန်မှာ လောဘတွေကို များများ အဖြစ်မခံရဘူး၊ ဖြစ်လာလို့ရှိရင် ဒါတွေက စိတ်ကျန်းမာရေးထိခိုက်တဲ့အရာတွေပဲ ဆိုပြီးတော့ စိတ်ကျန်းမာ အောင်နေတယ်၊ စိုးရိမ်သောကတွေကို တရားဓမ္မကိုနှလုံးသွင်းခြင်းဖြင့် လျှော့ချလို့ရတယ်၊ အဲဒီလိုနည်းဖြင့် ကိုယ်ကျန်းမာအောင်၊ စိတ်ကျန်းမာအောင်နေရမယ်တဲ့။
ခုခေတ် စိတ်မကျန်းမာဘူး၊ စိတ်ရောဂါတို့ဆိုတာက တစ်မျိုး၊ အခုပြောတဲ့စိတ်ရောဂါဆိုတာ လောဘ၊ ဒေါသ၊မောဟ ဒါတွေကို လျှော့ချဖို့ပြောတာ။
အဲဒီတော့ စိတ်ကျန်းမာသွားပြီ၊ ကျန်းမာရေးကောင်းတာဟာ အားလုံးအတွက် အခွင့်အလမ်း တစ်ခုပဲ၊ ကိုယ်ကျန်းမာတယ်ဆိုရင် အားလုံးအတွက် အခွင့်အလမ်းချည်းပဲ၊ စီးပွားလုပ်မလား၊ ပညာရှာ မလား၊ တရားကျင့်မလား၊ ဘယ်ဟာအတွက်ဖြစ်ဖြစ် အကုန်လုံး အဆင်သင့်ဖြစ်တယ်၊ မကျန်းမာဘူးဆိုရင် အဲဒီအရာတွေ ဆုံးရှုံးသွားမယ်၊ ဘာတစ်ခုမှ လုပ်လို့မရတဲ့အခြေအနေမျိုးကို ရောက်သွားနိုင်တယ်၊ ဒါကြောင့်မို့ နံပါတ်တစ်ကြီးပွားတိုး တက်ဖို့ရာအတွက် ကောင်းကျိုးချမ်းသာတွေ ရဖို့ရာအတွက် အရေးကြီးတဲ့ ဂိတ်ဝကြီးတစ်ခုဟာ “ ကျန်းမာမှု” ပဲ။ ဒါကြောင့်မြတ်စွာဘုရား ဟောထားတာရှိတယ်။ “အာရောဂျံ ပရမာလာဘာ” ဆိုတာ လောကမှာ စိန်တွေ၊ ရွှေတွေ၊ ငွေတွေရတယ်၊ စီးပွားပစ္စည်းတွေရတယ်၊ ဘာတွေရရ ကျန်းမာမှုရတဲ့ပုဂ္ဂိုလ်ကသာ ခံစားနိုင်တာ၊ မကျန်းမာတဲ့ပုဂ္ဂိုလ်က မခံစားနိုင်ဘူး၊ ကျန်းမာမှ ဒါတွေက အဓိပ္ပာယ်ရှိတယ်၊ အိမ်ပေါ်ကမှ မဆင်းနိုင်အောင် ရောဂါရနေရင် မော်ဒယ်မြင့်ကားကြီးသူ့ရှိ လည်း သူစီးရမှာမှ မဟုတ်တာ၊ ဘာတွေလာခဲ့လာခဲ့ မကျန်းမာလို့ သူသုံးလို့မှမရတာ၊ ဒါကြောင့် ကျန်းမာ မှုဟာ နံပါတ် (၁) အရေးကြီးဆုံးပဲတဲ့။

နံပါတ် (၂) ဘာလုပ်ရမလဲဆိုတော့ “ကိုယ်ကျင့်တရားကောင်းဖို့” လိုတယ်။

ကိုယ်ကျင့်တရားကို လျှော့ပြီးတော့ မတွက်ရဘူး။ ကိုယ်ကျင့်တရားကောင်းမွန်ခြင်းသည် ကျန်းမာရေးအတွက်လည်း အထောက် အကူဖြစ်တယ်။ နောက်ဘဝဆက်တိုင်းမှာ လည်းကောင်းကျိုးချမ်းသာတွေ ရဖို့အတွက် အထောက် အကူဖြစ်တယ်၊ နှစ်ဖက်စလုံး အကျိုးရှိတယ်။
ကိုယ်ကျင့်တရားဆိုတဲ့နေရာမှာ မလုပ်သင့်တာကိုမလုပ်ဖို့၊ လုပ်သင့်တာကိုလုပ်ဖို့- ဒါကိုယ် ကျင့်တရားပဲ၊ စာရိတ္တသီလနဲံ ဝါရိတ္တသီလလို့နှစ်မျိုးရှိတယ်။
“ဝါရိတ္တသီလ”ဆိုတာ မလုပ်ရဘူးလို့သတ်မှတ်ထားတာ၊ ဘာတွေတုန်းဆို ဥပမာမယ်သူက မီးနဲ့တူတယ်၊ မီးကိုမကိုင်ရဘူးလို့အားလုံးသိကြတယ်။ ကိုင်ရင်ဘာဖြစ်တုန်းဆို – ကိုင်ရင်ပူမှာလောင်မှာပေါ့၊ မလုပ်ရဘူးဆိုတာ လုပ်ရင်ကိုယ့်မှာ ထိခိုက်မှာပဲ၊ လျှစ်စစ်မီးကြိုးကို သွားမကိုင်နဲ့၊ ကိုင်လို့ရှိရင် ဓာတ်လိုက် မယ်၊ ဒုက္ခရောက်မယ်၊ အဲဒါလိုပဲ ဝါရိတ္တသီလဆိုတာ ဒါမလုပ်ရဘူးလို့ တားမြစ်ထားတဲ့ကိစ္စ၊ မလုပ်ရဘူး လို့ဆိုတာ ပညတ်ချက်ကြီးတစ်ခုလို မဟုတ်ဘူး၊ ဒါလုပ်ရင် တုံ့ပြန်မှုက ဒုက္ခဖြစ်မယ်လို့ ပြောတာ။
ငါးပါးသီလဆိုတာမြတ်စွာဘုရားက laid down လုပ်ထားတာမဟုတ်ဘူး၊ ဘုရားရဲ့ ပညတ်ချက် မဘုတ်ဘူး။အခုခေတ် အန္တရာယ်ရှိတဲ့နေရာမှာ Dangerous လို့ရေးထားတယ်လေ၊ အန္တရာယ်လို့ရေးထားတာကို မရှောင်ဘူးဆိုရင် ခံရမှာပဲလေ၊ ဝါရိတ္တသီလရဲ့ အဓိပ္ပာယ်က Dangerous လို့ပြောတဲ့ အဓိပ္ပာယ်ပဲ။ ပါဏာတိပါတ၊ အဒိန္နာဒါန၊ ကာမေသုမိစ္ဆာစာရ၊ မုသာဝါဒ၊ သုရာမေရယဆိုတာ ဒါတွေကို မလုပ်နဲ့၊ ဒါတွေဟာ Dangerous ပဲ၊ တုံ့ပြန်လာရင် ခံရမယ်လို့ ဒီလိုပြောတာနော်၊ တချို့က “ငါးပါးသီလ ဘုရားမဟောပါဘူး” လို့ ဒီလိုပြောတဲ့လူလည်းရှိတာပဲ။ “ငါးပါးသီလ မလုံလည်း တစ်ပါးလောက်လုံလည်း ရတယ်”တို့ – ဘယ်ဟာမှ နားမယောင်လေနဲ့၊ဒီဟာတွေက Dangerous ပဲနော်၊ မြတ်စွာဘုရားက Dangerous လို့ စာတန်းထိုးပေးထားတဲ့ သဘောပဲ၊ သဘာဝကိုက အဆိုးနဲ့ တုံ့ပြန်မှာနော်။
“စာရိတ္တသီလ” ဆိုတာကျတော့ လုပ်သင့်လုပ်ထိုက်တာ၊ လောကမှာ လုပ်သင့်လုပ်ထိုက်တယ်ဆိုတာ မိဘတွေကို စောင့်ရှောက်မယ်၊ ဆွေမျိုးသားချင်းတွေကို စောင့်ရှောက်မယ်၊ မိတ်တွေသင်္ဂဟတွေကို စောင့်ရှောက်ရမယ်၊ လောကမှာ လုပ်သင့်လုပ်ထိုက်တဲ့အလုပ်တွေကို လုပ်တယ်၊ ဒါက စာရိတ္တသီလ။
ဒါကြောင့် ဝါရိတ္တသီလလည်း ရှိရမယ်။ စာရိတ္တသီလလည်း ရှိရမယ်။ အဲဒီလို ကိုယ်ကျင့်တရားကောင်းမွန်အောင် ကိုယ့်ကိုယ်ကို ကြိုးစားအားထုတ်ရမယ်။

နောက် နံပါတ်(၃)က “ဆုံးမသြဝါဒ” –

ကြီးပွားတိုးတက်ရေးအတွက် ဘာလိုတုန်းဆိုတော့ လောက လူ့အသိုင်းအဝိုင်းထဲမှာ ဦးဆောင်တဲ့ပညာရှိတွေဆိုတာရှိတယ်၊ လူကြီးသူမတွေရှိတယ်။ မိသားစုထဲမှာဆိုရင် အတွေ့အကြုံရင့်ကျက်တဲ့ အမေတို့၊ အဖေတို့၊ အဖိုးတို့၊ အဖွားတို့ဆိုတာတွေရှိတယ်၊ သူတို့ရဲ့ အတွေ့အကြုံတွေ၊ အဆုံးအမတွေကို မှတ်သားနာယူသင့်တယ်၊ ဆုံးမသြဝါဒ Instruction ဆိုတာ ဘယ်နေရာမဆိုရှိတာချည်းပဲ။ Instruction မရှိဘဲနဲ့ အလုပ်လုပ်ရင် အကုန်လွဲချော်နိုင်တာပေါ့။
အမေက ဆုံးမတာပဲဖြစ်ဖြစ်၊ အဖေကဆုံးမတာပဲ ဖြစ်ဖြစ်၊ ပညာရှိတွေက ဆုံးမတာပဲဖြစ်ဖြစ်၊ စာပေကရတဲ့ ဆုံးမသြဝါဒပဲဖြစ်ဖြစ်၊ ဘယ်ဆုံးမသြဝါဒမဆို လူတွေက ကျယ်ကျယ်ပြန့်ပြန့် နာယူကြရတယ်လေ၊ မြင်ဆရာတဲ့၊ ကြားဆရာတဲ့၊ ကိုယ်မြင်တဲ့အပေါ်မှာ သင်ခန်းစာယူမယ်၊ ကြားတဲ့အပေါ်မှာ သင်ခန်းစာယူမယ်၊ လောကမှာ ကြီးပွားတိုးတက်ဖို့အတွက် အဲဒီလိုဆုံးမသြဝါဒတွေကလည်း လိုအပ်တယ်တဲ့။

နောက် နံပါတ်(၄)ကျတော့ “သုတ”၊

ခုနက ပညာရှိတွေရဲ့ အဆုံးအမ၊ သုတဆိုတာ မိမိကိုယ်တိုင် အကြားအမြင် ဗဟုသုတတွေကို ဆည်းပူးအားထုတ်ရမယ်၊ လောကမှာ အကျိုးရှိအောင် အောက်ထစ်ဆုံး ဈေးအရောင်းအဝယ်လုပ်တာတို့၊ Managing လုပ်တဲ့ ပညာတို့၊ ဘာပဲဖြစ်ဖြစ်ပေါ့၊ business နဲ့ ပတ်သက်တဲ့ ပညာတို့၊ Computer ပညာတို့ စသဖြင့်ပေ့ါ၊ ဗဟုသုတ ဆိုတာ အကုန်လုံး ဆည်းပူးအားထုတ်ရတယ်တဲ့၊ ဒါလည်းပဲ ကြီးပွားတိုးတက်ခြင်း အကြောင်းတစ်ခုပဲ။

နောက် နံပါတ်(၅)က “ဓမ္မကို ကျင့်သုံးရမယ်”

ဒါကတော့ လက်တွေ့လုပ်ဖို့လိုတယ်၊ ဓမ္မကို ကျင့်သုံးတယ်ဆိုတာ သုစရိုက်တရားတွေကို ဆောင်ရွက်ပြီး ဒုစရိုက်တရားတွေကို ရှောင်တာပဲ။
လောကလူတွေ ကိုယ့်ဟာကိုယ် ကျင့်သုံးလို့ရတာ ဘာတုန်းဆိုရင် စိတ်အတွေးနဲ့ ပတ်သက်ပြီးတော့- သူများပစ္စည်းကို ကိုယ့်ပစ္စည်းဖြစ်လိုတဲ့ လောဘနဲ့ အတွေးမျိုးတွေ မတွေးရဘူး၊ သူများကို ပျက်စီးပါစေ၊ ဒီလူဟာ ဆုတ်ယုတ်နစ်နာသွားပါစေ၊ ဒုက္ခရောက်သွားပါစေဆိုတဲ့ ဒေါသနဲ့ အတွေးမျိုးတွေ မတွေးရဘူး။ ကံ၊ ကံ၏အကျိုးကို ငြင်းပယ်တဲ့အမြင်တွေ မမြင်ရဘူး။ အဲဒါတွေဟာ မှန်ကန်တဲ့အတွေး မနောကံဆိုင်ရာ သုစရိုက်တရားလို့ ခေါ်တယ်။
နှုတ်နဲ့ ပတ်သက်လာလို့ရှိရင်လည်း လိမ်မပြောရဘူး၊ မှန်တာပဲပြောရမယ်၊ တချို့က မှန်တာပြောတာကို ဝန်လေးတတ်တယ်၊ မှန်တာပြောတယ်ဆိုတဲ့ နေရာမှာ ပိုပြီးအရေးကြီးတာက လူတစ်ဖက်သားဒုက္ခရောက်အောင် ရုံးပြင်ကန္နားတက်ပြီး ဒီလူမဟုတ်တာကို အဟုတ်၊ ဟုတ်တာကို မဟုတ်ဘူးလို့ သက်သေလိုက်တာမျိုးကို ဆိုလိုတယ်၊ ကြောက်လို့ လှီးလွှဲပြောတဲ့ မုသာဝါဒမျိုးကို ပြောတာမဟုတ်ဘူး၊ အပြစ်ကြီးတဲ့ မုသာဝါဒဆိုတာ လူတစ်ယောက်ကို ဒုက္ခရောက်အောင် မဟုတ်တမ်းတရားတွေကို လိမ်လည်ပြီးတော့ ပြောတာမျိုး၊ ထွက်ဆိုတာမျိုး၊ အဲ့ဒါမျိုး မလုပ်ဘဲနဲ့ မှန်တာကိုပြောရမယ်။
နောက်ပြီးတော့ လူသားအချင်းချင်း၊ ကိုယ့်ပတ်ဝန်းကျင်အချင်းချင်း၊ မိတ်တေ သင်္ဂဟအချင်းချင်းမှာ တစ်ဦးနဲ့ တစ်ဦး မတည့်အောင်မလုပ်ရဘူး၊ တည့်အောင်သာ ပြောရမယ်။ ဒါလည်း အရပ်ထဲမှာတို့၊ မိသားစုထဲမှာတို့ အလွန်အရေးကြီးတာ။
နောက်တစ်ခုက ရိုင်းပြတဲ့စကားကို မသုံးရဘူး၊ ယဉ်ကျေးတဲ့ စကားအပြောမျိုးကို ပြောရတယ်။ နောက်တစ်ခုက အကျိုးမရှိတဲ့ စကားရပ်တွေကို ပြောပြီးတော့ အချိန်ဖြုန်းတာမျိုးမလုပ်ရဘူး၊ ဒါ နှုတ်နဲ့ပတ်သက်တဲ့ ကောင်းတဲ့အလုပ်တွေပေါ့၊ အသိဉာဏ်နဲ့ ပြောတဲ့ စကားမျိုးပဲ ပြောရမယ်။
နောက် ကာယကံနဲ့ ပတ်သက်လာတဲ့ အခါကျတော့ သူများအသက်ကိုမသတ်ဘူး၊ သူ့ဥစ္စာမခိုးဘူး၊ နောက်ကာမကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ စည်းကမ်းပျက်တဲ့ ကိစ္စတွေကို မလုပ်ဘူး၊ မှားယွင်းတဲ့ အလုပ်တွေကို မလုပ်ဘူး၊ လူ့သိက္ခာကို ထိန်းသိမ်းစောင့်ရှောက်ရတယ်၊ ဒါတွေဟာ ကြီးပွားတိုးတက်ခြင်းအကြောင်းပဲ၊ တစ်ခုခုလုပ်လို့ရှိ့ရင် လူသိရင်လည်း ရှုံ့ချခံရမယ်၊ မသိရင်လည်း ကိုယ့်ရဲ့ကိုယ်ကျင့်တရားဟာ ပျက်ပြားတယ်၊ လူမသိတာက အကဲ့ရဲ့မခံရရုံပဲ ရှိတယ်နော်၊ ပျက်စီးမှုကတော့ ရှိတာပဲ၊ ဒါ့ကြောင့် “ဓမ္မာနုဝတ္တိ”လို့ ခေါ်တဲ့ ကိုယ်ကျင့်တရားနဲ့ ပတ်သက်ပြီးတော့ လိုက်နာကျင့်သုံးရမယ်။

နောက်တစ်ခု နံပါတ်(၆) က “စိတ်ဓာတ်ဟာ ကောင်းတာလုပ်တဲ့အပေါ်မှာ အမြဲတမ်း တက်ကြွနေဖို့ လိုတယ်”ပေါ့၊

Continue reading

ကိုယ့်အပေါ်မှာ ဘုရားလောက် ဘယ်သူကမှ မေတ္တာမကြီးမားပါဘူး

11295535_1442096259439119_4440562317273134251_n

သူတစ်ပါး မကောင်းမှုပြုနေတာ မြင်ရရင်
မျက်စိမမြင်သလို နေပါ
သူတစ်ပါး မကောင်းမှုပြုနေတာ ကြားရရင်
နားမကြားသလို နေပါ
သူတစ်ပါးအကြောင်း မကောင်းပြောချင်ရင်
ပါးစပ် မပါသလို နေပါ

လောဘ ဒေါသ မောဟစိတ် တို့ဖြင့်
မြင်ရ ကြားရ ပြောရတဲ့သူ မဖြစ်ပါရစေနဲ့

သဒ္ဒါ မေတ္တာ ပညာ စိတ်တို့ဖြင့်
မြင်ရ ကြားရ ပြောရတဲ့သူ ဖြစ်ပါရစေ။

တွေးဆ ဆင်ခြင် ဉာဏ်သက်ဝင်၍
မိဘကျေးဇူး အထူးဆပ်နိုင်ကြပါစေ

ခန္ဓာ အနိစ္စ

အသက်စည်းစိမ် ခန္ဓာအိမ်ကား
တိမ်တခဲနက် ကြည့်ရင်းပျက် သို့
မျက်စေ့အောက်တွင် လွင့်ပျောက်စင် ၏ ။

သင်္ခါရစက် သူပိုင်နက် ၌
သွက်သွက်လည်ကာ ပါရရှာ သည်

ခန္ဓာ အနိစ္စပါတ ကား ။ ။

( တိပိဋကဓရ မင်းကွန်း ဆရာတော်ဘုရားကြီး )
အသုဘသဘော

ကြိုက်နှစ်သက်ရာအရိယာ ခန္ဓာညဏ်နဲ့ရှု
မိမိခန္ဓာသေလိုက်ပါ ယုံကြည်သမှုပြု
သုံးရက်လောက်ကြာ ဒီခန္ဓာဖူးယောင်စပြု
၁၀ ရက်ခန့်ကြာ ဤခန္ဓာ ပုပ်ဟောင်လောက်စွဲပြု
အသားထဲကလောက်ဖြစ်လာ ခန္ဓာပေါက်ထွက်
ဉာဏ်နဲ့ရှု
အသားစိုင်များဆွေးမြေ့ကာ ရွှံရှာအမှတ်ပြု
ရက်ကြာမြင့်လာငါ့ခန္ဓာ အသားမရှိအရိုးဖြစ်
မတင့်တယ်ပါငါ့ခန္ဓာ ဆက်ကာရှုမှတ်ပါ
လများစွာရက်ကြာလာ အရိုးစစ်ပြုတ်ကာတစ်စစီဖြစ်
ဒါလဲငါပဲသေချာတာ ဆက်ကာသေချာရှု့
နှစ်ကြာမြင့်လာငါ့ခန္ဓာ အမှုန်အမွှားဖြစ်
ဘယ်မှာလဲငါမရှိတော့ပါ ဘာကျန်သလဲသေချာစစ်
ဘဝသစ်ဖြစ်ရာ အစွဲပါကံသာကျန်ရစ်ဘဝဖြစ်

ဘုရားပြောစကားလည်း နားထောင်တယ်
ဗေဒင်ဆရာ ပြောစကားလည်း နားထောင်တယ်ဆိုရင်တော့
ဘုရားရှင်နဲ့ဗေဒင်ဆရာ တစ်တန်းထဲ ထားသလို ဖြစ်သွားပါပြီ
ဘုရားရှင်ဆိုတာ ရာဟုလာနဲ့ ဒေဝဒတ်ကိုတောင် တစ်တန်းထဲ မေတ္တာထားတာပါ
ကိုယ့်အပေါ်မှာ ဘုရားလောက် ဘယ်သူကမှ မေတ္တာမကြီးမားပါဘူး

ကိုယ်ကျင့်တရား၊ ကိုယ်ကျင့် သီလဆိုတာ
ကိုယ့်ဘာသာ ကိုယ်ပဲ ကျင့်ကြံအားထုတ်ရလို့
သူတစ်ပါးက အစား ကျင့်ပေးလို့ မရလို့
ကိုယ် ကိုယ်တိုင် ကြိုးစားစောင့်ထိန်းရခြင်း ဖြစ်တယ်။
မင်းအစား ငါ ရင်နာလိုက်တာတို့၊ မင်းနဲ့ငါ နေရာချင်းလဲလိုက်ချင်တာတို့၊
ငါ တော်တော် ဒေါသထွက်နေတာတို့ ဆိုတာတွေဟာ
သူတစ်ပါးအပြစ်ကနေတောင် ကိုယ့်အပြစ်ဖြစ်အောင် ပြောင်းယူလိုက်တာပါပဲ
ကုသိုလ်နဲ့ အကုသိုလ်ဆိုတာ အဲ့ဒီလို ကွာပါတယ်။
နိဗ္ဗာန်ဝင်အောင် နဲ့ ငရဲကျအောင် ကိုယ်ကပဲ ပြုလုပ်တယ်ဆိုတာ မမေ့ပါနဲ့။

 

သတိနဲ့မနေတဲ့စိတ်ဟာ အရူးလိုပါပဲ

11904683_1666753383557254_8208922828733732835_n

မီးလောင်ခံရမှ ဆင်းရဲဒုက္ခရောက်တယ် မထင်နဲ့
ရေနစ်၊ရေကြီးရင်လည်း ဆင်းရဲဒုက္ခရောက်တာပဲ
ဆင်းရဲတာမှ ဒုက္ခရောက်တယ် မထင်နဲ့
ချမ်းသာရင်လည်း ဒုက္ခရောက်နေတာပဲ
မုန်းမှ စိတ်ပူလောင်ရတာမဟုတ်ဘူး
ချစ်ရင်လည်း စိတ်ပူလောင်ရတာပဲ
လောကဓံတရားရှစ်ပါးဆိုတာ ဆန့်ကျင်ဘက်တရားတွေပဲ
အပြန်အလှန်ဒုက္ခရောက်နေကြတာ
လောကဓံမုန်တိုင်းနဲ့ကြံ့ခိုင်သည့်စိတ်ထား
ဘယ်လိုထားမလဲဆိုတာပဲ အရေးကြီးတယ်

သက်ဆိုးရှည်တယ်ဆိုတာ လောဘ ဒေါသ မောဟ အကုသိုလ်မကင်းပဲနဲ့ အသက်ရှင်နေတာ
သက်ကောင်းရှည်တယ်ဆိုတာ ကုသိုလ်ကောင်းမှုတွေများများလုပ်ရင်းနဲ့ အသက်ရှင်နေတာ

ငွေ၊ဂုဏ်၊ ရာထူး စည်းစိမ်နောက်လိုက်ရင်းနဲ့ မိသားစုနဲ့ ဝေးသထက် ဝေးနေကြရတယ်
ကိုယ်ချစ်တဲ့ ခင်တဲ့သူတွေနဲ့ အတူမနေရတဲ့ နေ့တွေ ပိုများလာတယ်
ကိုယ်ဆောက်ထားတဲ့ တိုက်ကြီးပေါ်မှာ နေရတဲ့ ရက်တွေ မရှိသလောက် ရှားလာတယ်
ကုသိုလ်ကောင်းမှုတွေလုပ်ဖို့ အချိန်မရှိသလောက် ဖြစ်လာတယ်

သာသနာထွန်းကားတယ်ဆိုတာ အမှန်တရားကို သိရှိတာ လက်ခံတာ လိုက်နာကျင့်သုံးတာ
သာသနာကွယ်တယ်ဆိုတာ အမှန်တရားကို မသိတာ လက်မခံတာ မလိုက်နာမကျင့်သုံးတာ

ကြောက်တဲ့စိတ်နဲ့ကြည့်ရင် တစ်လောကလုံးက ကြောက်စရာချည်းပဲ
သံသယစိတ်နဲ့ကြည့်ရင် အရာရာကို သံသယဖြစ်စရာချည်းပဲ
အားကိုချင်တဲ့စိတ်နဲ့ကြည့်ရင် အကုန်လုံးက အားကိုချင်စရာချည်းပဲ
လိုချင်တဲ့စိတ်နဲ့ကြည့်ရင် အရာရာ လိုချင်စရာချည်းပဲ
စားချင်တဲ့စိတ်နဲ့ကြည့်ရင် အရာရာ စားချင်စရာချည်းပဲ
အရာရာစိတ်ပဲ စိတ်က ဖန်ဆင်းထားတာပါပဲ
အရာရာရှိတာမဟုတ်ပဲ စိတ်ရဲ့သတ်မှတ်ချက်တွေပဲ ရှိနေတာ
စိတ်က လက်ခံရင် လက်ခံသလို ဖြစ်တာပါပဲ
ဦးနှောက်နဲ့တော့ ဉာဏ်မှီမှာမဟုတ်ဘူး
ဦးနှောက်ကတော့ တိရိစ္ဆာန်တွေမှာလည်း ရှိတာပဲ
ဦးနှောက်ဆိုတာ အကန့်အသတ်ရှိတယ်
ကိလေသာရဲ့ လက်နက်ပဲ
ကိလေသာကတော့ တကယ်ရှိတာကို ဘယ်သိပါ့မလဲ
ဖန်ဆင်းထားတာတွေ သတ်မှတ်ထားတာတွေကို သိမှာပဲ

ပညတ် ပရမတ် သိတာနဲ့လည်း မမြတ်သေးဘူး
ပညတ် ပရမတ် ကွဲတာနဲ့လည်း မမြတ်သေးဘူး
ပညတ် ပရမတ် နှစ်ခုစပ် သိတတ်သူက မြတ်

သတိမရှိရင် ၁ စက္ကန့် ၁ မိနစ် ၁ နာရီ အတွင်းမှာ
အကုသိုလ်စိတ်တွေ လှေတွေ လှည်းတွေ ကားတွေနဲ့
တိုက်လို့ မကုန်နိုင်အောင် များလွန်းလှတယ်
သတိနဲ့မနေတဲ့စိတ်ဟာ အရူးလိုပါပဲ

တရားအားထုတ်တယ်ဆိုတာ စိတ်ကိုပြင်တဲ့ အလုပ်ပါပဲ
မြတ်စွာဘုရား နောက်ဆုံးသာသနာမှာ စိတ်ကိုပြင်ဖို့ အရေးတကြီးလုပ်သင့်ပါပြီ။

 

စင်္ကြာဝဠာအနန္တထဲမှာ ကမ္ဘာကြီးဆိုတာလည်း ဘာမှမဟုတ်ပါဘူး

11902244_1666753400223919_1043621672878655299_n

သစ္စ္စာမသိရင် ပင်လယ်ထဲ ပျက်နေတဲ့ သင်္ဘောနဲ့တူတယ်။
တောင်လေတိုက်ရင် တောင်ဘက်ဝဲလိုက် မြောက်လေတိုက်ရင် မြောက်ဘက်ယိန်းလိုက်နဲ့။ လောဘဝဲထဲ မျောလိုက်။ ဒေါသဝဲထဲ မျောလိုက်။ မောဟဝဲထဲမျောလိုက်နဲ့။ အဝိုင်းပတ်ပြီးပြေးနေတာ ဘယ်မှာလမ်းဆုံးပါ့မလဲ။
သစ္စ္စာမသိလို့ကတော့ ဝဲလမ်းနဲ့ မြုပ်လမ်းလို့သာ မှတ်ကြ။
မိုးကုတ်ဆရာတော် ဘုရားကြီး
အမေရိကန်မှာ မီလျံနာသူဌေးတွေရှိတယ်
တင်းတိမ်ရဲ့လား
အငတ်ပြေရဲ့လား မပြေပါဘူးဘုရား
ဘာရောဂါထကြပါလိမ့် အငတ်နာရောဂါပါဘုရား။

မိုးကုတ်ဆရာတော်ဘုရားကြီး

ကမ္ဘာကြီးဆိုတာ လူတွေရှု့ထောင်က ကြည့်ရင်တော့
သယံဇာတတွေ ပေါကြွယ်ဝပြီး တကယ့်ကို သိမ်းပိုက်ချင်စရာပေါ့
ကိုယ်တန်ဖိုးထားတော့ တန်ဖိုးရှိနေတာ တကယ့်တန်ဖိုးထားစရာကြီးပေါ့
ငါတို့ကမ္ဘာကြီးပေါ့
အားလုံးက ဝိုင်းပြီး တန်ဖိုးထားတော့ ကိုယ်ကလဲ လူထဲကလူတစ်ယောက်ဖြစ်တော့
တန်ဖိုးထားရတာပေါ့
လွတ်လွတ်လပ်လပ်ကြည့်မယ်ဆို ကမ္ဘာကြီးဆိုတာက စင်္ကြာဝဠာအနန္တထဲက
အမှုန်လေး တစ်မှုန်ပဲ ရှိပါတယ်
အင်မတန်ကြီးကျယ်တဲ့ စင်္ကြာဝဠာအနန္တထဲမှာ အစက်ကလေးတစ်စက်အဖြစ်ပဲ ရှိပါတယ်
သဲသောင်ပြင်ပေါ်က သဲမှုန်လေးတစ်မှုန်လိုပါပဲ သဲသောင်ပြင်ပေါ်မှာ သဲမှုန်လေးတစ်မှုန်က တန်ဖိုးမရှိသလိုပါပဲ
စင်္ကြာဝဠာအနန္တထဲမှာ ကမ္ဘာကြီးဆိုတာလည်း ဘာမှမဟုတ်ပါဘူး
အဲ့တော့ ကမ္ဘာကြီးပေါ်က လူတစ်ယောက်ဆိုတာလည်း ဘာမှမဟုတ်ပါဘူး
ကိုယ်တန်ဖိုးထားလို့သာ တန်ဖိုးရှိတယ်လို့ ထင်နေရတာပါ

ကြောင်စိတ်ထဲမှာ ကြွက်ရှိနေလို့
ကြောင်က ကြွက်ကို ဖမ်းနိုင်တာပါ
မြွေစိတ်ထဲမှာ ဖားရှိနေလို့
မြွေက ဖားကို မျိုနိုင်တာပါ
ယင်ကောင်စိတ်ထဲမှာ အညှီရှိနေတော့
အညှီရှိရာ ယင်အုံသလိုပေါ့
ပုရွက်ဆိတ် စိတ်ထဲမှာ အချိုရှိနေတော့
အချိုရှိရာ ပုရွက်ဆိတ်တွေ ဝိုင်းအုံနေသလိုပေါ့
ကိုယ့်စိတ်ထဲမှာ ရှိတာပဲ
ကိုယ်မြင်နိုင်တာပါ
ကိုယ့်စိတ်ထဲမှာ အပါယ်လေးပါးရှိနေလား
နိဗ္ဗာန်ရှိနေလား
ကိုယ့်စိတ်ထဲမှာ ဘာရှိနေလဲ …. ?

အစိုးရက ကြည့်တော့ နိုင်ငံမှာရှိတဲ့
အရာတွေ သူပိုင်တယ်ပေါ့
ပြည်သူလူထုက ကြည့်တော့
ငါ့အိမ် ငါ့ကား ငါ့လုပ်ငန်းတွေပေါ့
တကယ်တော့ ဘယ်သူက ဘယ်သူ့ကိုမှ ဘာကိုမှ တကယ်မပိုင်ပါဘူး

လောကီလူအများစုကတော့ သတ်မှတ်ထားတဲ့
ပေတံတွေနဲ့သာ တိုင်းတာ တတ်ကြပါတယ်
ပစ္စည်းဆိုလဲ ဘာတံဆိပ်လဲ ဘယ်နိုင်ငံကလဲ
လူဆိုလဲ ဘာလူမျိုးလဲ ဘယ်သူ့သားသမီးလဲ ဆိုတဲ့
လောကီပေတံတွေနဲ့ပဲ တိုင်းတာကြတာ များပါတယ်

ပုဂ္ဂိုလ်ခင်လို့ တရားမင်ဆိုပေမယ့်
တရားမင်လို့ ပုဂ္ဂိုလ်ခင်တာက ပိုပြီး စိတ်ချရပါတယ်
ပုဂ္ဂိုလ်ဆိုတာက မိသားစု အချင်းချင်း ၊ဆရာတပည့်ဆိုတာတောင်
တည့်ဖို့က လွယ်မှ မလွယ်ပဲ ပုဂ္ဂိုလ်ကို အဓိကထားနေရင်
ရေရှည်မှာလက်တွဲဖို့က မလွယ်ဘူးပေါ့
အဲ့တော့ ဓမ္မကိုအဓိကထားလိုက်မယ်ဆိုရင်တော့ စိတ်ချရတာပေါ့

လောကမှာ သူနဲ့ငါနဲ့ မတည့်ဘူး
ဟိုလူ့ မခေါ်ဘူး ဒီလူနဲ့မခေါ်ဘူး
သူနဲ့မပေါင်းဘူး ငါနဲ့ပေါင်းဆိုပြီး
ရွေးချယ်ခွင့် ရှိချင် ရှိမယ်
သေမင်းနဲ့ကျတော့ သတ္တဝါတိုင်း
ကြီးငယ် မရွေး ရွေးချယ်ခွင့်မရှိ ပေါင်းကြရတာပါပဲ

 

ဘုရားဆိုတာ စိတ် လွတ်လပ်ရေး ဖခင်ကြီးပါပဲ

11143232_1655239978023667_5317009133471951230_o

ဘုရားဆိုတာ စိတ် လွတ်လပ်ရေး ဖခင်ကြီးပါပဲ။ အနန္တသတ္တဝါအားလုံးရဲ့ ကျေးဇူးရှင်ပါ။
ဘုရားရဲ့ စိတ်ပိုင်းဆိုင်ရာ အမွေကို ဘုရားသာသနာရှိတုန်း အရယူနိုင်အောင် ကြိုးစားပါ။

ဘုရားရှင်ဆိုတာ မှားရင်လည်း မဟောပါဘူး။ ဟောရင်လည်း မမှားပါဘူး။
ကိုယ်သိသလောက် ဉာဏ်လေးနဲ့ ဟိုတိုင်းထွာ ဒီတိုင်းထွာ လုပ်မနေပါနဲ့။
ဘုရားရှင်ဖြစ်စေချင်တဲ့ အသိဉာဏ်သာ ရအောင် ကြိုးစားပါ။

တရားက တရားထိုင်ချိန်ပြီးတာနဲ့ ဆက်မှတ်စရာမလိုတော့တာ မဟုတ်ပါဘူး။
တရားစခန်းက ထွက်တာနဲ့ တရားရှု့မှတ်စရာမလိုတော့တာ မဟုတ်ပါဘူး။
သွား ရပ် ထိုင် လျှောင်း ဣရိယာပုတ် လေးပါးစလုံးမှာ အမြဲမပြတ် ရှု့မှတ်နေဖို့လိုပါတယ်။
ယောဂီဘဝနဲ့မှ တရားအားထုတ်ရတာ မဟုတ်ပါဘူး။
အချိန်တိုင်း စက္ကန့်မလပ် သီလ သမာဓိ ပညာနဲ့ အနိစ္စ ဒုက္ခ အနတ္တကို ရှု့မှတ်နေရတာပါ။

ငိုခြင်းနဲ့ရယ်ခြင်းဟာ လူသားတိုင်း အတူတူပါပဲ။
မတူတာက ဘာသာစကား ၊အတွေးအခေါ်၊ ပုံပန်းသဏ္ဍာန်။
အိုခြင်း နာခြင်း သေခြင်းဟာလဲ လူမျိုးတိုင်း နိုင်ငံတိုင်း သတ္တဝါတိုင်းမှာ ရှိနေတဲ့ ပြဿနာပဲ။
universal suffering အနေနဲ့ ခံစားရတာ အတူတူပါပဲ။

ဘုရားကို ဘုရားလို့ သိတာနဲ့ ယုံတာ မတူဘူးနော်။
ယုံတယ်ဆိုတာက အသိဉာဏ် ပါချင်မှ ပါတယ်။
သိတယ်ဆိုတာက ကိုယ်ပိုင်အသိဉာဏ် ပါတယ်။

သစ္စာမသိသမျှကာကလပတ်လုံး သူများပါးစပ်ဖျားမှာ လမ်းဆုံးနေရအုံးမှာပါပဲ။
ဟိုလူပြော ဟုတ်နိုးနိုး ဒီလူပြော ဟုတ်နိုးနိုး ဖြစ်နေရအုံးမှာပဲ။

လူတိုင်း အသက်ရှုချင်းသာတူရင် မကျန်းမမာမဖြစ်လို့ ဆေးရုံ ဆေးခန်းဆိုတာတောင်ရှိမှာ မဟုတ်ဘူး

ဓမ္မမျက်စိဆိုတာ ဖြစ်ခြင်းသဘောရှိသမျှ အရာအားလုံးဟာ ပျက်ခြင်းအဆုံးရှိတယ်ဆိုတာကို ခိုင်ခိုင်မာမာ သိရှိသွားတာပဲ။လိုချင်ခြင်းရဲ့အဆုံး မလိုချင် ခြင်းဆိုတာကို ရောက်ရှိသွားတယ်။

ဘာသာတရားတစ်ခုရဲ့ တန်ဖိုးဆိုတာ အဆုံးအမပဲ ဖြစ်တယ်။ တန်ခိုးပြခြင်း မဟုတ်ပါ။

 

လောကသားတို့အတွက် မြတ်ဗုဒ္ဓ၏ ကြိုးပမ်းချက်များ

11230853_525302260954878_1343449969899662901_n

မြတ်စွာဘုရားဟာ လောကလူသားတွေအတွက် ပွင့်လာရခြင်းဖြစ်တယ်ဆိုတာ တစ်နေ့ ၂ နာရီလောက်ပဲကျိန်းစက်တော်မူပြီး
၄၅ ဝါ ကာကပတ်လုံး နေ့မအား ညမနား တရားရေအေး တိုက်ကျွေးတော်မူခဲ့တယ် ၊ လောကသားတို့အတွက် မြတ်ဗုဒ္ဓ၏ ကြိုးပမ်းချက်ဟာ အင်မတန်မှ တန်ဖိုးရှိတယ်ပေါ့။

မြတ်စွာဘုရားဟာ အင်္ဂုလိမာလ လို လူကြမ်းကြီးကိုလည်း သိမ်မွေ့စေခဲ့တယ်၊ပဋာစာရီကိုလည်း အရူးဘဝကနေလွတ်အောင် ဓမ္မမျက်စိ ဖွင့်ပေးခဲ့တယ်။ အရှင်ဒေဝဒတ်လို ကိုယ့်အပေါ်
လုပ်ကြံသူကိုလည်း ချစ်သားရာဟုလာနဲ့မခြား သည်းခံခြင်းနဲ့ မေတ္တာထားနိုင်ခဲ့တယ်။ ဘုရားရှင်ရဲ့ ဂုဏ်တော်တွေထဲက သတ္တဝါတွေကို ဆုံးမတဲ့နေရာမှာ အတုမရှိ အနှိုင်းမဲ့ ဂုဏ်ဆိုတာ
အင်မတန် ကြည်ညိုစရာ ကောင်းတယ်ပေါ့။

မြို့ ရွာ တိုက် တာ တွေတောင်မှ လုံအောင် ပိတ်နိုင်သေးတာပဲ။
လက်နှသစ်လောက်ရှိတဲ့ ပါးစပ်တစ်ပေါက်ကိုတော့ လုံအောင် ပိတ်ဖို့ကောင်းတာပေါ့။
ပြောသင့်တဲ့ စကားကို လိုအပ်တဲ့ အချိန်မှာ ပြောကို ပြောရမှာ ဖြစ်တယ်။
အပိုစကားတွေကိုလဲ မလိုအပ်ပဲ မပြောသင့်ဘူးပေါ့။

မှန်ကန်သောရွေးချယ်မှု ၊ အမြှော်အမြင်ကြီးမားမှု၊ စည်းလုံး ညီညွတ်မှု ဆိုတာ မိသားစုတစ်စု တိုးတက်ကြီးပွားဖို့လည်းပဲ ဒီအချက်(၃)ချက်ပေါ်မှာ မူတည်တာပဲ။
ကျေးရွာတစ်ရွာ၊ရပ်ကွက် တစ်ကွက်၊ မြို့နယ်တစ်မြို့နယ်၊ ခရိုင်တစ်ခု နောက်ဆုံး တိုင်းပြည် တစ်ခုကြီးပွားတိုးတက်တယ် သာယာတယ် စည်ပင်တယ် ဝပြောတယ်လို့
ဆိုတဲ့အခြေအနေဟာ ဒီအချက်တွေပေါ်မှာ မူတည်တာပဲ ဖြစ်ပါတယ်။ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီးသည်ပင်လျှင် မှန်ကန်သောလမ်းကြောင်းကို ရွေးချယ်ကျင့်သုံးမှ
မှန်ကန်တဲ့ တရားဓမ္မလမ်းကြောင်း ပေါ်ကို ရောက်တယ်။ စည်းလုံးညီညွတ်မှုဟာ အင်မတန်မှ အေးချမ်းမှုကို ဖြစ်ပေါ်စေတယ် အောင်မြင်မှုကို ဖြစ်ပေါ်စေတယ်ဆိုတာ မြတ်စွာဘုရား ဟောထားတဲ့ ဒေသနာတော်တွေထဲမှာ အထင်အရှားရှိတယ်။ Union is strength. ဆိုတာ စည်းလုံးခြင်းဆိုတာ အောင်မြင်ခြင်းရဲ့အကြောင်း ကြီးပွားခြင်းရဲ့ အကြောင်းပဲ။
မြန်မာနိုင်ငံဟာ မြတ်ဗုဒ္ဓရဲ့အဆုံးအမတွေကို ရရှိပြီး တကယ့်လိမ္မာယဉ်ကျေးတဲ့ ထိပ်တန်းကျတဲ့ ယဉ်ကျေးမှုကိုအခြေခံပြီးတည်ဆောက်ထားတဲ့ နိုင်ငံတစ်ခုလို့ ဆိုရမှာဖြစ်တယ်။

ဘဝမှာ အမှောင်နဲ့အလင်းဆိုတာကို ခွဲခြားသိဖို့လိုတယ်။ ကိုယ်သွားနေတာဟာ ဘဝရဲ့ အမှောင်ထဲကို သွားနေတာလား သို့မဟုတ် အလင်းထဲကို သွားနေတာလားဆိုတာ သိမှရမယ်။
ဘဝမှာ လူရယ်လို့ ဖြစ်လာပြီဆိုရင် အမှောင်နဲ့အလင်းဆိုတာကို ခွဲခြားသိတတ်ဖို့ လိုအပ်တယ်ပေါ့။ အဲ့ဒီလိုမှ မသိရင် ကိုယ်ဟာ ခြေလှမ်း တစ်လှမ်းပြီး တစ်လှမ်း အမှောင်ထဲသို့ ရောက်သွားခဲ့ရင် မျှော်လင့်ချက်မရှိတဲ့ နေရာမျိုးကို ရောက်ရှိသွားမယ်။ နောက်တစ်ဖန် လူသားတိုင်းဟာ အလင်းထဲ ရောက်နေတာ မဟုတ်ဘူး။ ကိုယ့်ကိုယ်ကို ပြန်လည် စမ်းစစ်ကြည့်ပြီးတော့ မြတ်စွာဘုရား အဆုံးအမတွေကို နာယူပြီးတော့ ငါဟာ အမှောင်ထဲက လူသား ငါဟာ အလင်းထဲက လူလားဆိုတာ ဆုံးဖြတ် သုံးသပ်တတ်ဖို့ လိုအပ်တယ်ပေါ့။

ဘယ်အရာပဲ ဖြစ်ဖြစ် ဆင်ခြင်သုံးသပ်မှုဟာ သိပ်ပြီးတော့ အရေးကြီးတယ်။ နေ့စဉ်နဲ့အမျှ နေထိုင်တဲ့အခါမှာ ကိုယ့်ဘဝအရေးကို ဆင်ခြင်သုံးသပ်မှု မရှိပဲနဲ့ ဖြစ်သလိုနေ ဖြစ်သလိုစား
ဘဝခရီးလျှောက်လှမ်းနေကြတဲ့ ပုဂ္ဂိုလ်တွေက လောကမှာ အများကြီးပဲ။ ထို့အတွက်ကြောင့် ဘဝအရေးမှာ မျှော်လင့်ချက်တွေ ဝေး ပြီးတော့ ကိုယ်သွားနေတဲ့လမ်း အကောင်းထင်ပြီးတော့ သွားနေတော့ အဆိုးနဲ့တွေ့တတ်တယ်။ အဆိုးထင်ပြီးနေတဲ့ အရာတွေကလဲ အကောင်းဖြစ်ချင် ဖြစ်နေမယ်။ အဲ့ဒါကြောင့်မို့လို့ ဘဝတစ်ခုမှာ ဘယ်ဟာက အမှောင်လဲ ဘယ်ဟာက အလင်းလဲ ဆိုတာ ရှင်းရှင်း လင်းလင်း သိဖို့ အရေးကြီးတယ်။ ဒီလိုသိဖို့ဆိုတာ သာမန်အားဖြင့် ပြောရင် လွယ်တယ်လို့ ထင်ကြမယ်။ သို့သော် ဒီအသိလေးကိုက ဘုရားပွင့်တဲ့ အခါမှ မြတ်စွာဘုရား ဟောကြားမှ သိကြရတာဖြစ်တယ်။ လွယ်လွယ်နဲ့ သိနိုင်တာ မဟုတ်ဘူး။ လောက လူဆိုပြီးတော့ အသိဉာဏ်ရှိတယ် ဦးနှောက်ရှိတယ်ဆိုပြီး ဒီလိုပြောကြပေမယ်လို့ လူတွေမသိတဲ့ အရာက အများကြီးပဲ ဖြစ်တယ်။ မသိလို့ပဲ လူတွေဟာ ယုံမိယုံရာ ယုံပြီးတော့ လျှောက်မိ လျှောက်လှမ်းမိရာ လမ်းကို လျှောက်လှမ်းပြီးတော့ နေကြတယ်။ အမှန်တရားဆိုတာနဲ့ ဝေးကွာပြီးတော့ နေကြတယ်။ လောကလူတွေဟာ မျက်စိတစ်ဆုံးမျှ သာ ကြည့်တတ်ပြီး ထိုမျက်စိတစ်ဆုံးရဲ့ ဟိုဘက်မှာ ဘာရှိတယ်ဆိုတာ သိနိုင်စွမ်း မရှိကြဘူး။ လောကမှာ ဘုရားပွင့်လာလို့ လောကကို အလင်းရောင်ပေးလိုက်တဲ့အခါမှ လူသားတွေဟာ အလင်းရောင်ပေါ်ပေါက်လာတာ ဖြစ်တယ်။

မြတ်စွာဘုရား ပွင့်လာတဲ့အခါကျမှ လောကမှာ အကြောင်း နဲ့ အကျိုး ၊ အကောင်း နဲ့ အဆိုး ဆိုတာ ရှိနေတယ် ဘာကြောင့်ဖြစ်တယ်ဆိုတာ ရှင်းလင်းဟောကြားပြီး
လူတွေရဲ့ စွမ်းအား ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်တဲ့ စွမ်းရည်သတ္တိတွေ အသိဉာဏ်တွေဟာ လူတွေမှာသာ ရှိတယ်ဆိုတာ လူသာ ပဓာန ဆိုတဲ့ မူဝါဒနဲ့ ဟောပြောလိုက်တဲ့အခါ လူတွေဟာ တန်ဖိုးရှိတဲ့ လူတွေ ဖြစ်လာတယ်။ နို့မို့ ဆိုရင် လူတွေဟာ တန်ဖိုးမဲ့နေတဲ့ အနေအထားမျိုး ဖြစ်တယ်။ သေချာ စဉ်းစားကြည့်ရင် လူ့ရဲ့ တန်ဖိုးဟာ အင်မတန်မှ ကြီးမားတယ်။ မြတ်စွာဘုရား ဟာ လူသားအဖြစ်ကနေ အသိဉာဏ်ပြောင်းပြီး ဘုရား ဖြစ်တော်မူတယ်။ အသိဉာဏ်ရှိတဲ့ ပုဂ္ဂိုလ်တွေဟာ လူ့လောက ကပဲ ပေါ်ထွက်ကြတယ်။

 

လောကကြီးမှာ အားကိုးမှားနေကြပါတယ်

11200785_866998360026430_8848431713131152699_n

လောကမှာ လူအမျိုးမျိုး သတ္တဝါအမျိုးမျိုးရှိတယ်ဆိုတော့ အယူအဆကလည်းအမျိုးမျိုးပါပဲ။ ဒီအမျိုးမျိုးကိုမှ ကိုယ်က ဘယ်ဟာက အကောင်း ၊ ဘယ်ဟာက အဆိုးဆိုတာကို မရွေးချယ်နိုင်ရင်တော့ ဒီလိုနဲ့ပဲ အချိန်ကုန် သွားပါလိမ့်မယ်။ ဘာကောင်းလို့ကောင်းမှန်းလည်းမသိပဲနဲ့ သူများပါးစပ်လမ်းဆုံးပြီးတော့မှ ဟိုဟာဖြစ်ချင်လိုက် ဒီဟာဖြစ်ချင်လိုက်။ အဲ့ဒါကြောင့်လည်း ၃၁ဘုံမှာ မဖြစ်ဖူးခဲ့တဲ့ဘ၀ မရှိတာပါ။ အိမ်သာကျင်းထဲက လောက် တောင်မှ ဖြစ်ခဲ့ဖူးပါပြီ။ ဖြစ်ချင်တဲ့စိတ်တွေကြောင့် ဒုက္ခနဲ့ချည်း တွေ့ခဲ့ရတာပါ။ နိဗ္ဗာန်ဆိုတဲ့ အေးငြိမ်းမှုကိုတော့ အခုဘုရားသာသနာရှိတုန်း ဆရာကောင်း သမားကောင်းတွေနဲ့ကြုံတုန်းမှာ တစ်သံသရာလုံးကန်းလာတဲ့ ဉာဏ်မျက်လုံးကို ရအောင်ယူဖို့ပဲ အရေးကြီးပါတယ်။ အဲ့ဒီဉာဏ်မျက်လုံး သစ္စာသိတဲ့ အသိဉာဏ်နဲ့အတူ ကိုယ့်စိတ်ရဲ့ အေးချမ်းမှု အစစ်နဲ့အတူ ရရှိပါလိမ့်မယ်။ ဒီလမ်းကလွဲရင် ကျန်တဲ့လမ်းတွေက ဒုက္ခချည်းပါပဲ။ ကိုယ်မဖြစ်ဖူးခဲ့တဲ့ ဘဝမရှိပါဘူး။ လောကီချမ်းသာလို့ သတ်မှတ်ထားတဲ့ဘဝတွေမှာလဲ ကိုယ်မရဖူးခဲ့တဲ့ ချမ်းသာ ဆိုတာလဲမရှိပါဘူး။ အဲ့ဒါကိုတော့ ဘာမှယုံမှားသံသယမရှိပါနဲ့။ သံသရာက အင်မတန်ရှည်လွန်းတော့ ကိုယ်ဖြစ်ချင်တဲ့ ဘဝတွေကို တစ်ချိန်ချိန်တော့ ဖြစ်တာပါပဲ။ ဒါပေမယ့်အဝိဇ္ဇာက ဖုံးထားတော့ လိုချင်ပြီးရင် လို ချင် နေတာပါပဲ။ တရားအားထုတ်တယ်ဆိုတာကတော့ ကိုယ့်ရဲ့ အဲ့ဒီလိုချင်ပြီးရင် လိုချင် ဖြစ်ချင်နေတဲ့ စိတ်တွေကို ဝိပဿနာ မဂ်ဓားနဲ့ ဖြတ်ချပစ်ရတာပါပဲ။

လောကကြီးမှာက အားကိုးမှားနေကြပါတယ်။ အနိစ္စ အနိစ္စချင်းအားကိုးနေကြတယ်။ သာမန် သူလို ကိုယ်လိုအ ချင်းချင်းကိုပဲ အထင်ကြီးနေကြတယ်၊ အားကိုးတယ်။ အဲ့ဒါကြောင့်လည်း ဘယ်တော့မှ မဆုံးနိုင်အောင် အားကိုး ရှာရတဲ့ပြဿနာဖြစ်နေရပါတယ်။ ဘုရား တရား သံဃာကိုပဲအားကိုးရမယ်လို့ ပြောဆိုဆုံးမသံက အင်မတန် နည်းပါတယ်။ ဦးဇင်းလည်း ငယ်ငယ်ထဲက ဦးလေးတွေ အဒေါ်တွေ မိဘဆွေမျိုးတွေကို အားကိုးတယ်။ သူတို့ ကိုယ်တိုင်က အားကိုးမခံတဲ့အတွက် ရှင်ကွဲ ကွဲရတာနဲ့ သေကွဲ ကွဲရတာနဲ့ ဖြစ်လာတာပါပဲ။ သူငယ်ချင်း အပေါင်း အသင်းတွေလည်း အများကြီး ပေါင်းသင်းပြီးတော့မှ ရောက်တဲ့နေရာတော့ အားကိုးရှာတာပါပဲ။ ငယ် ရွယ်စဉ်ကတော့သူများကိုပဲ မှီခိုရတာပါပဲ။ အဲ့ဒီအားကိုးတဲ့သူတွေကလည်း သူတို့ကိုယ်တိုင်ကိုယ်က စိုးရိမ်ပူပန် မှုနဲ့ ငိုလိုက် ရယ်လိုက်နဲ့ပဲဆိုတော့ သူတို့ကို အားကိုးရတာလည်း ခိုင်မြဲတဲ့အားကိုးရာ အစစ်မဟုတ်ဘူးဆိုတာ ကို နားလည် လာပါတယ်။ ဒါပေမယ့် ဘယ်ဟာကို အားကိုးရမှန်း မသိတော့ တစ်ခုပြီးတစ်ခု အားကိုးပြောင်းတာ ပါပဲ။ မိဘကို အားကိုးတော့လည်း သူတို့ကိုယ်တိုင်ကိုယ်က အားကိုးရှာနေကြတာပါ။ တစ်ယောက်ကို တစ် ယောက် အပြန်အလှန်အားကိုးနေကြတာပါ။ အရွယ်ရောက်လာလို့ ကိုယ့်ခြေထောက်ပေါ် ကိုယ် ရည်တည်မယ် ဆိုပြီး စီးပွားရှာတော့လည်း ကိုယ့်ကိုယ်ကို အားကိုးမယ်ဆိုတော့လည်း လောဘ ဒေါသ မောဟတွေက အင်မ တန် များပြားလာပါတယ်။ ကိုယ့်ရဲ့ လုပ်နိုင်ကိုင်နိုင်တဲ့ အရည်အချင်း၊ စီးပွားရှာနိုင်တဲ့ အရည်အချင်း ၊ ပညာ အရည်အချင်းတွေကို အားကိုးပြီးတော့မှ မာန်မာန တက်စရာတွေ ဖြစ်လာရပါတယ်။ ရရှိလာတဲ့ ပစ္စည်းဥစ္စာတွေ ပေါ်မှာ စိုးရိမ်ကြောင့်ကြမှုတွေ ဖြစ်လာရပါတယ်။ မရမှာကိုလည်း ပူပန်ရတယ် ရပြီးသားတွေ ဆုံးရှုံးမှာကိုလည်း စိုးရိမ် ထိတ်လန့်လာ ရပါတယ်။ အများနဲ့ပတ်သက်လာတော့ ကိုယ်နဲ့ပတ်သက်တဲ့လူတွေကို အားကိုးတော့ လည်း သူတို့ရဲ့ အပူမီးတွေကပါ ကိုယ့်ကို လောင်တာပါပဲ။ ကောင်းတာလည်း ခံရတယ် ဆိုးတာလည်း ခံရပါ တယ်။

လောကမှာ မြင် မြင်သမျှ ကြား ကြားသမျှ ဘာတစ်ခုမှ ခိုင်ခန့်တာမရှိဘူးဆိုတာ တဖြည်းဖြည်း နားလည်လာရ ပါတယ်။ အဲ့လိုနားလည်မှပဲ အဲ့ဒီအပေါ်မှာ ခင်မင်တဲ့လိုချင်တပ်မက်တဲ့ စိတ်တွေ တဖြည်းဖြည်းနဲ့ လျော့ပါးလာ မှာပါ။ လောကဓံအမျိုးမျိုးနဲ့ တွေ့ကြုံသော်လည်းပဲ စိတ်ဓာတ်က မယိမ်းမယိုင်နဲ့ ကျောက်တိုင်လို ဖြစ်လာပါလိမ့် မယ်။ လောကမှာ ဘုရားသာသနာရှိရက်နဲ့ မိုးကုတ်ဆရာတော် ဘုရားကြီး ၊ စွန်းလွန်းဂူဆရာတော် ဘုရားကြီး၊ သဲအင်းဂူ ဆရာတော် ဘုရားကြီးတို့လို့ ရှိရက်နဲ့ ကိုယ်အားကျတာ လွဲနေခဲ့တာပါ။ ကိုယ်အားကျတာက စီးပွား ရေးမှာ အောင်မြင်တဲ့သူတွေ ကျော်ကြားသူတွေရဲ့ ဘဝကိုအားကျခဲ့တာပါ။ သူတို့လိုဖြစ်ရင်တော့ ကောင်းမှာပဲ ဆိုပြီး ကြိုးစားခဲ့လို့ အတိုင်းအတာ တစ်ခုထိရလာတော့လည်း ဒီဟာတွေဟာ ဘာမှ မဟုတ်ဘူးဆိုတာကို သူတို့ ဘဝထဲကို ထဲထဲဝင်ဝင် ဝင်ကြည့်တော့မှ သူတို့လုပ်တဲ့ အလုပ်ကို လုပ်ကြည့်တော့မှပဲ အနှစ်သာရ မရှိဘူးဆို တာကို နားလည်လာတာပါပဲ။ အဲ့ဒီအချိန်မှာ အင်မတန်ကုသိုလ်ကံကောင်းလွန်းလို့ တရားနဲ့တွေ့တဲ့ အတွက် တရားကိုအားကိုးမိလို့ အခုအချိန်မှာတော့ မတရားကို အားကိုးရတဲ့ ဘဝက လွတ်တာပါ။

တရားဆိုတာ ကိုယ် အားကိုးရင် အားကိုးသလောက် ကိုယ့်အတွက် ပစ္စုပန်အေးချမ်းမှုရော သံသရာခရီးအတွက်အေးချမ်းမှုရော ရပါ လိမ့်မယ်။ ကျန်တာကတော့ အားကိုးရာ အစစ်မဟုတ်တဲ့အတွက် အခုလည်း ပူပန်ရပါလိမ့်မယ်။ သံသရာမှာ လည်း ကိုယ်သေရင်ခံရမယ့် ဒုက္ခကလည်း မဆုံးနိုင် အောင် ဆင်းရဲ ရပါလိမ့်မယ်။ အဲ့ဒါကြောင့် အခုအချိန်မှာ ဘုရားသာသနာလေးရှိတုန်း ကိုယ်ကကျင့်ကြံအားထုတ်မယ်ဆိုရင်တော့ ကိုယ့်အတွက် စိတ်ချရတဲ့ အသိဉာဏ် ဘယ်တော့မှ မရဖူးသေးတဲ့ ချမ်းသာအစစ်ကို ရရှိနိုင်ပါတယ်။ ဒီအချိန်လေးနဲ့ ဒီသာသနာလေးနဲ့ ကြုံနေတာကို က အင်မတန် ကုသိုလ်ကံကောင်းလွန်းလို့ပါ။ ဒီအဖိုးတန်တဲ့ အချိန်လေးကို အလွဲသုံးစားမလုပ်မိဖို့ စက္ကန့်တိုင်း စက္ကန့်တိုင်းမှာ ကိုယ့်အတွက် အင်မတန် အရေးကြီးပါတယ်။ ဘုရားသာသနာမပွင့်တဲ့ အချိန်မှာ လူဖြစ်ခဲ့တာ တွေက များခဲ့ပါပြီ။ လူ ဖြစ်ခဲ့အုံးတော့ ဆရာကောင်းနဲ့ကြုံနိုင်ဖို့ အခွင့်အရေး၊ သစ္စာတရားတွေ ထောင်နိုင်တဲ့ နား နဲ့ကြုံနိုင်ဖို့ အခွင့် အရေး၊ နားထောင်နိုင်ရင်တောင်မှ ကြားဖူးနားဝရှိရင်တောင်မှ ကျင့်ကြံအားထုတ်နိုင်ဖို့ အခွင့် အရေးဆိုတဲ့ အင်မတန်ခဲယဉ်းတဲ့ အခွင့်အရေးတွေနဲ့ အခုအချိန်မှာတော့ ကြုံကြိုက်နေတာပါ။ ဒီအချိန်လေးမှာ တော့ ကိုယ့်ရဲ့ လောဘ ဒေါသ မောဟခိုင်းတဲ့ မိရိုးဖလာ အလုပ်တွေ တစ်သံသရာလုံးကလုပ်ခဲ့တဲ့ စားဝတ်နေ ရေးကိစ္စတွေနဲ့ အချိန်ကုန်နေမယ်ဆိုရင်တော့ကိုယ့်အတွက် အင်မတန် နစ်နာပါလိမ့်မယ်။ ကိုယ်နားမလည်တာ တော့ အသာထားပါ။

ဘုရားက အရေးကြီးတယ် နားလည်တဲ့ ဆရာတော်ဘုရားကြီးတွေက အရေးကြီးတယ်လို့ ပြောထားတော့ သူတို့ရဲ့အမြင်တွေကို ကိုယ်ပိုင်ရဖို့သာ ကြိုးစားပါ။

ကိုယ့်ရဲ့အသိဉာဏ်ကို ဘေးဖယ်ထားပါ။ ကိုယ်သိတာ ဘာမှမဟုတ်ဘူးဆိုတာကိုတော့ ကိုယ်တိုင်အားထုတ်ရင် တဖြည်းဖြည်းနားလည် သဘောပေါက် လာပါလိမ့်မယ်။ လောလောဆယ်မှာလည်း ဘုရားကိုယုံကြည်သောအားဖြင့် တစ်သံသရာလုံးမှာ တစ်ခါမှမရဖူးသေးတဲ့စိတ်ရဲ့အေးချမ်းမှု သံသရာခရီးအတွက် စိတ်ချရမှုကို ရရှိစေဖို့အတွက် တရားကိုပဲကြိုးကြိုး စားစားအားထုတ်ပါ။ အခွင့်အရေးကြုံကြိုက်တုန်း ဒီလိုအခွင့်အရေးမျိုးကို နောက်တစ်ချိန်ပြန်ရဖို့က အင်မတန်ခဲယဉ်းပါတယ်။ ရတဲ့အချိန်လေးမှာမှ ကိုယ့်အတွက်စိတ်ချရတဲ့ အသိဉာဏ်လေးကိုမှ ရအောင်မယူလိုက်ဘူးဆိုရင်တော့ ရတဲ့အခွင့် အရေးလေးကိုမှ မိမိရရ မယူလိုက်ဘူးဆိုရင်တော့ နောင်တစ်ချိန် နောင်တရလို့ မဆုံး ဖြစ်ပါလိမ့်မယ်။ နောက်မှဆိုရင်တော့ ဘာမှမတတ်နိုင်တော့ပါဘူး။ ကျန်တဲ့အလုပ်တွေက တစ်သံသရာလုံးမှာ ကိုယ်လုပ်ခဲ့ပြီးပါပြီ။ အဝိဇ္ဇာဖုံးအုပ်ထားလို့ အတိတ်က ကိုယ်လုပ်ခဲ့တာတွေကို မမှတ်မိလို့ပါ အတိတ်မပြောပါနဲ့ အမိဝမ်းထဲမှာ နေခဲ့ရတဲ့ ခံခဲ့ရတဲ့ ဇာတိဒုက္ခတွေကိုတောင်မှ အခုအချိန်မှာ မမှတ်မိတော့ပါ ဘူး။ အဝိဇ္ဇာဖုံးထားတဲ့အတွက် ရတဲ့ အချိန်လေးမှာ ရောက်တဲ့နေရာလေးမှာပဲ မပျော် ပျော်အောင် ကြံဖန်ပြီးနေ တဲ့ ဘဝတဏှာကြောင့်မို့လို့ ဒုက္ခတွေနဲ့မပြတ်ပဲ ကြုံတွေ နေရတာပါ။ အဲ့တော့ အဝိဇ္ဖာနဲ့တဏှာ ကို ဘုရားအကူ အညီ ဆရာသမားတွေရဲ့ အကူအညီနဲ့ မနိုင် နိုင်အောက် တိုက်ထုတ်ပါ။ ပါရမီ ရှိပြီးသားပါ။ ဝီရိယစိုက်ထုတ် ဖို့ ပဲ လိုပါတော့တယ်။ လောဘ ဒေါသ မောဟဆိုတဲ့ ကိလေသာခိုင်းတဲ့ အလုပ်တွေနဲ့ပဲ အချိန်မကုန်ပဲနဲ့ ဘုရားခိုင်း တဲ့ အလုပ်ကို လုပ်ပါ။ အဲ့ဒါမှ ချမ်းသာအစစ်ကို ရပါလိမ့်မယ်။ နို့မို့ရင်တော့ ဘယ်တော့မှ ဒုက္ခနဲ့အိုး စားကွဲဖို့ မမြင်ပါဘူး။

လောကကြီးမှာ ကိုယ်လုပ်တဲ့ အလုပ်တွေက ကိုယ့်ကို အပါယ်က လွတ်မယ်လို့ ဘယ်သူကမှ အာမခံချက်မရှိ ဘူး။ ရုပ်ဝတ္ထုတွေကလည်း စိတ်ချမ်းသာမယ်လို့ အာမ မခံပေးနိုင်ဘူး။ ကိုယ့်ရဲ့စီးပွားရေးလုပ်ဖော်ကိုင်ဖက်တွေ ကလည်း အာမခံချက်မပေးနိုင်ဘူး။ သံသရာခရီးအတွက်လည်း မပေးနိုင်ဘူး။ ပစ္စုပ္ပန်ဘဝအတွက်လည်း မပေး နိုင်ဘူး။ လောကီနဲ့ပတ်သက်ရင် ဘယ်ဆရာသမားကမှလည်း မပေးနိုင်ပါဘူး။ ကိုယ့်ကိုယ်တောင် မသေချာပါ ဘူး။ ဒီနေ့လား မနက်ဖန်လား ကိုယ်မှီခိုနေရတဲ့ အရာတွေက တလှုပ်လှုပ်ပါပဲ။ မသိတဲ့သူတွေက ရမ်းပြီး အထင် ကြီးတာပဲ ရှိပါတယ်။

သဘာဝရိပ်သာဆရာတော် ဦးဥတ္တမသာရ

 

အမှန်တရားကို သိခွင့်မရဘူးဆိုရင်တော့ အရှုံးကြီး ရှုံးရပါလိမ့်မယ်

11050155_445333748974144_6828756157386206436_o

လောကလူတွေက မိတ်ကောင်းဆွေကောင်း မတွေ့တဲ့အခါကျတော့ ရုပ်ဝတ္ထုပစ္စည်းတွေမှာပဲ ချမ်းသာရှာနေကြ တယ်။ ဘုရားရဲ့သာသနာရှိနေတာတောင်မှ ဘုရားရဲ့အဆုံးအမတွေနဲ့ လေးသင်္ချေနဲ့ကမ္ဘာတစ်သိန်း ပါရမီဖြည့် ပြီးတော့မှ ခင်းပေးခဲ့တဲ့ မဂ္ဂင်လမ်းကို မလျှောက်ပဲနဲ့ တစ်သံသရာလုံးလျှောက်လာခဲ့တဲ့ လောဘ ဒေါသ မောဟ လမ်းတွေပဲ ငါ ငါ့ဥစ္စာဖြစ်ဖို့အလုပ်တွေနဲ့ပဲ အချိန်ကုန်နေကြတာပါ။ ဘုရားသာသနာမရှိတဲ့ အချိန်မှာ လောကီ အလုပ်တွေ လုပ်တာကတော့ ဘာမှမထူးဆန်းပါဘူး။ အခုလိုသာသနာရှိတဲ့အချိန်မှာတော့ တစ်သံသရာလုံး ခံစားလာခဲ့တဲ့ မျက်စိနားနှာခေါင်းလျှာကိုယ်စိတ်ဆိုတဲ့ ဒါွရခြောက်ပေါက်ကနေပြီးတော့မှ အာရုံတွေခံစားလာ တာကို ခဏလျော့ထားပြီးတော့မှ တရားချမ်းသာခံစားနိုင်ဖို့အတွက် ကြိုးစားအားထုတ်ဖို့ အရေးကြီးပါတယ်။

ဘုရားသာသနာနဲ့ကြုံပေမယ့် ခန္ဓာသာ သာသနာတွင်းကြုံပြီးတော့ ကိုယ့်ရဲ့ဉာဏ်က ဘုရားသိတဲ့ သစ္စာလေးပါး ဆိုတဲ့ အမှန်တရားကို သိခွင့်မရဘူးဆိုရင်တော့ အရှုံးကြီး ရှုံးရပါလိမ့်မယ်။ အရှုံးကြီး ရှုံးတယ်ဆိုတာက ဒီတရား အသိဉာဏ်ကို ကိုယ်သိတယ်ဆိုရင် လောကီချမ်းသာတွေနဲ့ဘာမှမဆိုင်တဲ့ တကယ့်ချမ်းသာအစစ်ဆိုတဲ့ မဂ်ချမ်း သာ ဖိုလ်ချမ်းသာ နိဗ္ဗာန်ချမ်းသာကို ရရှိနိုင်တဲ့အခြေအနေနဲ့ ကြုံနေတာပါ။ ဒီအချိန်လေးကို ကိုယ်က လောဘ ဒေါသ မောဟခိုင်းတဲ့ အလုပ်တွေနဲ့ အလွဲသုံးစားကုန်နေမယ်ဆိုရင်တော့ ကိုယ့်အတွက် အင်မတန်ကို နစ်နာပါ တယ်။ မရနိုင်တဲ့ အချိန်မှာ မရရှိတာကတော့ ကိစ္စမရှိပါဘူး။ အခုအချိန်နဲ့ကြုံနေတဲ့အချိန်မှာ ကိုယ်တစ်သံသရာ လုံးမှာ တစ်ခါမှမဖြစ်ဖူးသေးတဲ့ ကုသိုလ်တွေ မရဖူးသေးတဲ့ ချမ်းသာတွေကို ရရှိနိုင်တဲ့ အခြေ အနေနဲ့ကြုံနေပါ တယ်။ ဒီအချိန်မှာအာရုံခံစားချင်တဲ့ စိတ်တွေကို ခဏလျော့ပြီးတော့မှ ကိုယ်ကတစ်ချိန်မှာ တစ်စိတ်နဲ့အသက် ရှင်တာဆိုတော့ လောကီအာရုံတွေ ခံစားနေတယ်ဆိုရင် တရားချမ်းသာကို မခံစားရနိုင်ပါဘူး။ ဒါကြောင့်မို့လို့ ဘယ်တော့မှမဆုံးနိုင်တဲ့ လောကီအာရုံတွေ ခံစားချင်တဲ့ စိတ်ကို အလိုမလိုက်ပဲနဲ့ ကိုယ့်ရဲ့အပါယ်လေးပါး ပိတ် တဲ့အထိ ပထမနိဗ္ဗာန်ကိုမြင်တဲ့ သောတပတ္တိမဂ်ကိုရတဲ့ အထိတော့ အနည်းဆုံးကြိုးစားအားထုတ်ဖို့ အရေးကြီး ပါတယ်။ ဒီလို ပြောသံဆိုသံ ကျင့်ကြံအားထုတ်တဲ့နည်းကို ပေးတဲ့ဆရာသမားတွေနဲ့ တွေ့ဖို့ဆိုတာ အင်မတန်မှ ခဲယဉ်းပါတယ်။ ကိုယ်က အခုလိုခဲယဉ်းတဲ့ အခြေအနေတွေနဲ့လာပြီးတော့ ကြုံနေတဲ့အချိန်ကို အလွဲသုံးစားမ လုပ်ပဲနဲ့ ကြိုးကြိုးစားစားအားထုတ်ရင်တော့ ကိုယ့်ရဲ့အပါယ်လေးပါး တံခါးက လုံးဝပိတ်သွားနိုင်ပါတယ်။ ကိုယ့် ရဲ့အဖိုးတန်တဲ့ အချိန်တွေကို အလွဲသုံးစားမလုပ်ပါနဲ့။

လောကမှာ ကိုယ်ဆက်ဆံတဲ့ လူတွေနဲ့ ဆန့်ကျင်ဘက် ဖြစ်လာပါတယ်။ အသိချင်းကလည်း မတူတော့ပါဘူး။ ကိုယ်နားလည်တဲ့ အမှန်တရား လောကလူတွေနားလည်တဲ့ အမှန်တရား တဖြည်းဖြည်းနဲ့ကွာခြားသထက် ကွာ ခြားလာတာပါ။ အဲ့ဒီအခါမျိုးမှာ ကိုယ့်ဘက်မှာ ဘုရားနဲ့ မိုးကုတ်ဆရာတော်ဘုရားကြီးတို့က လွဲပြီးတော့ ဘယ် သူမှ မရှိတဲ့အတွက်လည်း တော်ရုံတန်ရုံစိတ်ဓာတ်အင်အားနဲ့ ဒီအလုပ်ကိုဆက်ပြီးတော့ မလုပ်နိုင်ပါဘူး။ အကြိမ်ကြိမ် စိတ်ဓာတ်ကျရပါတယ်။ ကိုယ့်ကိုယ်ကို သံသယဝင်တဲ့ စိတ်တွေ ဖြစ်မှ ဖြစ်နိုင်ပါ့မလား ဒီလမ်းကို ဆက်လျှောက်လို့ ဆုံးအောင်မှရောက်ပါ့မလားဆိုတဲ့ အတွေးစိတ်တွေကလည်း အမျိုးမျိုးနှိပ်စက်ပါတယ်။

တ လောကလုံးကတော့ ကိုယ်လို သူလို နေကြတာပါပဲ။ တဏှာခိုင်းတဲ့အလုပ်နဲ့ပဲ အချိန်ကုန်နေတဲ့ အခါမှာ ကိုယ် က ဉာဏ်ခိုင်းတဲ့အလုပ်ကို လုပ်ရတဲ့အခါကျတော့ လောကကြီးနဲ့ဆန့်ကျင့်ဘက်ဖြစ်နေတာပါ။ သိတဲ့ အသိ ဉာဏ်ချင်းကလည်း တဖြည်းဖြည်းကွာခြားလာတာနဲ့အမျှ လူတွေနဲ့ပေါင်းသင်းဆက်ဆံရတဲ့အခါမှာလည်း အဆင်မပြေတော့ပါဘူး။ ကိုယ်ကသိထားတဲ့အကုသိုလ်စိတ်နဲ့ လောကီလူတွေ သိတဲ့အကုသိုလ်စိတ်က မတူပါ ဘူး။ တရားသမားသိတဲ့ကောင်းမှု မကောင်းမှု ဆိုတာနဲ့ လောကလူတွေနားလည်နေတဲ့ လောက က သတ်မှတ် ထားတဲ့ ကောင်းမှု မကောင်းမှု ဆိုတာလည်း တစ်ခြားစီပါပဲ။

လောကီမှာသတ်မှတ်ထားတဲ့ လူဆိုတာ ဘယ်လို နေရမယ်၊ ဘယ်နှနာရီအိပ်ရမယ်၊ ဘယ်လိုစားသောက်ရမယ် ၊ဘယ်လိုအစားအစာတွေ စားရမယ်၊ ကျန်းမာဖို့အ တွက် ဘယ်လိုနေထိုင်ရမယ် ဒီဟာတွေအကုန်လုံးကလည်း တရားနဲ့တွေ့တဲ့အခါကျတော့ ဘာတစ်ခုမှ မမှန် ကန်တာကို တဖြည်းဖြည်းနဲ့ နားလည်လာတာပါပဲ။ လောကီဆိုတာက လောဘ ဒေါသ မောဟနဲ့ နေတဲ့လူတွေ အတွက် သတ်မှတ်ထားတဲ့ လောကီကျင့်ဝတ်တွေပါ။ ဒါတွေက တရားအားထုတ်တဲ့အခါကျတော့ ဘာတစ်ခုမှ မလိုအပ်တော့ပါဘူး။ တရားအားထုတ်လေ စားချင် သောက်ချင်စိတ်ကလဲ အားနည်းပါတယ်။ အိပ်ချင်တဲ့ စိတ် ကလည်း အားနည်းပါတယ်။ ခန္ဓာကိုယ်က တရားကိုနှလုံးသွင်းတဲ့အတွက် အေးချမ်းတဲ့စိတ် ဖြစ်နေလို့လည်း ရုပ်ကပါ အေးချမ်းပြီးတော့မှ ကိုယ်လက် လှုပ်ရှားမှုလည်း လုပ်ဖို့ မလိုသလောက်ပါပဲ။

ဦးဇင်း တရားမထိုင်ခင် တုန်းကဆိုရင်တော့ မနက်တိုင်း တစ်ရက် တနာရီလောက် လမ်းလျှောက်တယ် ပြေးတယ်။ အဲ့ဒါလုပ်မှ လူက နေလို့ထိုင်လို့ ကောင်းတာ။ တရားနဲ့တွေ့တဲ့အခါကျတော့ မနက်တစ်ရက်ကို တစ်နာရီ တရားထိုင်တာနဲ့ပဲ ဘာ လေ့ကျင့်ခန်းမှ လုပ်ဖို့ မလိုပဲနဲ့ကို နေလို့ ထိုင်လို့ကောင်းနေတာကို နားလည်လာပါတယ်။ အဲ့လိုတရားရဲ့အကျိုး ကျေးဇူးတွေကို ပိုပြီးတော့ နားလည်လေလေ လောကီသတ်မှတ်ချက်တွေက ကိုယ်နဲ့မဆိုင်ဘူးဆိုတာကို ပိုပြီး တော့မှ နားလည် လာလေလေပါပဲ။ ပြီးတော့ ဒီလမ်းကို ပိုပြီးတော့မှ လျှောက်နိုင်လာပါတယ်။ ဒါပေမယ့် အဲ့ဒီလို တရားလမ်းကြောင်းပေါ်ကို တရားအားမထုတ်ရ မနေနိုင်တဲ့ အကျင့်ထိ ဖြစ်ဖို့ကတော့ တော်တော်လေးကြိုးစား တိုက်ခိုက်ပြီးတော့မှ ယူရပါတယ်။ ကိုယ့်မှာတရားနဲ့နေတဲ့အကျင့်လေး မြဲမြဲမြံမြံမဖြစ်လာခင်မှာ ဒီလိုဖြစ်လာဖို့အ တွက်ကို မဖြစ်အောင်ဆိုပြီးတော့မှ နှောင့်ယှက်တားဆီးတဲ့ အခက်အခဲတွေက တော်တော်လေးကိုကြုံပါတယ်။ ဒီဟာတွေကို တွန်းလှန်ချေဖျက်နိုင်တယ်ဆိုရင်လည်း ဒီအခက်အခဲတွေကို ကိုယ်က ဥပေက္ခာပြုသွားနိုင်တော့ တာပါပဲ။ ဘယ်သူဘာပဲ ပြောပြော ဂရုမစိုက်တော့ပါဘူး။

သူများပြောလို့ မှန်တယ် မှားတယ်မလုပ်တော့ပဲနဲ့ ကိုယ့်ခန္ဓာထဲမှာ ကိုယ် ကိုယ်တိုင်ဘုရားပြောလို့ ရှာဖွေသိရတဲ့ အသိရှိလာလို့ စိတ်ဓာတ်ကအင်မတန်မာကြော ပြီး ရဲရင့်လာပါတယ်။ ဘယ်သူ ဘာပဲပြောပြော ဒီအမှန်တရားကို သံသယမဖြစ်တော့ပါဘူး။ ကိုယ်သိထားတဲ့ အသိဉာဏ်အပေါ်မှာ ယုံကြည်စိတ်ချတဲ့စိတ် များသထက် များလာပါတယ်။ သံသယစိတ်တွေ တွေးတောတဲ့ စိတ်တွေ စိုးရိမ်ထိတ်လန့်တဲ့စိတ်တွေ ဟိုဟာဖြစ်ချင် ဒီဟာဖြစ်ချင် လိုချင်နေတဲ့စိတ်တွေနဲ့ ဂဏာမငြိမ်ဖြစ်လွန်း တဲ့ စိတ်တွေ ဒီမကောင်းတဲ့ စိတ်တွေက အားနည်းသထက် နည်းလာပါတယ်။ အဲ့ဒီမှာ စိတ်ရဲ့အေးချမ်းမှုကို ရ လာတာပါ။ ခက်ခဲတာကတော့ ဒီလမ်းကြော စလျှောက်တဲ့အခါမှာ တသံသရာလုံးမှာ တစ်ခါမှ မလုပ်ဖူးတဲ့ အလုပ်ဖြစ်တဲ့အတွက်လည်း ဒီအကျင့်လေး မြဲသွားဖို့ ဒီတရားအသိဉာဏ်ဆိုတာက သံသရာခရီးမှာ ယူသွားလို့ ရတဲ့ အသိဉာဏ်ပါ။ သုဂတိနဲ့ နိဗ္ဗာန်ကိုပဲ ပို့မှာပါ။ ကိုယ့်အတွက် ချမ်းသာအစစ်ဆိုတာက ဒီတရားအသိဉာဏ်ပဲ ဆိုတာကို ပိုင်ပိုင်နိုင်နိုင် နားလည်ဖို့ အရေးကြီးပါတယ်။ အဲ့တော့လည်း မဖြစ်ဖူးသေးတဲ့ကုသိုလ်ဆိုလို့ ဝိပဿ နာကုသိုလ် မဂ်ကုသိုလ် ဖိုလ်ကုသိုလ် ဒါပဲရှိပါတယ်။ အဲ့တော့ ဒီအကျင့်လေးမြဲသွားဖို့အတွက် မလျော့သော ဇွဲ နဲ့ ကြိုးစားပြီး အားထုတ်ပါ။

ဒီတစ်ခါမှ လွဲသွားတယ်ဆိုရင်တော့ နောင်တစ်ကြိမ်လဲ လွဲရအုံးမှာပါ။ ဘုရားအဆူဆူတွေနဲ့လည်း လွဲခဲ့ပြီးပါပြီ။ ဆရာကောင်းသမားကောင်းတွေနဲ့လည်း လွဲခဲ့ပြီးပါပြီ။

ကိုယ်ကတစ်သံသရာလုံးမှာ ကိုယ့်တဏှာကခိုင်းတဲ့ အ လုပ်ကိုပဲ ခေါင်းငြိမ့်လိုက်နေရတဲ့အတွက် ဉာဏ်ခိုင်းတဲ့အလုပ်ကို တစ်ခါမှ မလုပ်ခဲ့တာပါ။ ဒီအချိန်မှာတော့ ဉာဏ်ခိုင်းတဲ့အလုပ်ကို ကြိုးစားပြီး လုပ်ဖို့ အရေးကြီးပါတယ်။ အခုဘုရားသာသနာရှိတုန်းလေးမှာ သစ္စာသိတဲ့ ဉာဏ် နှလုံးသားမှာကိုယ်ပိုင် ယူသွားနိုင်ဖို့ ကြိုးစားရပါလိမ့်မယ်။ ၃၁ဘုံမှာရှိတဲ့ ချမ်းသာတွေကတော့ အထင် ချမ်းသာပါပဲ။ ချမ်းသာတယ်လို့ ထင်ရတာပါ။ တကယ်တမ်း ကိုယ် ကိုယ်တိုင်ကြိုးစားလို့ ရရှိတဲ့အခါကျရင်တော့ ဒီထင်ရတဲ့ ချမ်းသာကို မခံစားရပါဘူး။ တကယ်မရှိတဲ့ ချမ်းသာဖြစ်တဲ့အတွက်လည်း ချမ်းသာသရောင်ရောင် ထင်ရတာပါပဲ။ နိဗ္ဗာန်ချမ်းသာဆိုတာက အမြင်ချမ်းသာပါ။

ကိုယ်ကဉာဏ်လေးနဲ့မြင်ပြီးတော့မှ ဒီချမ်းသာကို ကိုယ်တိုင်ခံစားရတာပါ။ လောကီချမ်းသာလိုမျိုး ထင်ရတဲ့ ချမ်းသာမဟုတ်ပါဘူး။

ကိုယ်တိုင်ကျင့်ကြံအားထုတ် ရင် ကိုယ့်မှာကိလေသာနည်းပါးရင် နည်းပါးသလောက် ဒီခန္ဓာအမှန်တရားကို သိရင်သိသလောက် စိ၏အေး ချမ်းမှုကို ကိုယ်တိုင်ခံစာရပါတယ်။ သတ္တဝါတိုင်းကတော့ ဝိပဿနာအားမထုတ်ဘူးဆိုရင် ဒီအထင်ချမ်းသာနဲ့ပဲ ကျေနပ်သာယာနေကြပါတယ်။ သူများက ကိုယ့်အပေါ်ဘယ်လိုထင်သလဲ။ ဒီထင်မြင်ချက်တွေကို အမြဲတမ်း ဂ ရုစိုက်နေတာပါပဲ။ သူများ ကိုယ့်ကို အထင်ကြီးခံရဖို့ သူများ ကိုယ့်ကို အားကျခံရဖို့ ကိုယ်က ကိုယ့်ကိုယ်ကို ဘာ မှန်းသေသေချာချာမသိတဲ့အခါကျတော့ သူများရဲ့ အထင်နဲ့ပဲ ကိုယ့်ရဲ့ဘဝကို တည်ဆောက်ရပါတယ်။ လုပ်သ မျှ အကုန်လုံးက ကိုယ့်ရဲ့စိတ်ချမ်းသာမှုအတွက်မဖြစ်ပဲနဲ့ အများအထင်ကြီးခံရဖို့ အများအမြင်မှာ ကြည့်ပျော် ရှု ပျော်ဖြစ်ဖို့ ဒါတွေကိုပဲ အဓိက ထားနေကြပါတယ်။

တရားနဲ့မတွေ့ခင်မှာတော့ ဦးဇင်းလည်း ပတ်ဝန်းကျင်ကို အင်မတန် ဂရုစိုက်ရပါတယ်။ သူများက ကိုယ့်အပေါ်ဘယ်လိုထင်မလဲ ကိုယ်လုပ်တဲ့ အပြုအမူတစ်ခုက အပြော အဆိုတစ်ခုက သင့်တော်တယ် မသင့်တော်ဘူး မှားတယ် မှန်တယ်ဆိုတာ ကိုယ့်ဉာဏ်နဲ့ကို ပိုင်ပိုင်နိုင်နိုင် မသိ တဲ့အခါကျတော့ အမြဲတမ်း အများကိုကြည့်ရပါတယ်။ ကိုယ့်ပတ်ဝန်းကျင်အနေအထားကို ကြည့်ပြီးတော့မှပဲ ပြု မူပြောဆိုရပါတယ်။ အများက သီလမလုံဘူးဆိုရင် ကိုယ်ကလည်းသီလ မလုံပါဘူး။ ရောမရောက် ရောမလို ကျင့်ရမယ်ဆိုသလိုပဲ ပတ်ဝန်းကျင်ပေါင်းစုံမှာ ကျင်လည်ရတဲ့အခါကျတော့ ကိုယ်ကျင်လည်ရတဲ့နေရာမှာ ကိုယ် လူတလုံး သူတလုံး ဖြစ်ဖို့ သူများအသိအမှတ်ပြုမှုကိုရရှိဖို့အတွက် အများနဲ့လိုက်လျောညီထွေဖြစ်အောင် နေ ထိုင်ရပါတယ်။ ကိုယ့်အားကိုယ်မကိုးနိုင်သေးတဲ့အချိန် အများကိုမှီခိုနေရတဲ့အချိန်မှာတော့ အများရဲ့မျက်နှာကို ပဲ ထင်မြင်ယူဆချက်တွေကိုပဲ ကြည့်နေရတာပါပဲ။

တရားအားထုတ်လာတဲ့အခါကျတော့ ကိုယ့်ခန္ဓာအကြောင်း ကိုယ့်စိတ်အကြောင်း ကိုယ့်ရုပ်အကြောင်းကို တဖြည်းဖြည်းနဲ့နားလည်လာပါတယ်။ သူများအပေါ် အထင်ကြီးတဲ့ စိတ် ၊ အထင်သေးတဲ့ စိတ်၊ လောဘ ဒေါသ မောဟစိတ် ၊ သူများအပေါ် အားကျတဲ့ စိတ် မနာလိုတဲ့ စိတ် ဒီစိတ်တွေက ချက်ခြင်းဖြစ် ချက်ခြင်းပျက်သွား တာပဲ။ ဘာမှ အနှစ်သာရမရှိပါဘူး။ ဒါကိုနားလည်လာတဲ့အခါကျတော့ ကိုယ့်ကိုယ်ကို အထင်ကြီးတဲ့ စိတ် ၊ တန်ဖိုးထားတဲ့ စိတ် ၊ မာန်မာန စိတ်တွေဟာ တရားအားမထုတ်ခင်က ကိုယ့်ကိုယ်ကို ရှိမှန်းမသိခဲ့ပါဘူး။ တရား အားထုတ်လို့ လောဘ ဒေါသ မောဟနည်းလာတဲ့အခါကျမှ ရှိမှန်းသိလာရပါတယ်။ ကိုယ့်ခန္ဓာအကြောင်းလည်း ကိုယ်ကောင်းကောင်း သိလာရပါတယ်။ ကိုယ့်ကိုယ်ကို အလေးမထားတဲ့အတွက်လည်း သူများရဲ့ထင်မြင်ချက် တွေလည်း ဂရုမစိုက်တော့ပါဘူး။

တရားနဲ့မတွေ့ခင်ကတော့ သူများကစားသလို ကစားချင်တယ်၊ သူများထင်ပေါ်ကျော်ကြားမှု ရသလို ရချင်တယ် ကိုယ့်ရဲ့ရှေ့မှာ ခေါင်းဆောင်ကောင်းမရှိတဲ့အခါကျတော့ ကိုယ်လိုသူလိုပဲ လောဘ ဒေါသ မောဟခိုင်းတဲ့ အလုပ်တွေနဲ့ပဲ ဦးဇင်းရဲ့ဘ၀ ၂၉ နှစ်လုံးလုံး အချိန်ကုန်ခဲ့ရပါတယ်။ ဆယ်တန်းစာမေးပွဲ အောင်ရင်ကောင်းမယ် ထင်တယ်ဆိုပြီး ဆယ်တန်းအောင်ဖို့ ကြိုးစားပါတယ်။ ပြီးတော့ ဘွဲ့ရရင်ကောင်းမှာပဲဆိုပြီး ဘွဲ့ရဖို့ ကြိုးစားရပြန် ပါတယ်။ ပိုက်ဆံရှိရင်ကောင်းမှာပဲဆိုပြီးတော့မှ ပိုက်ဆံရှိဖို့အတွက် ကြိုးစားအားထုတ်ပါတယ်။ ကိုယ်က မရ သေးခင်တော့ စိတ်ထဲမှာကောင်းတယ် ထင်တာပါပဲ။ တကယ်တမ်းကြိုးစားတဲ့အခါကျတော့ ကိုယ်ကိုယ်တိုင် ရ ရှိတဲ့ အခါကျတော့ ဒါတွေက ကိုယ်ထင်သလို မဟုတ်ဘူးဆိုတာ ဘာမှမဟုတ်ဘူးဆိုတာ နားလည်လာတာပါပဲ။

လောကီချမ်းသာဆိုတာက အမြဲတမ်း ဒီသဘောတရားပါပဲ။ ကောင်းတယ်လို့ထင်လို့ အထင်ကြီးအားကျလိုက် ကိုယ်ကရအောင် ကြိုးစားအားထုတ်လိုက် ဖြစ်လာတဲ့ အခါကျတော့ ဘာမှမဟုတ်လိုက်။ ရုပ်ဝတ္ထုပစ္စည်းတွေ ရရှိပါလိမ့်မယ်။ ထင်ပေါ်ကျော်ကြားမှုတွေ ရရှိပါလိမ့်မယ်။ ဒါကမျက်စိနဲ့မြင်ရတဲ့ လူတိုင်းသိနိုင်တဲ့ အထင်ကြီး အားကျစရာတွေပါပဲ။ ဒါပေမယ့် လူတွေမသိတဲ့ အကုသိုလ်ဖြစ်တာ လောဘမီး ဒေါသမီး မောဟမီးတွေ အ လောင်ခံရပြီးတော့မှ တဏှာ ဥပါဒါန် ကံဆိုပြီးတော့မှ အခုလိုရုပ်ဝတ္ထုပစ္စည်းတွေ ပိုင်ဆိုင်ဖို့ ထင်ပေါ်ကျော်ကြား မှုတွေ ရရှိဖို့ လောဘ ဒေါသ မောဟနဲ့ ကြိုးစားတဲ့အတွက် ဒီလောဘ ဒေါသ မောဟတွေက ပစ္စုပ္ပန်မှာလဲ ကိုယ့် ကို နဖားကြိုးထိုးပြီးတော့မှ နွားလုပ်ခိုင်းနေတာ သံသရာမှာလဲ ဒီလောဘ ဒေါသ မောဟတွေ ပို့တဲ့ အပါယ်လေး ပါးမှာ ခန္ဓာနဲ့ဆပ်ရမယ်ဆိုတာတွေကို နားမလည်ပါဘူး။ ဘုရားရဲ့ တပည့်သားအစစ်မဟုတ်တဲ့ အခါကျတော့ အ မြင်ကလည်း အင်မတန် သေးသိမ်ပါတယ်။ တစ်ဘဝ တစ်နပ်စာလေးအထင်ကြီးအားကျခံရဖို့ပဲ ကြိုးစားအား ထုတ်တာပါပဲ။ ၃၁ဘုံမှာ ချမ်းသာရှိတာကို မသိတဲ့အခါကျတော့ ဒီလိုပဲ ဟိုဟာဖြစ်ချင် ဒီဟာဖြစ်ချင်နဲ့ ဟိုဟာ ကောင်းနိုးနိုး ဒီဟာကောင်းနိုးနိုးနဲ့ပဲ ဦးဇင်းတို့ သံသရာက အစရှာမရအောင် ရှည်ခဲ့ရပါပြီ။ ဘဝတိုင်း ဘဝတိုင်း လည်း ဒီချမ်းသာအတု ချမ်းသာအလိမ်တွေနဲ့ပဲ ကိုယ့်ရဲ့အချိန်တွေကို လောဘ ဒေါသ မောဟတွေနဲ့ ဖြုန်းတီး ပစ်ခဲ့ပြီးပါပြီ။

နိဗ္ဗာန်ချမ်းသာဆိုတဲ့ ဘုရားသခင်ကိုယ်တော်မြတ်ကြီး လေးသင်္ချေနဲ့ကမ္ဘာတစ်သိန်း ပါရမီဖြည့်ပြီး ဖော်ထုတ်ပေးခဲ့တဲ့ ချမ်းသာအစစ်ကိုမတွေ့သေးရင်တော့ လောကချမ်းသာထဲမှာပဲ မဆုံးနိုင်တဲ့ လောဘ ဒေါသ မောဟတွေနဲ့ ပဲ မျှောလိုက် မြုပ်လိုက်နဲ့ပဲ သံသရာမှာ မျက်ရည်ကြီးငယ်တွေ ကျရပါလိမ့်မယ်။ အခုအချိန်လေး မှာ တော့ ကိုယ်တစ်ခါမှ မရဖူးသေးတဲ့ ချမ်းသာအစစ်ကိုရဖို့အတွက်ပဲ ကြိုးစားအားထုတ်ရပါလိမ့်မယ်။ ဒီအချိန် လေးပဲ ကိုယ့်မှာကြိုးစားအားထုတ်နိုင်တဲ့ အခြေအနေရှိတာပါ။ သေချာစိတ်ချရတာကတော့ အခုပစ္စုပ္ပန် ကာလ ပါပဲ။ သံသရာဆိုတာ ကိုယ့်မှာသစ္စာသိတဲ့ ဉာဏ်မရှိရင်တော့ ဘယ်ဘဝရောက်လို့ ရောက်မှန်းမသိ လားရာဂတိ က မမြဲတဲ့အတွက်လည်း အခုအချိန်ကိုပဲ တန်ဖိုးထားပြီး အသုံးချရပါလိမ့်မယ်။ ကိုယ့်ရဲ့နေခွင့်ရသလောက် ချမ်း သာအစစ်ကို ခံစားနိုင်ဖို့အတွက်ပဲ မဂ်ချမ်းသာ ဖိုလ်ချမ်းသာ နိဗ္ဗာန်ချမ်းသာနဲ့ နေနိုင်ဖို့အတွက် ကြိုးစားအား ထုတ်ရပါလိမ့်မယ်။

လောကီမှာ နေတုန်းကတော့ သူများအထင်ကြီးခံရဖို့ လူ့အောက်မကျဖို့ အပြိုင်အဆိုင်နဲ့ကြိုးစားလာလိုက်တာ သစ္စာတရားဆိုတာ ဘာမှန်းတောင် မသိပါဘူး။ သစ္စာမသိတဲ့အခါကျတော့ လောဘ ဒေါသ မောဟမီးတွေပဲ အ ချိန်ပြည့် အလောင်ခံရပြီးတော့မှ မဆုံးနိုင်တဲ့ သံသရာဝဋ်ဆင်းရဲထဲမှာ ကျင်လည်ရတာပါပဲ။ အခုဘဝမှာတောင် အင်မတန်ပင်ပန်းဆင်းရဲပါတယ်။ ကိုယ်ကလောဘဇောတိုက်လို့သာ ကိုယ့်ကိုယ်ကို ပူလို့ ပူမှန်းမသိ ၊ အကု သိုလ်တွေ ဖြစ်လို့ ဖြစ်မှန်းမသိဘူး။ ငါ ငါ့ဥစ္စာဖြစ်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ကြိုးစားတဲ့အခါကျတော့ မှားတယ် မှန် တယ်ဆိုတာ လောဘ ဒေါသ မောဟ မျက်လုံးနဲ့ ကိုယ့်ဘက်ကကြည့်တော့ ကိုယ်လုပ်တာဆိုရင် အကုန်မှန်တာ ပါပဲ။ တရားအားထုတ်လို့ ရရှိလာတဲ့ ဉာဏ်မျက်လုံးနဲ့ကြည့်တဲ့အခါကျတော့ ကိုယ်လုပ်တာ တစ်ခုမှ အကောင်း မရှိဘူး။ လောဘကြိုးစွဲရာ သက်သက် ကနေရတဲ့ ရုပ်သေးရုပ်ဘဝရောက်နေရတယ်ဆိုတာကို သေသေချာချာ နားလည်လာတာပါ။ အဲ့လိုနားလည်တဲ့အတွက်လည်း လောကီကို လုပ်ချင် ကိုင်ချင်စိတ် မရှိတော့ပါဘူး။ ဒါတွေ က ဘာမှ အဓိပ္ပါယ်မရှိဘူးဆိုတာကို နားလည်လာပါတယ်။ နားလည်တဲ့အတွက်လည်း နောက်ဆုံးကျတော့ သာ သနာပြုတဲ့လုပ်ငန်းကို ဇောက်ချပြီးလုပ်ရင်းနဲ့ ကိုယ်ဖြစ်ချင်တာတွေ ဖြစ်တော့တာပါပဲ။

ဘုရားက လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်းပါရမီဖြည့်ပြီးတော့ အမွေပေးခဲ့တဲ့ တရားအသိဉာဏ်တွေနဲ့ ဦးဇင်းရဲ့ဘဝကို လိုက်နာကျင့်ကြံ အားထုတ်တဲ့အခါကျမှ ကိုယ်ဖြစ်ချင်တာတွေကို ဖြစ်ပါတယ်။ ကိုယ့်စိတ်ရဲ့အေးချမ်းမှုကိုလည်း ရရှိပါတယ်။ ဒီ အေးချမ်းမှုကတော့ ဘယ်သူ့ကိုမှ မမှီခိုတဲ့အတွက် ဘယ်သူကမှလည်း ဖျက်စီးပစ်လို့ မရပါဘူး။ လောကီအေး ချမ်းမှုဆိုတာကတော့ အအေးစစ် ချမ်းသာစစ်မဟုတ်တော့လည်း အမြဲတမ်း ပိုင်ဆိုင်မှုများလေလေ သမုဒယ များလေလေ ဒုက္ခကများလေလေပါပဲ။ ဒီဒုက္ခမီးတွေကို ကိုယ်တိုင်ခံလာခဲ့ရတဲ့အတွက်လည်း ဦးဇင်းတို့ သံသရာ ခရီးသည် ဒုက္ခသည်အချင်းချင်း ၃၁ဘုံမှာချမ်းသာကို လှည့်ပတ်ပြီးရှာနေရတဲ့သူအချင်းချင်း ချမ်းသာအစစ်ကို အားကိုးရာအစစ်ကိုတွေ့စေလိုတဲ့ ဆန္ဒ နဲ့ ဦးဇင်း ပြန်ပြီးတော့ တရားပြပေးပါတယ်။

ခန္ဓာရထားတဲ့ သတ္တဝါတိုင်းကတော့ ကိုယ်ရထားတဲ့ ခန္ဓာကို ငါလို့ အထင်မှားနေတဲ့ အတွက် ဘဝတိုင်း ဘဝ တိုင်း အချိန်တိုင်း အချိန်တိုင်း ကိစ္စပင်လယ်ထဲမှာပဲ မျှော နေပါတယ်။ စားဖို့ကိစ္စ နေဖို့ ကိစ္စ ရှေ့ရေး နောက် ရေး ကိစ္စ သားကိစ္စ သမီးကိစ္စနဲ့ပဲ မဆုံးနိုင်တဲ့ ကိစ္စတွေကြားထဲမှာပဲ ရုန်းရင်းကန်ရင်း သေပွဲဝင်ရတော့တာပါပဲ။ ဆရာကောင်း သမားကောင်းမတွေ့ဘူးဆိုရင်တော့ လောကီကိစ္စတွေနဲ့ပဲ အချိန်ကုန်ပါတယ်။ ဒီခန္ဓာကို ငါလို့ ထင်နေသေးသ၍ကတော့ ငါ ငါ့ဥစ္စာဖြစ်ဖို့ဆိုတာကတော့ အမြဲတမ်းရှိမှာပါပဲ။ ခင်မင်တွယ်တာစရာ သမုဒယများ လေလေ ကိစ္စများလေလေပါပဲ။ ဒီကိစ္စတွေကို အရေးကြီးတယ်လို့ ထင်နေတဲ့စိတ်ကိုက အမြင်မှားနေပါတယ်။ အရေးအကြီးဆုံးအလုပ်က သစ္စာသိဖို့အလုပ်ပါ။

ဒီခန္ဓာရဲ့အမှန်တရားကို သိမှသာ ကိုယ်လိုချင်တဲ့ ချမ်းသာအ စစ်ကို ရနိုင်တာပါ။ သစ္စာသိဖို့အလုပ်ဆိုတာလည်း အခုလို ဘုရားသာသနာနဲ့ကြုံတဲ့အချိန် ဆရာကောင်း သမား ကောင်းတွေ ရှိတဲ့အချိန် ကိုယ့်မှာလည်း ဒီတရားတွေကို ထောင်နိုင်တဲ့ ဉာဏ်နားရှိတဲ့အချိန် ကျင့်ကြံအားထုတ် ဖို့ အခွင့်အရေးရှိတဲ့အချိန် ဒီအချိန်လေးမှာသာ ဒီသစ္စာသိတဲ့အလုပ် လုပ်နိုင်တာပါ။ ကိုယ်ကဒီအချိန်နဲ့ကြုံနေ တယ်ဆိုရင် မဆုံးနိုင်တဲ့ ကိစ္စတွေက ခဏဘေးဖယ်ထားရပါလိမ့်မယ်။ ကိစ္စတွေပြီးမှ တရားအားထုတ်မယ်ဆိုရင် တော့ တရားအားထုတ်ဖို့ အချိန်ကို ရလာမှမဟုတ်ပါဘူး။ လောကီဆိုတာက လုပ်လေလေ ကိစ္စကပိုပြီးတော့ များလေလေပါပဲ။ ကိုယ်ကရုန်းလေ ကန်လေလေ ကိစ္စပင်လယ်ထဲမှာပိုပြီးတော့ မျောလေ ကန်ပြီးတော့ မြုပ်လေပါပဲ။ အဲ့တော့ တရားအားထုတ်တယ်ဆိုတာက အချိန်မရွေးရပါဘူး။ နေရာလည်း မရွေးရပါဘူး။ ဒီခန္ဓာထဲမှာ အချိန်တိုင်း နေရာတိုင်းမှာရှိနေတဲ့ အမှန်တရားကို မြင်ဖို့အတွက် သတိပညာ နဲ့ စောင့် ကြည့် ရတဲ့ အလုပ်ဖြစ်တဲ့အတွက်လည်း ကိုယ်ဘာပဲလုပ်နေလုပ်နေ တရားရှုမှတ်နိုင်ဖို့ ကြိုးစားအားထုတ်ရပါတယ်။

မဆုံး နိုင်တဲ့ လောကီကိစ္စတွေကို အကြောင်းပြပြီးတော့မှ တရားအားမထုတ်သေးဘူးဆိုရင်တော့ ကိုယ်ရရှိနိုင်တဲ့ မဂ် ချမ်းသာ ဖိုလ်ချမ်းသာ နိဗ္ဗာန်ချမ်းသာဆိုတဲ့ ချမ်းသာအစစ်ကိုရနိုင်တဲ့ အခွင့်အရေး တသံသရာလုံးက တစ်ခါမှ မပိတ်ခဲ့တဲ့ အပါယ်လေးပါးတံခါး တစ်သံသရာလုံးမှာ တစ်ခါမှမဖွင့်နိုင်ခဲ့တဲ့ နိဗ္ဗာန်တံခါး ဒီတံခါးတွေကို ဖွင့်နိုင် ပိတ်နိုင်တဲ့ အခွင့်အရေးတွေကို ဆုံးရှုံးရပါလိမ့်မယ်။ လောကီကိစ္စဆိုတာက လောဘ ဒေါသ မောဟ ခိုင်းတဲ့ အ လုပ်ကို လုပ်တာပါ။ တရားအားထုတ်တယ်ဆိုတာက ဘုရားခိုင်းတဲ့အလုပ်ကို လုပ်တာပါ။ ဘုရားဆိုတာက သတ္တဝါတွေရဲ့အကျိုးအတွက် အနည်းဆုံး လေးသင်္ချေနဲ့ကမ္ဘာတစ်သိန်းပါရမီဖြည့်ပြီးတော့မှ ဘုရားအဖြစ်ကို ရ ယူခဲ့တာပါ။ လောဘ ဒေါသ မောဟဆိုတာ ဘယ်တော့မှ ကောင်းကျိုးမပေးပါဘူး။ ဘုရားရဲ့ သစ္စာတရားတွေ ဆိုတာလည်း ဘယ်တော့မှ ဆိုးကျိုးမပေးပါဘူး။ ကိုယ်လိုက်နိုင်ရင် လိုက်နာနိုင်သလောက် စိတ်၏ချမ်းသာခြင်း ကိုယ်၏ချမ်းသာခြင်းကို ရရှိမှာပါပဲ။ မသိတုန်းက မသိသလို နေလာခဲ့တာ ဆရာကောင်းသမားကောင်းတွေ မတွေ့ခင်မှာတော့ လောဘ ဒေါသ မောဟခိုင်းတဲ့အလုပ်တွေ လုပ်ခဲ့တာ ကိစ္စမရှိပါဘူး။

အခုလိုမဂ္ဂင်လမ်းပေါ်ကို လျှောက်နိုင်တဲ့ နည်းလမ်းညွှန်ပြပေးနိုင်တဲ့ မိုးကုတ်ဆရာတော်ဘုရားကြီးတို့လို့ ဆရာသမားကောင်းတွေ ရှိတဲ့ အချိန်မှာတော့ ကိုယ့်ရဲ့အချိန်တွေဟာ အဖိုးတန်တဲ့အချိန် ဖြစ်လာပါပြီ။ ဒီအချိန်ကို အလွဲသုံးစားမလုပ်ဖို့ အရေး ကြီးပါတယ်။ လောကီကိစ္စတွေလုပ်ရင်း ကိုင်ရင်းနဲ့ပဲ တရားအတွက် သီးသန့်အချိန်ပေးပြီးတော့မှ တရားအား ထုတ်ရပါလိမ့်မယ်။ အများအားဖြင့်တော့ တရားဆိုတာ သေခါနီးမှ အားထုတ်ရတယ်လို့ နားလည်ထားကြတာပဲ။ လောကီကိစ္စ ကိုယ်ဒုက္ခရောက်မယ့် ကိစ္စကိုပဲ ရှေ့တန်းတင်ပါတယ်။ လောကုတ္တရာဆိုတာက ဘာမှလုပ်စရာမ ရှိတဲ့အချိန် ကံမွဲ ဉာဏ်မွဲတွေ ရှိတဲ့အချိန်ကျမှ ကိုယ့်ရဲ့စွမ်းရည်မရှိတဲ့အခါကျမှ တစ်သံသရာလုံးချမ်းသာဖို့ ကိစ္စ ကို လုပ်ရမယ်လို့ အသိမှားနေကြပါတယ်။ လောလောဆယ် အများနေနိုင်သလို နေနိုင်ဖို့ ၊ အများ စားသလို စား နိုင်ဖို့ တစ်ဘဝ တစ်နပ်စာလေးကို ငဲ့နေတာ နဲ့ပဲ တစ်သံသရာလုံး ချမ်းသာဖို့ကိစ္စက လစ်လျှူရှု့ခံနေရပါတယ်။

တစ်သံသရာလုံး ကိုယ့်လောဘက ခိုင်းတဲ့ ကိလေသာခိုင်းတဲ့ စကားကိုပဲ နားထောင်ခဲ့ပြီးပါပြီ။ အခုလိုဘုရား သာသနာနဲ့ကြုံတဲ့အချိန်လေးမှာမှ ဘုရားပြောတဲ့ စကားကို ဒီခန္ဓာရဲ့အမှန်တရားကိုသိဖို့ ကြိုးစားအားမထုတ် ဘူးဆိုရင်တော့ ဒုက္ခပင်လယ် ကိစ္စပင်လယ်ထဲက လွတ်မြောက်ဖို့ လမ်းမမြင်နိုင်ပါဘူး။ အခုလို ကြိုးစားအား ထုတ်ရင် အားထုတ်သလောက် ရနိုင်မယ့် အခြေအနေလေးနဲ့ လာပြီး ကြုံနေတဲ့ အချိန်မှာတော့ ဒီအချိန်ကို တန် ဖိုးထားရပါလိမ့်မယ်။ လောကီအလုပ်တွေ လုပ်ရင်းကိုင်ရင်းကြားကနေ တရားအလုပ်ကိုကြိုးစားအားထုတ် ရပါလိမ့်မယ်။ အဲ့ဒါမှသာ လောကီဒုက္ခတွေကနေ လွတ်မြောက်ပြီးတော့ ခိုင်မြဲတဲ့ စိတ်၏ချမ်းသာခြင်း ကိုယ်၏ ချမ်းသာခြင်း အစစ်ကို ကိုယ်ကြိုးစားရင်ကြိုးစားသလောက် မြန်မြန်ဆန်ဆန် ရရှိပါလိမ့်မယ်။ တရားချမ်းသာဆို တာ အခုအားထုတ်ရင် အခုခံစားရတာပါပဲ။

၃၁ဘုံမှာကျင်လည်ကြတဲ့ သတ္တဝါတိုင်းကတော့ မဂ်ချမ်းသာ ဖိုလ်ချမ်းသာ နိဗ္ဗာချမ်းသာကို ကိုယ့်ဉာဏ်နဲ့ ကိုယ် တိုင်မျက်မှောက်မပြုဖူးသေးဘူးဆိုရင် ဝီစိကိစ္စဆိုတဲ့ သံသယအမြဲတမ်းရှိနေပါတယ်။ ၃၁ဘုံမှာကျင်လည်ကြတဲ့ သတ္တဝါတိုင်း ဘဝတိုင်း ဘဝတိုင်း အားကိုးရှာတာပါပဲ။ ချမ်းသာရှာကြတာပါပဲ။ ဒါပေမယ့် ခိုင်မြဲတဲ့ ချမ်းသာအ စစ် တစ်ခါမှ မတွေ့ခဲ့ကြတော့ ဒီဘဝမှာ ကိုယ့်ခန္ဓာကိုယ် အားကိုးတယ်။ ရုပ်ဝတ္ထုပစ္စည်းတွေ ရာထူးအာဏာတွေ ကိုယ့်မှာပိုင်ဆိုင်တဲ့အရည်အချင်းတွေ သားသမီးတွေ ဆွေမျိုးမိဘတွေ ဒါတွေကို အားကိုးတယ် ယုံကြည်တယ် ဆိုတာကလည်း အမြဲတမ်း သံသယနဲ့ပါပဲ။ ဒီသံသယက ကိုယ့်မှာရှိနေတာတောင် ရှိနေမှန်း သေချာနားမလည် ပါဘူး။ အခုလို ဝိပဿနာအားထုတ်လို့ ဒီသံသယသေသွားတဲ့အခါမှ သောတာပန်တည်သွားတဲ့အခါမှ ဘုရား တရား သံဃာအပေါ်မှာ မဂ်ချမ်းသာ ဖိုလ်ချမ်းသာ နိဗ္ဗာန်ချမ်းသာအပေါ်မှာ ဒါမှသာချမ်းသာအစစ် ဒီခန္ဓာ ဒုက္ခ သစ္စာဆိုတာ ဒါတွေကို ပိုင်ပိုင်နိုင်နိုင် မတုန်မလှုပ် ယုံကြည်သွားတဲ့အခါကျမှ ကိုယ့်မှာ သံသယမရှိဘူးဆိုတာ သေသေချာချာ သိတာပါ။ သံသယရဲ့ ဒုက္ခက အင်မတန်ကြီးတယ်ဆိုတာ နားလည်လာပါတယ်။ ကိုယ့်မှာ သံ သယရှိနေရင်တော့ တစ်သံသရာလုံး အားကိုးမှားလိုက် ဆရာမှားလိုက် ဒုက္ခရောက်လိုက် ချမ်းသာအစစ် အ ကောင်းစစ်ကိုမတွေ့တဲ့အခါကျတော့ အမြဲတမ်း အားကိုးရှာလို့မဆုံး အားကိုးရှာလို့မဆုံး ဆရာရှာလို့မဆုံး ဒုက္ခ ရောက်လို့မဆုံး ဖြစ်ခဲ့ရပါတယ်။

တရားနဲ့နေရင် ဆာလောင်မွတ်သိပ်မှုကလည်း နည်းတဲ့အခါကျတော့ မလိုအပ်ပဲ မစားတော့ပါဘူး။ တရားအား ထုတ်တဲ့အတွက် သီလတွေလုံလာတော့ စိတ်ထဲမှာ အကျိုးရှိတာ အကျိုးမရှိတာ အမှားနဲ့အမှန် အပူနဲ့အအေး ဒါတွေကိုလည်း သေသေချာချာ နားလည်လာတာပါပဲ။ နားလည်လာတော့ ကိုယ့်စိတ်ထဲမှာ မဟုတ်မမှန်တဲ့ စကား ပြောချင်စိတ်ကို မရှိပါဘူး။ အကျိုးမရှိတဲ့စကား အထူးသဖြင့် လောကီစကား လောကီအလုပ်တွေ ဒါတွေ ကို လုပ်တဲ့အခါကျတော့ ကိုယ့်ရဲ့လောဘမီးက ပြင်းပြင်းထန်ထန်လောင်ကျွမ်းတာကို ကိုယ်တိုင်နားလည်တဲ့အ ခါကျတော့ တဖြည်းဖြည်းနဲ့ လောကီက နောက်ဆုတ်တာပါပဲ။ တရားအားထုတ်လာတာနဲ့အမျှ ကိုယ့်မှာသီလ လုံလာတာနဲ့အမျှ မိုးကုတ်ဆရာတော်ဘုရားကြီး ပြောတာတွေက မှန်ကန်တယ်ဆိုတာကို ခြွင်းချက်မရှိ ယုံကြည် လာတာပါပဲ။ သံသယဆိုတဲ့ ဝီစိကိစ္စ ငါဆိုတဲ့ ဒိဌိ ဒီနှစ်ခုကတော့ အင်မတန်မှ ကြောက်စရာ ကောင်းပါတယ်။

ဦးဇင်းတို့ တစ်သံသရာလုံး ဒီဒိဌိနဲ့ ဝီစိကိစ္စဆိုတဲ့ သံသယကို အဖော်လုပ်လာခဲ့ပြီးပါပြီ။ ဒီဒိဌိကြောင့်ပဲ ဝီစိကိစ္စ ကြောင့်ပဲ တရားတွေ အားမထုတ်ဖြစ်ပါဘူး။ ဘုရားတွေ ဂင်္ဂါဝါဠုသဲစုမက ပွင့်ခဲ့ပေမယ့် ဒီခန္ဓာကြီးကို ငါထင်နေ တဲ့ အခါကျတော့ ငါ ငါ့ဥစ္စာဖြစ်ဖို့ပဲ ဘုရားရဲ့သစ္စာတရားတွေအပေါ်မှာလည်း သားသမီး ယုံသလောက်ပဲ ကိုယ့် ကိုယ်ကို ယုံသလောက်ပဲ ယုံကြည်နေတော့ ချမ်းသာအစစ်ကိုလည်း တစ်ခါမှ မရခဲ့ပါဘူး။ အခုအချိန်မှာတော့ တစ်သံသရာလုံး ကိုယ့်ကိုအပါယ်လေးပါးမှာ အမြဲနေအိမ်ဖြစ်အောင် ဒုက္ခပေးခဲ့တဲ့ ကိုယ့်ရဲ့ရန်သူ ကိုယ့်ရဲ့အ ထင်မှား ဒီခန္ဓာကို ငါဖြစ်အောင် ထင်နေတဲ့အထင်မှား ဘုရား တရား သံဃာအပေါ်မှာ သံသယရှိတဲ့စိတ်တွေကို အခုလိုတရားရှုမှတ်ရင်းနဲ့ ကိုယ့်ရဲ့အကြီးမားဆုံးရန်သူကို အပြီးတိုင် ရှင်းလင်းပစ်ရပါမယ်။ ဘုရားက အလုံးစုံသိ တဲ့ ဉာဏ်တော်ကြီးနဲ့ ရင်ဝကို လှံစူးတာထက် ဦးခေါင်းကိုမီးလောင်တာထက် ဒီခန္ဓာကို ငါထင်နေတဲ့ အထင်မှား ကို အရေးတကြီးထားပြီး ဖြုတ်ပါလို့ တိုက်တွန်းသွားခဲ့တာပါ။

သဘာဝရိပ်သာဆရာတော် ဦးဥတ္တမသာရ

 

ကိုယ့်ကိုယ်ကို ကောင်းအောင် လုပ်လိုက်ရင် တစ်လောကလုံး ကောင်းသွားတာပဲ

11178267_866998330026433_6066379753011292756_n

ဦးဇင်းတို့ကတော့ ကိုယ်လုပ်စရာရှိတာ လုပ်တာပဲ။ ကိုယ့်တာဝန် ကိုယ်ကျေရင် ကိုယ့်ရဲ့ တာဝန်ကျေ တဲ့စိတ်က သူများကို ကူးစက်ပြီး သူများလည်း တာဝန်ကျေမယ်ဆိုတာကို လုံးဝယုံမှား သံသယမရှိဘူး ဘာလို့လဲဆိုတော့ ဘုရားရှင်လဲ တာဝန်ကျေခဲ့လို့ ဘုရားရဲ့တပည့်သားတွေ အဆင့်ဆင့်တာဝန်ကျေခဲ့ လို့ အခုကိုယ်လည်း တာဝန်ကျေတာဆိုတော့ အခု ဦးဇင်းတာဝန်ကျေတယ်ဆိုရင် ဦးဇင်းနဲ့ပတ်သက် တဲ့ သူတွေလည်း တာဝန်ကျေမှာပဲ။ ကိုယ်က တာဝန်မကျေဘူးဆိုရင်တော့ သူများကလည်း တာဝန် ကျေမှာမဟုတ်ဘူး။ ခေါင်းဆောင်မကောင်းလို့ နောက်လိုက်မကောင်းတာ။ ခေါင်းဆောင်ဆိုတာ ဒီ နောက်လိုက်ထဲက ဖြစ်ရတဲ့ခေါင်းဆောင်ပဲ။ ခေါင်းဆောင်လေး မွေးလာတယ်လို့မှ မရှိပဲ။ အဲ့တော့ နောက်လိုက်ကောင်းဖို့အရေးကြီးရမှာ။ အဲ့ဒါဆို ခေါင်းဆောင်က အလိုလိုကောင်းသွားရော။ အဲ့တော့ လောကကြီးမှာ အရေးကြီးနေတာနဲ့တော့ တစ်ခြားစီပဲ။ ဘယ်သူမကောင်းဖြုတ်လိုက်။ ဘယ်နည်းပြမ ကောင်း ဖြုတ်လိုက်နဲ့ပဲ။ ခေါင်းဆောင်သာ ရွေးနေတာ ခေါင်းဆောင်ကောင်းပဲ ရှာနေကြတယ်။ အမှန် တကယ်က နောက်လိုက်ကောင်းဖြစ်ဖို့ ကြိုးစားရမှာ။

တကယ့်အမှန်တရားနဲ့ လူတွေသိတဲ့ အသိနဲ့က တစ်ခြားစီပါပဲ။ ကိုယ့်ကိုယ်ကိုကောင်းအောင် ကြိုးစား ရမှာ။ တစ်ဦးချင်း တစ်ယောက်ချင်းစီက ကိုယ့်ကိုယ်ကို ကောင်းအောင် လုပ်လိုက်ရင် တစ်လောကလုံး ကောင်းသွားတာပဲ။ ဘယ်သူကောင်းသလဲ ဘယ်သူ့မှီခိုမယ်ဆိုတဲ့ လူစွမ်းကောင်းရှာချင်တဲ့ စိတ်ဓာတ် တွေကို စွန့်ရမယ်။ ကိုယ်ကိုယ်တိုင် လူစွမ်းကောင်းဖြစ်ဖို့ကြိုးစားရမယ်။ အားကိုးရာ ရှာချင်နေတဲ့ စိတ် ကို စွန့်ရမယ်။ ကိုယ်ကိုယ်တိုင် အားကိုးရာဖြစ်ဖို့ ကြိုးစားရမှာ။

သူတစ်ပါးကိုပဲ အားကိုးဖို့ ရှာချင်နေတဲ့သူတွေပဲ ပေါင်းလိုက်ရင် နာမည်ခံ အားကိုးရာပဲ တွေ့မယ်၊ နာမည်ခံ ဘုရားပဲ တွေ့မယ်။ အားလုံးက ကိုယ်စီကိုယ်ငှ ကိုယ်တိုင်ကြိုးစားဖို့ မကြိုးစားပဲ သူများကိုသာ ကြိုးစားခိုင်းပြီး သူများသာကိုးကွယ်မယ် လုပ်နေတော့ ဘုရားလုပ်စေချင်တာနဲ့ တစ်ခြားစီ ဖြစ်နေပါ တယ်။ ဂင်္ဂါဝါဠုသဲစုမက ဘုရားတွေ ပွင့်သွားပြီ။ အဲ့ဒီလို သူများအားကိုးချင်တဲ့ စိတ်နဲ့ဆို ဘုရားတောင် ဖြစ်စရာမရှိဘူး။ သတ္တဝါအနန္တပဲ ကိုယ်တစ်ယောက်ဘုရားမဖြစ်လဲ ကိစ္စမရှိပါဘူးဆိုတဲ့စိတ်ရှိနေရင် ဘယ်သူမှ ဘုရားဖြစ်စရာအကြောင်းမရှိတော့ဘူး။ ဘယ်သူမှ တရားရစရာမရှိတော့ဘူး။ ကိုယ့်ရဲ့တာ ဝန်မကျေတဲ့စိတ်က သူများကို ကူးစက်ပြီး သူများကလည်း အဲ့ဒီလိုပဲ တွေးမှာပဲ။ ကိုယ်တစ်ယောက် တရားမရ ကိစ္စမရှိပါဘူး။ ကိုယ်တစ်ယောက် စည်းကမ်းပျက် ကိစ္စမရှိပါဘူး။ ကျန်တဲ့သူတွေ စည်းကမ်း ရှိပြီးတာပါပဲ ဆိုပြီး ကိုယ့်ရဲ့ အဲ့ဒီလိုစိတ်ဓာတ်က ကူးစက်ပြီး အားလုံးက စည်းကမ်းမရှိတဲ့သူတွေချည်း ဖြစ်သွားမှာပေါ့။

ငါ အသုံးမကျ ကိစ္စမရှိပါဘူး။ အဲ့ဒီစိတ်နဲ့ဆိုရင် အကုန်အသုံးမကျဖြစ်မှာပဲ။ စိတ်ဆိုတာ မမြင်ရပဲနဲ့ ကူး စက်တယ်။ စေတီတွေ၊ ဘုရားရင်ပြင်ပေါ် ရောက်ရင် အေးချမ်းသွားသလိုပေါ့။ ဘာလို့ အေးချမ်းလဲ ဆို တော့ အပြင်မှာက ပူနေလို့။ အပြင်မှာက လောဘ ဒေါသ မောဟတွေနဲ့ ငါ ငါ့ဥစ္စာသိမ်းပိုက်မှု တွေနဲ့ တည်ဆောက်ထားတာ။ ငါ့အိမ်၊ ငါ့တိုက် ၊ ငါ့ကား၊ ငါ့သားသမီး၊ ငါ့မယား ၊ ငါ့ဆွေမျိုး၊ ငါ့ ရာထူးအာ ဏာဆိုပြီး သိမ်းပိုက်ထားတာ။ ဘုရားဆိုတာကျတော့ ငါ ငါ့ဥစ္စာတွေကို စွန့်လွှတ်ထားတာ။

သိမ်းပိုက်တယ်ဆိုတော့ စိတ်ဓာတ်တွေက လောဘနဲ့တည်ဆောက်ထားတဲ့ အိမ်မှာနေရတဲ့ စိတ်နဲ့ အလောဘနဲ့တည်ဆောက်ထားတဲ့ စေတီ ဘုရား တွေမှာ နေရတဲ့ စိတ်နဲ့က အင်မတန် ကွာခြားပါ တယ်။ ဘုရားပေါ် ရောက်တော့ အေးချမ်းတယ်ဆိုတာ ဒါ စွန့်လွှတ်တဲ့စိတ်နဲ့ တည်ဆောက်ထားတော့ အေးချမ်းတာပေါ့။ မာန်မာနတွေနဲ့တည်ဆောက်ထားတဲ့ ကိုယ့်အိမ်မှာနေတော့ ပူတာပေါ့။

ဘာဖြစ်လို့လဲဆိုတော့ စိတ်ချင်းမတူလို့ ။ ဦးဇင်းတို့ အေးချမ်းတဲ့ စိတ်နဲ့ပြောတာကို နားထောင်တော့ အေးအေးချမ်းချမ်း ဖြစ်တာပေါ့။ ဘုရားရှင်အဆုံးအမတွေ နာကြားရတော့ စိတ်အေးချမ်းတာပေါ့။ ဦးဇင်း ရဲ့ စိတ်က အေးချမ်းတယ်ဆိုရင် မျောနေတဲ့ လူမမာတွေတောင် စိတ်အေးချမ်းမှု ကူးစက်သွား ပါတယ်။ ဆရာဝန်တွေ ရှု့ထောင်ကကြည့်ရင်တော့ မဖြစ်နိုင်စရာပေါ့။ မျောနေတဲ့ လူမမာတစ်ယောက် ကို ဦးဇင်းတို့က စိတ်ပြောင်းပေးလိုက်တာပါ။

ကိုယ့်ဟာကိုယ် ရှာစားရတာနဲ့ ဆွမ်းခံစားရတာ ဘာကွာလဲဆိုတော့ စေတနာကွာတာပေါ့။ ကိုယ့်ဘာ သာ ရှာစားတာကျတော့ ကိုယ့်လောဘနဲ့ကိုယ်ကြိုက်တာ ကိုယ်ဝယ်စား စေတနာ နည်းတယ်ပေါ့။ ဆွမ်းခံစားတာကျတော့ သူများက စေတနာနဲ့ကျွေးတာဆိုတော့ စားစရာကတော့ ဒီစားစရာပါပဲ။ စေတနာ ပါတာနဲ့ မပါတာနဲ့ ကွာတဲ့အခါကျတော့ ဆွမ်းခံပြီးစားရတာ အန္တရာယ်ကင်းတာပေါ့။ စေတနာ နဲ့ကျွေးတာပဲ စားရမှာ ကိုယ်စားချင်တာ စားရမှာမဟုတ်ဘူး။ ကိုယ့်မာန်မာနဲ့ကိုယ် ရှာစားတာ နဲ့ သူများက စေတနာနဲ့ကျွေးတာ မတူပါဘူး။ သူများက စေတနာနဲ့ပေးတာပဲ ဝတ်ရမှာ။ လူတွေလို ကိုယ်ဝတ်ချင်တာ ဝတ်နေတော့ မာန်မာနတက်တာပေါ့။ သူများစေတနာကို အလှူခံရမှာ၊ လူတွေလို လိုချင်တဲ့စိတ်နဲ့ ဓားပြတိုက်ယူရမှာမဟုတ်ဘူး။ စေတနာကို တန်ဖိုးထားရမှာ။ နည်းတာ များတာကို တန်ဖိုးထားရမှာမဟုတ်ဘူး။ သတ်မှတ်ချက်တွေကို တန်ဖိုးထားရမှာမဟုတ်ဘူး။ စေတနာအားကြီးတာ နဲ့ အားနည်းတာကိုပဲ တန်ဖိုးထားရမှာ။ လောကကြီး ဂရုစိုက်နေတာ တန်ဖိုးထားနေတာနဲ့တော့ တစ်ခြားစီပါပဲ။

ဘုရားခင်းတဲ့လမ်းက အင်မတန်အပြစ်ကင်းတယ်ဆိုတာ သိသွားတယ်။ ဘဝကို စွန့်လွှတ်ခြင်းနဲ့တည် ဆောက် ၊ စွန့်လွှတ်ခြင်းနဲ့ ချမ်းသာရှာ။ စွန့်လွှတ်တာ အလောဘ အဒေါသ အမောဟ။ လောဘ ဒေါသ မောဟနဲ့တည်ဆောက်နေလို့ ပြဿနာတက်နေတာ။ ပြဿနာဆိုတာလည်း လူတွေသိတဲ့ ပြဿနာကို ပြောနေတာ မဟုတ်ပါဘူး။ လူတွေကတော့ ပြဿနာမရှိဘူးပဲ ထင်နေတာ။ ငါမှ ငါ ဆိုတဲ့ ပြဿနာ တက်နေတာကိုတော့ မသိဘူး။ တစ်ခြားတာဝန်တွေ မကျေတာ ကိစ္စမရှိပါဘူး။ လူတွေသတ်မှတ် ထားတဲ့ သားသမီးတာဝန်မကျေတာ ၊ နိုင်ငံအပေါ် တာဝန်မကျေတာတွေ မဟုတ်ပါဘူး။ ဘုရားရှင် ဖြစ် စေချင်တဲ့ ဓမ္မအပေါ် တာဝန်ကျေဖို့လိုပါတယ်။ ဘုရားရှင် သိစေချင် လုပ်စေချင်တာ ပြုလုပ်နိုင်ဖို့ပဲ အ ရေးကြီးပါ။ လူတွေသတ်မှတ်ထားတဲ့ ပေတံနဲ့မဟုတ်ပဲ ဘုရားရှင် သတ်မှတ်ထားတဲ့ ဉာဏ်ပေတံနဲ့ပဲ တိုင်းတာပါ။

သဘာဝရိပ်သာဆရာတော် ဦးဥတ္တမသာရ

 

ဘဝဆိုတာ အင်မတန်ပြင်းထန်တဲ့ တိုက်ပွဲပဲ

10991591_857753407617964_3929180445559149985_o

မြတ်စွာဘုရားရှင်က တရားအားထုတ်ဖို့ တိုက်တွန်းတယ်ဆိုတာ လောကီလူသားတွေ လွတ်လပ်ရေး ဆုံးရှုံးနေလို့ ။ လွတ်လပ်ရေးဆုံးရှုံးနေလို့ဆိုပြီး ဓား လှံ လက်နက်တွေ အားကိုးလို့မရဘူး။ ဒါတွေအား ကိုးပြီး တိုက်ရင်တော့ သတ်မှတ်ထားတဲ့ လွတ်လပ်ရေးပဲ ရမယ်။ သတ်မှတ်ထားတဲ့ လွတ်လပ်ရေးဆို တော့ ပြန်ပြီးတော့မှ ဆုံးရှုံးမှာ ပူနေရမယ်။ ဘုရားရှာဖွေဖော်ထုတ်ပေးတဲ့ လွတ်လပ်ရေးဆိုတာကျ တော့ ရပြီဆိုတာနဲ့ ဘာမှကာကွယ်စောင့်ရှောက်စရာမလိုတော့ဘူး။ တစ်ခါတည်းအပြီးပဲ ဘယ်တော့မှ ပြန်ပြီးမဆုံးရှုံးတော့ဘူး ဘယ်သူကမှလု့ယူလို့မရတော့ဘူး ဘယ်တော့မှကျွန်ဘဝပြန်မရောက်တော့ ဘူး။ လွတ်လပ်တယ်ဆိုတဲ့အတိုင်း ဘယ်တော့မှပြန်ပြီး မလွတ်မလပ်မဖြစ်တော့တာ အဲ့ဒါမှ တကယ် လွတ်လပ်တာအစစ်။ လောကီက သတ်မှတ်ထားတဲ့ လွတ်လပ်ရေးဆိုတာ အစစ်မဟုတ်လို့သာ ပြန်ပြီးတော့မှ ဆုံးရှုံးမှာကြောက်နေရတာပေါ့။

ဦးဇင်းတို့ စိတ်တွေ စေတသိတ်တွေ ရုပ်တွေရဲ့ ကျွန်ဖြစ်နေတယ်ဆိုတာ တရားအားထုတ်တော့မှ ဘုရား တရား သံဃာအားကိုးပြီး တိုက်ပွဲဝင်မှပဲ တော်လှန်ရမှာပဲလို့ သိရတာ။ ဘုရားစွဲကိုင်သွားတဲ့ မဂ္ဂင်လက်နက်ကို မရ ရအောင်ယူပြီးတော့မှ မဖြစ်မနေ မှန်ကန်တဲ့ သတိ၊ဝီရိယ၊သမာဓိ၊ပညာ လက် နက်တွေ စွဲကိုင်ပြီးတော့မှ ပြည်တွင်းစစ် ကိလေသာ တော်လှန်ရေးကို လူမသိ သူမသိတိုက်ပွဲဝင်ရပါ တယ်။ လူကသာ ငြိမ်ငြိမ်လေးနေပေမယ့် ကိုယ့်နှလုံးသားထဲမှာ အကြီးအကျယ် ဒုတိယကမ္ဘာစစ်ထက် အစပေါင်းမြောက်များစွာ ပြင်းထန်တဲ့ အဝိဇ္ဇာနဲ့ ဝိဇ္ဇာ သဲကြီးမဲကြီး စစ်ထိုးနေတာ လောကကြီးက နားမလည်နိုင်ပါဘူး။ ကိုယ့်ရဲ့ နှလုံးသားစစ်မြေပြင်မှာ မိစ္ဆာဒိဌိ အဝိဇ္ဇာနဲ့ သမ္မာဒိဌိ ဝိဇ္ဇာနဲ့ သူတင် ကိုယ် တင် သူနိုင် ကိုယ်နိုင် တစ်ထောင့်ငါးရာကိလေသာနဲ့ တစ်ဖက်မှာ ဘုရားကိုယုံကြည်တဲ့ သဒ္ဓါတရားနဲ့ စွန်းလွန်းဆရာတော်ဘုရားကြီး ၊ မိုးကုတ်ဆရာတော်ဘုရားကြီး၊ သဲအင်းဂူဆရာတော်ဘုရားကြီး၊ ဆရာကြီး ဦးဘခင်၊ ဦးဂိုအင်ကာ ၊ ဦးကြည် တို့ စိတ်တူကိုယ်တူ တရားရိပ်သာထဲမှာ စုပေါင်းပြီးတော့ တရားထိုင်တဲ့ တော်လှန်ရေးဆင်နွဲတဲ့ ဓမ္မမိတ်ဆွေတွေရဲ့ စိတ်ဓာတ်အင်အား အကူအညီတွေယူပြီး တော့မှ အင်မတန်ပြင်းထန်တဲ့ကိလေသာ သတ်ပွဲကြီးတွေ သေလိုက်တာ အတုံးအရုံးပါပဲ။ နှလုံးသား စစ်မြေပြင်မှာ ကျဆုံးလိုက်တဲ့ အဝိဇ္ဇာ ၊ လောဘစိတ် ၊ ဒေါသစိတ်၊ မောဟစိတ်တွေ အတုံးအရုံးပါပဲ။

ဓမ္မနဲ့ အဓမ္မ နှလုံးသား စစ်မြေပြင်မှာ နေရာလုတာ။ ကိုယ့်နှလုံးသားမှာ ငါဆိုတဲ့ အဓမ္မကို ငါမဟုတ်ဘူး ဆိုတဲ့ ဓမ္မဖြစ်အောင် သာသနာပြုတာ။ ပညတ်ဘုရား တရား သံဃာ နေရာမှာ ပရမတ် ဘုရား တရား သံဃာဖြစ်အောင် အတွင်းသာသနပြုခြင်း ဖြစ်တယ်။ ဓမ္မမိတ်ဆွေတွေ အကူအညီ ၊ ဆရာသမားတွေ အကူအညီ ၊ တရားရိပ်သာတွေ အမှီအခိုနဲ့ ခေတ်ပြောင်းတော်လှန်ရေး အလှူရှင် စေတနာရှင်တွေရဲ့ အင်အားနဲ့ အင်မတန်ပြင်းထန်တဲ့ ကိလေသာရန်သူနဲ့ တိုက်ပွဲပါပဲ။ သတိ၊ဝီရိယ၊ပညာ ရပ်လိုက်တာနဲ့ ကိုယ်ရှုံးပြီပဲ။ ဒီလောက် သဲကြီးမဲကြီး တိုက်ရတဲ့ တိုက်ပွဲ ဘယ်မှာမှ မရှိပါဘူး။ အင်မတန် စိတ်ဓာတ်ကျ ရပါတယ်။ စက္ကန့်တိုင်း စက္ကန့်တိုင်း မှာ တိုက်နေရပါတယ်။ အနိစ္စနဲ့ နိစ္စနဲ့ သမ္မာမဂ္ဂင်နဲ့ မိစ္ဆာမဂ္ဂင်နဲ့ အပြန် အလှန် စစ်ထိုးနေရတာပဲ။ ပရမတ်ကို အာရုံပြုတိုင်း ရန်သူတွေ့တာပဲ။ ရန်သူတွေ့တိုင်း ကိုယ်က မနိုင် နိုင်အောင် တိုက်ရတာပဲ။ လူမှုရေး စီးပွားရေး လုပ်နေတုန်းကသာ အာရုံမပြုလို့ ပရမတ်ကို မတွေ့ တာပါ။ ကိုယ်က ပရမတ်ကို သတိထားလို့ အာရုံပြုတဲ့အခါကျတော့ ဘောလုံးလုတာကမှ ဘေးရောက် တယ်ဆိုတာ ရှိပါသေးတယ်။ ပရမတ်ဆိုတာက အချိန်တိုင်းရှိနေတာပါ။ ဝိဇ္ဇာဉာဏ်နဲ့ နေနိုင်ရင် နေ မနေ နိုင်လို့ လျော့လိုက်တာနဲ့ အဝိဇ္ဇာပြန် ဖြစ်သွားတာပဲ။ ငါတွေသူတွေ ယောကျ်ားတွေ မိန်းမတွေ မရှိတာကို တရစပ်သိအောင်ကြိုးစားနိုင်ရင် ကြိုးစား ကိုယ်က သတိလက်လွတ်ဖြစ်လိုက်တာနဲ့ ငါတွေသူ တွေ ပြန်ဖြစ်သွားရော။ ဒီလောက်ခက်ခဲတဲ့ ပြဿနာမျိုး မရှိပါဘူး။

ဘဝဆိုတာ အင်မတန်ပြင်းထန်တဲ့ တိုက်ပွဲပဲ။ နေရာတိုင်းမှာ အပြိုင်အဆိုင်တွေနဲ့ ရုန်းကန်ယူရတယ်။ ကြိုးစားယူရတယ်။ ဘယ်ဟာမှ အဆင်သင့်ဆိုတာ မရှိပါဘူး။

ကိုယ့်စိတ်ကို အလကား လွှတ်ကိုမထားရဲဘူး။ ငါဆိုတဲ့ အထင်မှားပြန်ဝင်သွားရင် ကျွန်ပြန်ဖြစ်သွားတာ ပါပဲ။ သတိ၊ဝီရိယ၊ ပညာ နဲ့ တရစပ်ကြီးကို ကပ်ထားရတာ။ တကယ့်လောကကြီးနဲ့တော့ ပြောင်းပြန် ဖြစ်သွားတာပေါ့။ နဂိုတုန်းက သွားတာ လာတာ လုပ်တာကိုင်တာ စားတာသောက်တာ နေရာတိုင်းမှာ ငါပါတယ် အတ္တပါတယ်။ လောလောနဲ့ မလိုအပ်တာတွေ လျှောက်လုပ်တယ်။ တရားနဲ့လုပ်တဲ့အခါကျ တော့ တစ်ချိန်မှာ တစ်စိတ်ပဲ။ ဘာမှမလိုအပ်တာ မလုပ်ဘူး။ တစ်ခြားဘာစိတ်မှ အပေါ်မခံဘူး။ မလိုအပ်တာ လုပ်တယ်ဆိုတာက လောကီမှာ နေတာက မကြည့်ပဲနဲ့ တီဗွီကြီးက ဖွင့်ထား၊ နားမ ထောင်ပဲနဲ့ သီချင်းတွေ ဖွင့်ထား၊ မဖတ်ပဲနဲ့လည်း စာအုပ်တွေ ဝယ်ထား ၊ မဝတ်ပဲနဲ့လည်း အဝတ်အ စားတွေ ဝယ်ထား ၊ မလုပ်နိုင်ပဲနဲ့လည်း ကတိတွေ ပေးထား။ လောဘကကြီးနေတဲ့အခါကျတော့ ဒီဟာမှမပြီးသေးဘူး ဟိုဟာလုပ်ချင် ၊ ဒီဟာစားနေတာမှ မပြီးသေးဘူး ဟိုဟာစားချင်၊ ဒီဟာလုပ်နေ တာမှ မပြီးသေးဘူး ဒီကိစ္စပေါ်လာ ဟိုကိစ္စပေါ်လာနဲ့ ပြာယာခတ် ရှုပ်ရှုက်ခတ်နေတာပဲ။ ဦးဇင်းတို့ တရားနဲ့လုပ်တဲ့အခါကျတော့ အပိုစကားတစ်ခွန်းမှ မပြောတော့ဘူး။ ပင်ပန်း လွန်းလို့ ငါမှမဟုတ်ပဲနဲ့။ ကိုယ့်ကို အထင်သေးလဲ ကိစ္စမရှိဘူး။ အထင်ကြီးလဲ ကိစ္စမရှိဘူး။ ကိုယ့်ကိုယ်ကိုတောင် ကိုယ်မပိုင် တာ။ သူများက အထင်သေးတာ အထင်ကြီးတာ ဂရုမစိုက်တော့ဘူး။

သဘာဝရိပ်သာဆရာတော် ဦးဥတ္တမသာရ

 

လောကကြီးမှာ ဆန့်ကျင်ဘက်ခြင်း ဗိုလ်လုနေရပါတယ်

မိရိုးဖလာ တရားအားထုတ်ပုံ နှင့် မဂ္ဂင်လမ်း နှိုင်းယှဉ်ချက် အပိုင်း ၁-၂

သံသရာကြီးက ရှည်တဲ့အခါကျတော့ အစမရှိ အဆုံးမရှိတော့

ဘယ်တော့မှ ရပ်နားတယ်ဆိုတာ မရှိတော့ ဒီဘဝ အချိန်လေးမှာတောင်

အသွားမတော် တစ်လှမ်းဆိုပြီးတော့ ဒုက္ခရောက်နိုင်သေးတာပဲ

အစားမတော် တစ်လုပ်ဆိုပြီး ကိုယ်ကြိုက်တာတွေ စားနေတဲ့ကြားထဲက

အသောက်မတော် ဆေးတစ်ခွက်ဆိုပြီးတော့မှ ဒုက္ခရောက်သွားနိုင်တယ်

အပြောမတော် တစ်ခွန်းဆိုပြီးတော့မှ စကားမှားလို့ ဒုက္ခရောက်နိုင်သေးတာပဲ

အဲ့တော့ တစ်ဘဝတောင် မှားနိုင်သေးတာပဲဆိုတော့ တစ်သံသရာလုံးဆိုရင်

အမှားပေါင်းက ရေတွက်နိုင်မှာ မဟုတ်တော့ပါဘူး။

ယောကျ်ားဘဝ ၊ မိန်းမဘဝ ၊ မိဘ ဘဝ၊ သားသမီး ဘဝ ဆိုတာ ကိုယ့်အား ကိုယ်ကိုးတာ

ဘုန်းကြီးဘဝ ၊ သီလရှင် ဘဝ ၊ ယောဂီဘဝ ဆိုတာ ဘုရားအားကိုးတာ

ကိုယ့်အားကိုယ်ကိုးတဲ့ စိတ်နဲ့ ဘုရားအားကိုးတဲ့ စိတ်နဲ့ ဘုန်းကံချင်း မတူပါဘူး။

ဘုန်းကံဆိုတာက ကောင်းတဲ့စိတ်တွေ များများ ဖြစ်ရင်

ကောင်းမှုကုသိုလ်တွေ များများလုပ်ဖြစ်ရင် ဘုန်းကံကြီးတာပါပဲ။

မီးလောင်ခံရမှ ဆင်းရဲဒုက္ခရောက်တယ် မထင်နဲ့

ရေနစ်၊ရေကြီးရင်လည်း ဆင်းရဲဒုက္ခရောက်တာပဲ

ဆင်းရဲတာမှ ဒုက္ခရောက်တယ် မထင်နဲ့

ချမ်းသာရင်လည်း ဒုက္ခရောက်နေတာပဲ

မုန်းမှ စိတ်ပူလောင်ရတာမဟုတ်ဘူး

ချစ်ရင်လည်း စိတ်ပူလောင်ရတာပဲ

လောကဓံတရားရှစ်ပါးဆိုတာ ဆန့်ကျင်ဘက်တရားတွေပဲ

အပြန်အလှန်ဒုက္ခရောက်နေကြတာ

လောကဓံမုန်တိုင်းနဲ့ကြံ့ခိုင်သည့်စိတ်ထား

ဘယ်လိုထားမလဲဆိုတာပဲ အရေးကြီးတယ်

သက်ဆိုးရှည်တယ်ဆိုတာ လောဘ ဒေါသ မောဟ အကုသိုလ်မကင်းပဲနဲ့ အသက်ရှင်နေတာ

သက်ကောင်းရှည်တယ်ဆိုတာ ကုသိုလ်ကောင်းမှုတွေများများလုပ်ရင်းနဲ့ အသက်ရှင်နေတာ

ငွေ၊ဂုဏ်၊ ရာထူး စည်းစိမ်နောက်လိုက်ရင်းနဲ့ မိသားစုနဲ့ ဝေးသထက် ဝေးနေကြရတယ်

ကိုယ်ချစ်တဲ့ ခင်တဲ့သူတွေနဲ့ အတူမနေရတဲ့ နေ့တွေ ပိုများလာတယ်

ကိုယ်ဆောက်ထားတဲ့ တိုက်ကြီးပေါ်မှာ နေရတဲ့ ရက်တွေ မရှိသလောက် ရှားလာတယ်

ကုသိုလ်ကောင်းမှုတွေလုပ်ဖို့ အချိန်မရှိသလောက် ဖြစ်လာတယ်

သာသနာထွန်းကားတယ်ဆိုတာ အမှန်တရားကို သိရှိတာ လက်ခံတာ လိုက်နာကျင့်သုံးတာ

သာသနာကွယ်တယ်ဆိုတာ အမှန်တရားကို မသိတာ လက်မခံတာ မလိုက်နာမကျင့်သုံးတာ

ဘုရားရှင်က သဒ္ဓါမရှိတဲ့သူကို တရားမဟောဘူးတဲ့

သဒ္ဓါရှိတဲ့ သူကိုပဲ ဘုရားရှင် တရားဟောပါတယ်

လောကကြီးမှာ ဆန့်ကျင်ဘက်ခြင်း ဗိုလ်လုနေရပါတယ်

အားကစားသမားတွေ အသင်းခြင်း ယှဉ်ပြိုင်ဗိုလ်လုနေရသလိုပါပဲ

ယှဉ်ပြိုင်ဗိုလ်လုနေလို့ကတော့ ဘယ်တော့မှ ဆုံးမှာမဟုတ်ပါဘူး

ငါတွေ သူတွေ အရှိယူပြီး ယှဉ်ပြိုင်နေမယ်ဆိုရင် မဆုံးဘူး

ငါနဲ့ သူနဲ့ ခွဲခြားထားလို့ တကယ်မရှိတဲ့ ငါနဲ့ သူနဲ့

ယှဉ်ပြိုင် ဗိုလ်လုနေရတာ

ကံအား မကိုးပဲ ဉာဏ်အားကိုးပါ

အသေမဦးခင် ဉာဏ်ဦးအောင် လုပ်ပါတဲ့

သာသနာကပြုချင်နေရမှာ မဟုတ်ဘူး

သာသနာပြုရမှာ

တရားက အားထုတ်ချင်ရမှာ မဟုတ်ဘူး

တရားက အားထုတ်ရမှာ

လိုချင်မှုနဲ့ပေါင်းနေလို့ကတော့ လိုချင်လို့ဆုံးမှာမဟုတ်ဘူး

အမြဲတမ်းလိုချင်နေလိမ့်မယ်

ပူပန်မှုနဲ့ပေါင်းနေလို့ကတော့ ပူပန်လို့ဆုံးမှာ မဟုတ်ဘူး

အမြဲတမ်းပူပန်နေရလိမ့်မယ်

ဘာဖြစ်မှာ ညာဖြစ်မှာ ပူနေတဲ့စိတ်က ပူပဲ ပူနေမှာပဲ။

ဘာမှဖြစ်အောင်မလုပ်နိုင်ဘူး။

ပူပန်မှုကင်းတော့ စိုးရိမ်မှုကင်းတဲ့အတွက် ဘာမဆို ဖြစ်အောင်လုပ်လို့ရတယ်။

ထုံးတမ်းစဉ်လာကတော့ အသက်ကြီးလာပြီဆို ပူနေတော့တာပဲ။

သားသမီးတွေ ဆွေမျိုးတွေအတွက် ပူနေတော့တာပဲ။

ပူတဲ့အလုပ်ပဲ လုပ်တော့တာပဲ။ဘာလို့လဲဆိုတော့ ဒါပဲလုပ်တတ်တော့တာကို။

ကိုယ်ခန္ဓာကြီးက မသန်စွမ်းတော့ဘူး စိတ်ကလဲအားမရှိတော့ဘူးဆိုတဲ့အခါကျတော့

တစ်နေ့ တစ်နေ့ ထိုင်ပြီးတော့ ပူပန်တဲ့အလုပ်ပဲ လုပ်နေတော့ အသက်ကြီးရင် ဒီလိုနေရမှာပဲဆိုတဲ့

ထုံးတမ်းစဉ်လာကြီးကို မကောင်းတဲ့အမွေကြီးကို ဆက်ခံနေရမှာမဟုတ်ပဲ ထုံးတမ်းစဉ်လာက

လွန်မြောက်အောင် ကြိုးစားရမှာ။ တရားအားထုတ်တယ်ဆိုတာ ဒါတွေကို သုံးတတ်သွားတာပါ။

စိတ်က အချိန်စွဲ နေတော့

စားချိန်ရောက်ရင် စားချင်လာရော

အိပ်ချိန်ရောက်ရင် အိပ်ချင်လာရော

တိရိစ္ဆာန်တွေတောင်မှ မသိစိတ်က အချိန်စွဲနေတာ

ခွေးရူးပြန်ချိန်ရောက်ရင် ခွေးတွေစိတ်ဖောက်လာတယ်

ကြက်တွေလည်း တွန်ချိန်ရောက်ရင် တွန်ကြတယ်

အချိန်စွဲ နေရာစွဲတွေက စိတ်ကိုဒုက္ခပေးနေတာ

နေရာဆိုတာက စင်္ကြာဝဠာအနန္တဆိုတော့

ခန္ဓာငါးပါးအတွက် စိတ် စေတသိတ် ရုပ်အတွက်

ရောက်နိုင်တဲ့ နေရာတွေက အများကြီးပါပဲ

ဒီနေရာအများကြီးထဲမှာ ကိုယ်က တစ်သံသရာလုံး

ဒီနေရာလေးမှာပဲ ဒီလူလေးနဲ့ပဲ ဒီယောကျ်ား ဒီမိန်းမနဲ့ပဲ

ဒီသား ဒီသမီး ဒီဆွေမျိုးနဲ့ပဲ ပေါင်းရမယ်လို့ အာမခံချက်မရှိပါဘူး။

ကြောက်တဲ့စိတ်နဲ့ကြည့်ရင် တစ်လောကလုံးက ကြောက်စရာချည်းပဲ

သံသယစိတ်နဲ့ကြည့်ရင် အရာရာကို သံသယဖြစ်စရာချည်းပဲ

အားကိုချင်တဲ့စိတ်နဲ့ကြည့်ရင် အကုန်လုံးက အားကိုချင်စရာချည်းပဲ

လိုချင်တဲ့စိတ်နဲ့ကြည့်ရင် အရာရာ လိုချင်စရာချည်းပဲ

စားချင်တဲ့စိတ်နဲ့ကြည့်ရင် အရာရာ စားချင်စရာချည်းပဲ

အရာရာစိတ်ပဲ စိတ်က ဖန်ဆင်းထားတာပါပဲ

အရာရာရှိတာမဟုတ်ပဲ စိတ်ရဲ့သတ်မှတ်ချက်တွေပဲ ရှိနေတာ

စိတ်က လက်ခံရင် လက်ခံသလို ဖြစ်တာပါပဲ

ဦးနှောက်နဲ့တော့ ဉာဏ်မှီမှာမဟုတ်ဘူး

ဦးနှောက်ကတော့ တိရိစ္ဆာန်တွေမှာလည်း ရှိတာပဲ

ဦးနှောက်ဆိုတာ အကန့်အသတ်ရှိတယ်

ကိလေသာရဲ့ လက်နက်ပဲ

ကိလေသာကတော့ တကယ်ရှိတာကို ဘယ်သိပါ့မလဲ

ဖန်ဆင်းထားတာတွေ သတ်မှတ်ထားတာတွေကို သိမှာပဲ

ပညတ် ပရမတ် သိတာနဲ့လည်း မမြတ်သေးဘူး

ပညတ် ပရမတ် ကွဲတာနဲ့လည်း မမြတ်သေးဘူး

ပညတ် ပရမတ် နှစ်ခုစပ် သိတတ်သူက မြတ်

သတိမရှိရင် ၁ စက္ကန့် ၁ မိနစ် ၁ နာရီ အတွင်းမှာ

အကုသိုလ်စိတ်တွေ လှေတွေ လှည်းတွေ ကားတွေနဲ့

တိုက်လို့ မကုန်နိုင်အောင် များလွန်းလှတယ်

သတိနဲ့မနေတဲ့စိတ်ဟာ အရူးလိုပါပဲ

တရားအားထုတ်တယ်ဆိုတာ စိတ်ကိုပြင်တဲ့ အလုပ်ပါပဲ

မြတ်စွာဘုရား နောက်ဆုံးသာသနာမှာ စိတ်ကိုပြင်ဖို့ အရေးတကြီးလုပ်သင့်ပါပြီ။

သစ္စ္စာမသိရင် ပင်လယ်ထဲ ပျက်နေတဲ့ သင်္ဘောနဲ့တူတယ်။

တောင်လေတိုက်ရင် တောင်ဘက်ဝဲလိုက် မြောက်လေတိုက်ရင် မြောက်ဘက်ယိမ်းလိုက်နဲ့။

လောဘဝဲထဲ မျောလိုက်။ ဒေါသဝဲထဲ မျောလိုက်။ မောဟဝဲထဲမျောလိုက်နဲ့။

အဝိုင်းပတ်ပြီးပြေးနေတာ ဘယ်မှာလမ်းဆုံးပါ့မလဲ။

သစ္စ္စာမသိလို့ကတော့ ဝဲလမ်းနဲ့ မြုပ်လမ်းလို့သာ မှတ်ကြ။

မိုးကုတ်ဆရာတော် ဘုရားကြီး

အမေရိကန်မှာ မီလျံနာသူဌေးတွေရှိတယ်

တင်းတိမ်ရဲ့လား

အငတ်ပြေရဲ့လား မပြေပါဘူးဘုရား

ဘာရောဂါထကြပါလိမ့် အငတ်နာရောဂါပါဘုရား။

မိုးကုတ်ဆရာတော်ဘုရားကြီး

 

ဆရာတော် ဦးဥတ္တမသာရ၏ |အဟုတ်ထင်မှုမှ ကင်းဝေးစေရန် | သစ္စာတရားတော်(၁၉.၀၇.၂၀၁၁)

1546382_497903136996358_244404388_n

အဟုတ်ထင်ငြိတွယ်မှုကင်းဖို့ကိုသာ အဓိကထားရပါမယ်။ ကာယကံ ဝစီကံ မနောကံတွေကို တမင်တကာမလုပ်လဲ အလိုလိုတော့ ပြုလုပ်နေတာပါပဲ။ တမင်တကာပြုလုပ်မှုကြောင့် ဖြစ်ပေါ်နေတဲ့ကံရဲ့ အကျိုးပေးတွေရော အလိုလိုပြုလုပ်မှုကြောင့် ဖြစ်ပေါ်နေတဲ့ ကံရဲ့ အကျိုးပေးတွေကလဲ ဖြစ်နေမှာပါပဲ။ ဒီတမင်တကာပြုလုပ်မှုရော အလိုလိုပြုလုပ်မှုရော တမင်တကာ ပြုလုပ်လို့ ဖြစ်တာရော အလိုလို ပြုလုပ်လို့ ဖြစ်တာတွေနဲ့ ပတ်သက်တဲ့နားလည်မှုတွေ နားမလည်မှုတွေလဲ ဖြစ်နေမှာပါပဲ။ အဲဒါတွေနဲ့ ပတ်သက်တဲ့ အဟုတ်ထင်ငြိတွယ်မှု ကင်းစေဖို့ အဓိကထားရမယ်။ တမင်တကာ အသက်ရှူရတာ ရှိသလို အလိုလို အသက်ရှူရတာလဲ ရှိသလိုပေါ့။ စိတ်တည်ငြိမ်အောင် တမင်တကာလုပ်ရတာလဲ ရှိသလို စိတ်က အလိုလိုတည်ငြိမ်နေတာလဲ ရှိမှာပါပဲ။ တမင်တကာလုပ်လို့ ဖြစ်နေတဲ့ ကံအကျိုးပေးတွေရော အလိုလိုဖြစ်နေတဲ့ အချိန်နဲ့အမျှအိုမင်းရင့်ရော်လာခြင်းရော တမင်တကာလုပ်လို့ဖြစ်တဲ့ ကံအကျိုးပေးရော အလိုလိုဖြစ်နေတဲ့ ကံအကျိုးပေးတွေရော ဒါတွေကတော့ ဖြစ်နေမှာပါပဲ။

တရားအားထုတ်တယ်ဆိုတာက အဲဒီဖြစ်တာမဖြစ်တာတွေ လုပ်တာမလုပ်တာတွေ နားလည်တာတွေ နားမလည်တာတွေနဲ့ ပတ်သက်တဲ့ အဟုတ်ထင်ငြိတွယ်မှု ကင်းစေဖို့ပါပဲ။ လုပ်လို့ဖြစ်တာတွေ မလုပ်ပဲနဲ့ ဖြစ်တာတွေကိုလဲ အဟုတ်ထင်နေတယ် ငြိတွယ်နေတယ် နားလည်တာ မလည်တာတွေကို အဟုတ်ထင်ငြိတွယ်နေတယ်..။ တကယ်လုပ်ရမယ့် တရားအလုပ်က အဲဒီ အဟုတ်ထင်ငြိတွယ်မှု ကင်းစေဖို့ပါပဲ။ လုပ်တာမလုပ်တာတွေက အဓိက မကျဘူးပေါ့။ တမင်တကာလုပ်နေတာတွေ အလိုလိုလုပ်နေတာတွေက အဓိကမဟုတ်ပဲ ဒါတွေက ရှိနေမှာပါပဲ။ ပျိုခြင်း အိုခြင်း နာခြင်း သေချင်းတရားတွေ ဒါတွေက တမင်တကာကြီး ပျိုအောင်မလုပ်လဲ ပျိုနေမှာပါပဲ တမင်တကာကြီး အိုအောင်မလုပ်လဲ အိုလာမှာပဲ တမင်တကာကြီး နာအောင်မလုပ်လဲ နာလာရမှာပဲ တမင်တကာကြီး သေအောင်မသတ်လဲ သေရမှာပဲ။ တမင်တကာလုပ်လို့ ဖြစ်တာရော အလိုလိုဖြစ်နေတဲ့ ဖြစ်စဉ်တွေရော ဒါတွေက ရှိနေမှာပါပဲ။ ဒါတွေနဲ့ပတ်သက်တဲ့ နားလည်မှု နားမလည်မှုတွေကလဲ ဖြစ်နေမှာပါပဲ။ တရားအလုပ်က အဲဒါတွေနဲ့ပတ်သက်တဲ့ အဟုတ်ထင်ငြိတွယ်မှု ကင်းစေဖို့ပါပဲ။

လုပ်တာမလုပ်တာ ဖြစ်တာမဖြစ်တာ နားလည်တာမလည်တာတွေက အဓိက မဟုတ်တော့ပါဘူး။ ဒါတွေကို အဟုတ်ထင်နေမှု ငြိတွယ်မှု ကင်းစေဖို့က အဓိက ဖြစ်သွားပါတယ်။ တမင်တကာလုပ်လို့ဖြစ်နေတဲ့ အကျိုးတရားတွေရော အလိုလိုဖြစ်နေတာတွေရော ကမ္ဘာကြီးက လည်နေတယ် ဒီအလိုလိုဖြစ်စဉ်ကြီးရော ဒါတွေက အဓိကမကျပဲနဲ့ ဒါတွေနဲ့ပတ်သက်တဲ့ အဟုတ်ထင်ငြိတွယ်မှုကင်းစေဖို့ ဒါတွေကို အဟုတ်လို့ ထင်နေတယ် ငြိတွယ်နေတယ် .. အဲဒီအဟုတ်ထင်ငြိတွယ်မှုကင်းဖို့ အဓိက ထားရမှာပါ။ နားလည်အောင် လုပ်ထားလို့ နားလည်တာတွေရော တမင်တကာမလုပ်ပဲနားလည်တာတွေရော ဒါတွေကို အဟုတ်ထင်ငြိတွယ်နေတယ်.. အဲဒီအဟုတ်ထင် ငြိတွယ်မှုကင်းစေဖို့က အဓိက ပါပဲ။

ဒါတွေနဲ့ပတ်သက်တဲ့ အဟုတ်ထင်ငြိတွယ်မှု အဝိဇ္ဇာ တဏှာကတော့ ရှိနေတယ်ပေါ့။ အဲဒီအဟုတ်ထင်ငြိတွယ်မှုကင်းစေဖို့ အဓိက ပါပဲ။ ဒါတွေကို အဟုတ်ထင်ငြိတွယ်နေတယ်ဆိုရင်တော့ ဒါတွေနဲ့ပတ်သက်ပြီး ပြသနာတက်တာပေါ့။ အဟုတ်ထင်ငြိတွယ်မှု ကင်းသွားရင်တော့ တမင်တကာလုပ်တာရော အလိုလိုလုပ်နေတာရော တမင်တကာလုပ်လို့ ဖြစ်နေတာရော အလိုလိုဖြစ်နေတာတွေရော နားလည်တာရော နားမလည်တာတွေရော ဒါတွေနဲ့ပတ်သက်ပြီးတော့မှ ပြသနာတက်စရာ မရှိတော့ဘူး။ သေတာရှင်တာတွေကို အဟုတ်ထင်ငြိတွယ်နေလို့ သေရေး ရှင်ရေးနဲ့ ပတ်သက်ပြီး ပြသနာတက်နေတာပေါ့။ အဟုတ်ထင်မှု ကင်းရင် သေခြင်းဆိုတာကလဲ တွေ့ကြုံဖို့ သက်သက် အသုံးချဖို့ သက်သက်ပါပဲ။ ရှင်သန်ခြင်းကလဲ အသုံးချဖို့ သက်သက်ပဲ ပြသနာ မဟုတ်တော့ဘူးပေါ့။ သေတာမသေတာက အဓိက မဟုတ်တော့ဘူးပေါ့ သေရေး ရှင်ရေးကြီးနေဖို့ မဟုတ်တော့ဘူးပေါ့။

ကိုယ်လုပ်တတ်တာကတော့ ဘယ်လိုလုပ်တာ ညာလိုလုပ်တာကို အဓိကထားတယ်.. ဘယ်လို လုပ်ရမလဲဆိုပြီး ဘယ်လိုညာလိုဆိုတဲ့ နည်းစနစ်တွေကို အဓိက ထားတဲ့အလုပ်ကိုတော့ လုပ်တတ်တယ်..။ ဘယ်ဟာမှားလဲ ဘယ်ဟာမှန်လဲဆိုပြီး ဘယ်ဟာမှားတယ် ဘယ်ဟာ မှန်တယ်ဆိုတဲ့ သတ်မှတ်ထားတဲ့ အမှားအမှန်တွေကို အဓိကထားတဲ့ အလုပ်ကိုတော့ လုပ်တတ်တယ်..။ အဲဒီ လုပ်ရပ်တွေကြောင့်ပဲ ဒါတွေကို အဟုတ်ထင်ငြိတွယ်မှု အားကြီးနေတာပါ။ ဘယ်လောက်ကြာကြာ လုပ်ရမလဲ ဘယ်မှာလုပ်ရမလဲ ဆိုပြီး အချိန်တွေ နေရာတွေကို အဓိကထားနေလို့ အချိန်စွဲ နေရာစွဲတွေကြီးနေတာ။ အချိန်ဆိုတာကို အဟုတ်ထင်နေတာပေါ့။

အဲတော့ အကြောင်းတရားပြောင်းရမှာပါ။ တကယ်လုပ်ရမှာက ကိုယ်လုပ်တတ်တဲ့ သတ်မှတ်ချက်တွေကို အဓိကထားတဲ့ အလုပ်ကို စွန့်ပြီးတော့မှ အတည်ယူဆုပ်ကိုင်ရမှာ မဟုတ်တဲ့ အမှန်တရားကို မမေ့လျော့ဖို့လိုအပ်ပါတယ်။ လုပ်တာတွေ မလုပ်တာတွေ ဖြစ်တာတွေ မဖြစ်တာတွေ နားလည်တာ နားမလည်တာတွေကို အဓိကထားနေမှု အစား ဒီဖြစ်တာ မဖြစ်တာ ပြုလုပ်တာ မပြုလုပ်တာ နားလည်တာ နားမလည်တာ မှန်သမျှရဲ့ အတည်ယူဆုပ်ကိုင်ရမှာမဟုတ်တဲ့ အမှန်တရားကို မမေ့လျော့ဖို့ လိုအပ်ပါတယ်။ အတည်ယူဆုပ်ကိုင်ရမှာမဟုတ်တဲ့ အမှန်တရားကို မမေ့လျော့မှုနဲ့ တရားအားထုတ်တာ တရားအလုပ်ကို ပြုလုပ်တာ ဖြစ်ဖို့ လိုအပ်ပါတယ်။ ကြားချဖို့လိုတာပေါ့ မလုပ်ရင်လဲပယ်တာပဲ လုပ်ပြန်တော့လဲ အတည်ယူဆုပ်ကိုင်မှု ပါနေပြန်တော့လဲ ကိုယ်လုပ်တတ်တဲ့ တရားအလုပ်သာ ဟုတ်တယ်.. တကယ်လုပ်ရမယ့် တရားအလုပ်မဟုတ်သေးပါဘူး။ အတည်ယူဆုပ်ကိုင်ရမှာမဟုတ်တဲ့ အမှန်တရားကို မမေ့လျော့ဖို့လိုအပ်ပါတယ်..။

———————————————————————-

” တရားတော်များကို အပြည့်အစုံ ဆုံးသည်အထိနာယူကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည် ခင်ဗျာ။”

—————————————————————————

တရားအပြည့်အစုံ နာယူရန်အတွက် download ချရန်

True answer – {[17-11]}

source: https://www.facebook.com/zerotruth

ဝိပဿနာဆိုတာ အသေလေ့ကျင့်တာ

1377443_629181090438546_772538766_n

“၀ိပဿနာဆိုတာ အသေလေ့ကျင့်တာ ”
———————————–

အခုလာနေတဲ့ ဝေဒနာတွေဟာ သေခါနီးလည်း လာမှာပဲ။
ဒါကြောင့်မို့ လို့ သဲအင်းဂူဆရာတော် ဘုရားကြီးက- ၀ိပဿနာတရားထိုင်တယ်ဆိုတာ မဂ်ဥာဏ်,ဖိုလ်ဥာဏ်ကိုအသာထား လိုက်ပါဦး၊ အသေလေ့ကျင့်တာတဲ့။
အခုကတည်းက လေ့ကျင့်ထားကြ သူတော်ကောင်းတို့ ..။
စာမေးပွဲဖြေခါနီးတော့ အပြင်မှာအစောကြီးစာတွေကျက်ရသလို
လေ့ကျင့်ထားရတယ်။အသေလေ့ကျင့်ထားကြ။

အခုသူတော်ကောင်းတို့  ရှုမှတ်ရင်း နာကျင်ကိုက်ခဲတာ ဆတ်,ဆတ်,ဆတ်နဲ့  အသားတွေတုန်လို့ ။ခြေထောက်တွေမှာ နာကျင်ပူခြစ်နေတာပဲ။
ဘေးလူကတော့ တော်တော်ထိုင်ကောင်းနေတယ်အာင့်မေ့နေတာ။
ယောဂီတို့ ကတော့ ငြိမ်နေတော့ တော်တော့်ကို ပီတိတွေ , ပဿဒ္ဓိတွေဖြစ်နေတယ်
အောင့်မေ့ရတယ်။ဒါပေမဲ့ ရှုမှတ်နေတဲ့ယောဂီမှာတော့ ရင်ထဲမှာ မီးတောက်နေတယ်။အဲ့ဒါကို သည်းညဉ်းခံကြသူတော်ကောင်းတို့ ။

အဲ့ဒါနိဗ္ဗာန်ရောက်မည့်တရား။ အခုသေဖို့ အဝေးကြီးကျန်တာတောင် ဒီလောက်ဒုက္ခရောက်တယ်ဆိုရင် သေခါနီး ဒါ့ထက်ပိုဆိုးဖို့  မကျိန်းသေဘူးလား။
ဒါကြောင့် ဓမ္မစကြာမှာ မရဏမ္ပိဒုက္ခံတဲ့၊ သေခြင်းတရားဟာ
ဒုက္ခပဲတဲ့။မြတ်စွာဘုရားက ဒုက္ခသစ္စာထဲမှာ ထည့်ဟောထားတာ။
ဓမ္မစကြာကို လာဘ်လာဘရဖို့ ဆိုပြီး မရွတ်နဲ့ နော်။
ဓမ္မစကြာဆိုတာ နိဗ္ဗာန်ရောက်ဖို့ ဟောထားတာ။
ဓမ္မစကြာတို့ , ဘာသုတ်, ညာသုတ်တို့ ကို ခုနေအခါအလုပ်ရဖို့ ချည်းပဲ ရွတ်နေတော့တာပဲ။

ဓမ္မစကြာမှာ ဇာတိပိဒုက္ခာ၊ဇရာပိဒုက္ခာ၊ဗျာဓိပိဒုက္ခော၊မရဏမ္ပိဒုက္ခံ။
သေခြင်းတရားဟာ ဒုက္ခပဲဆိုတာ အခုလောလောဆယ် ခဏသေကြည့်တာပဲ။
ဝေဒနာကိုခံစားနေရတာကို သည်းညည်းခံပြီး ရှု မှတ်တော့ ဒုက္ခဝေဒနာဟာ တကယ်နှိပ်စက်တာပဲ။အခုနေမှာစဉ်းစားဝေဖန်ပါ။တရားထိုင်တုန်းမှာ မဝေဖန်နဲ့ နော် ယောဂီတို့ ။တရားထိုင်တုန်း ဝေဖန်လို့ ရှိရင်
စိတ်ကူးယဉ်ကြောမျောသွားလိမ့်မယ်။စိတ်ကူးတာက အကျင့်ပါနေတယ်။
တရားထိုင်တာ အရိပ်ထဲမှာထိုင်တာတောင် ဒီလောက်နှိပ်စက်ရင် ဒို့ သေခါနီးလို့  ရောဂါကြီးဖြစ်ပြီးတော့ ဘယ်လိုမှ ကုမရတော့ဘဲ ဆရာဝန်တွေ လက်လွှတ်ရတဲ့အခြေအနေဆိုရင် မသေမချင်း အကြီးအကျယ်ခံစားရဖို့ မကျိန်းသေးဘူး။
အခုနေအခါမှာ သွားနိုင်လာနိုင်တုန်းမှာ ဒီဝေဒနာတွေကို ဝေဒနာနုပဿနာ ရှုမှတ်မထားဘူးဆိုလို့ ရှိရင် အဲ့ဒီအချိန်မှာ ဘေးလူက ဘယ်လောက်ပဲပြောပြော ရှုမှတ်ဖို့ လွယ်ပါ့မလား။(မလွယ်ပါဘုရား)

ရုပ်သဘော၊နာမ်သဘောတွေ ခန္ဓာရဲ့သဘောတွေမသိတော့ – ငါသေရတောမ့ယ်၊သားတွေ သမီးတွေနဲ့ ခွဲရတော့မယ်၊လုပ်ကိုင်ထားတဲ့ အလုပ်အကိုင်တွေနဲ့ အကုန်လုံးခွဲရတော့မယ်၊ငါဝယ်ထားတဲ့ ပစ္စည်းတွေ
အကုန်လုံးထားခဲ့ရတော့မယ်ဆိုတော့ အဲ့ဒီဒုက္ခရောက်တာက တစ်မျိုး၊ ခန္ဓာကိုယ်က ရောဂါဝေဒနာတွေနှိပ်စက်လို့ ဒုက္ခရောက်တာကတစ်မျိုး၊
ကိုယ်လဲနာ စိတ်လည်းနာ။ အကြီးအကျယ်နာတယ်။

၉၆ ပါးရောဂါနှိပ်စက်လို့ နာတာက ကိုယ်နာတာပေါ့။ဒီရုပ်ခန္ဓာကြီးနာတာပေါ့။
စိတ်ကနေပြီး ဘာမှ တရားတွေနာမထား၊လုပ်မထားတဲ့အခါကျတော့ စိတ်မချ၊ လက်မချတွေအကြီးအကျယ်မဖြစ်ဘူးလား။
စိတ်မချ လက်မချတွေ အကြီးအကျယ်ဖြစ်တာက စိတ်နာတာ။
သေခါနီးတဲ့အခါမှာ နာတာ၊ကျဉ်တာ၊ကိုက်တာ ခဲတာက တစ်မျိုး၊
ဒီစိတ်မချဖြစ်ရတာတွေက တစ်မျိုး၊ပူဆွေး ၀မ်းနည်းပြီးတော့ မချိမဆံ့တွေဖြစ်၊ ကိုယ်လည်းနာ စိတ်လည်းနာဆိုတော့ မသေခင် မချိမဆံ့ဒုက္ခတွေမရောက်ဘူးလား။

အဲ့ဒီလိုဒေါသကြီးနဲ့ ခံစားရပြီး သေသွားရင် သေသွားတဲ့သူ
ကောင်းရာမွန်ရာ ရောက်ပါ့မလား။
(မရောက်နိုင်ပါဘူးဘုရား)

ဒေါသနဲ့ သေရင်ငရဲတဲ့။
ဒေါသနှစ်မျိုးရှိတယ်။
သူများကို ရိုက်ချင် နှက်ချင်တာက တက်ကြွတဲ့ ဒေါသ။အင်မတန် ခင်မင်တဲ့ သူတွေနဲ့ ခွဲခွာရတော့မယ်ဆိုတော့ စိတ်ထဲမှာ မခွဲခွာချင်ဘူး၊၀မ်းနည်းတယ်။ ၀မ်းနည်းတာက ဆုတ်နစ်တဲ့ ဒေါသ။
“ ဒေါသနဲ့ သေ ငရဲပြည် “ ဆိုတော့ ကျန်တဲ့သူတွေ အမျှအတန်းဝေရင် ကြားပါတော့မလား။(မကြားပါဘုရား)
ဒယ်အိုးထဲမှာ သွားပြီး မီးလောင်ခံနေရတာ ဘယ်လိုလုပ်ကြားပါ့မလဲ။
မသေခင်မှာလဲ မချိမဆံ့ခံရတယ်နော်။ကိုယ်လဲနာ၊စိတ်လဲနာ။
အပါယ်လေးပါးထဲက ငရဲကျသွားတော့ အကြီးအကျယ်ထပ်မနာဘူးလား။

အဲ့ဒီတော့ သူ့ မှာဒုက္ခပြီး ဒုက္ခဆက်သွားတယ်။
အဲ့ဒါ ဘာကြောင့်လဲဆိုတော့ သည်းညဉ်းမခံလို့ ။

“ သည်းညည်းခံ နိဗ္ဗာန်ရောက်၊
သည်းသည်းမခံ အပါယ်ရောက်”

သည်းညည်းခံပြီး ယောဂီတို့ က မရှုမှတ်ဘဲ ၉ ရက်စခန်းကို ၃ရက်ထဲနဲ့ ထွက်ပြေးတယ်ဆိုရင် ဘယ်ရောက်မလဲ။ (အပါယ်ရောက်မှာပါဘုရား )
အပါယ်ရောက်နိုင်တယ်ဆိုတာကိုပြောတာနော်။ရောက်စေချင်လို့ ပြောတာမဟုတ်ဘူး။
တချို့ ကျတော့ အလုပ်မအားလို့ ပြန်သွားရတဲ့သူတွေလဲ ရှိတာပေါ့ဗျာ။လုပ်ခွင့်ရပါလျက်နဲ့  ဝေဒနာကို နာတယ်ဆိုပြီး
ပြန်ပြေးတဲ့ ပုဂ္ဂိုလ်တွေကိုပြောတာ။အဲ့ဒါကြောင့် ဒုက္ခဝေဒနာကို သည်းညည်းခံပြီးရှုမှတ်ပါ။

( မြစိမ်းတောင် ဆရာတော်ဘုရားကြီး အသျှင်ဇာနေယျ)

credit to: မူရင်းရေးသားပူဇော်သူ

ဆရာတော် ဦးဥတ္တမသာရ ၏ |နည်းလမ်း| သစ္စာတရားတော် (၂၆.၀၅.၂၀၀၉)

nonselfmotto (56)

တကယ်ရှိတာက သဘောပရမတ်ပါ။ သဘောပရမတ်မှာ ပညတ်တပ်ရရင် စိတ်၊ စေတသိတ်၊ ရုပ်၊ နိဗ္ဗာန်ပါ။ စိတ်၊ စေတသိတ်၊ ရုပ်ဆိုတာက တရစပ်ပျက်စီးတဲ့ သဘောပါ။ အနိစ္စ၊ အနတ္တ၊ ဒုက္ခသဘောပါ။ နိဗ္ဗာန်ဆိုတာက ပျက်စီးမှုကင်းတဲ့ သဘောပါ။ နိစ္စ၊ သုခ၊ အနတ္တသဘောပါ။ စကားလုံးတွေ လက်ခံရုံနဲ့ မပြီးပါဘူး။ ဗုဒ္ဓဘာသာဝင်ဖြစ်တဲ့ အတွက် ဘုရားဆိုတဲ့ စကားလုံးနဲ့၊ တရားဆိုတဲ့ စကားလုံးတော့ လက်ခံနိုင်ပြီးသား ဖြစ်ပါတယ်။ ဘာရိပ်သာ ညာရိပ်သာဝင်တယ်ဆိုရင် ဘာတရား ညာတရားဆိုတဲ့ စကားလုံးတွေကိုတော့ လက်ခံနိုင်ပြီးသား ဖြစ်ပါတယ်။ ဘယ်သူ ဘယ်ဝါဆိုတဲ့ သတ်မှတ်ချက်တွေကိုတော့ လက်ခံနိုင်ပြီးသား ဖြစ်ပါတယ်။ အနိစ္စ၊ အနတ္တ၊ ဒုက္ခဆိုတဲ့ စကားလုံးတွေကတော့ လက်ခံနိုင်ပြီးသား နိစ္စ၊ သုခ၊ အနတ္တဆိုတဲ့ စကားလုံးတွေကတော့ ဘုရားဟောပဲဆိုရင်တော့ ဘုရားကို ယုံကြည်မှုရှိတာဖြစ်တဲ့အတွက် ဘုရားဟောတာကိုလဲ လက်ခံပြီးသားပေါ့။ စိတ်၊ စေတသိတ်၊ ရုပ်၊ နိဗ္ဗာန် ပရမတ်တရား (၄)ပါး ဒါတွေကိုလဲ လက်ခံနိုင်ပြီးသားပေါ့။

တရားအလုပ်ကျတော့  စကားကိုလက်ခံတာမဟုတ်တော့ပဲ စကားနောက်ကွယ်က အမှန်တရားကို လက်ခံနိုင်ဖို့ကြိုးစားရမှာပါ။ စိတ်၊ စေတသိတ်၊ ရုပ်၊ နိဗ္ဗာန် ဆိုတာက သဘောပရမတ်တွေပါ။ စိတ်၊ စေတသိတ်၊ ရုပ် ဆိုတာလဲ သဘောပရမတ် နိဗ္ဗာန်ဆိုတာလဲ သဘောပရမတ်ပါပဲ။ ဒါပေမယ့် စွမ်းအင်သတ္တိမတူပါဘူး။ စိတ်၊ စေတသိတ်၊ ရုပ်ဆိုတာက မတည်မြဲတဲ့ ဖေါက်ပြန်တဲ့ မပြတ်တရစပ် ပြုပြင်နေတဲ့ တရစပ်ပျက်စီးနေတဲ့ စွမ်းအင်သတ္တိရှိတဲ့ သဘောပရမတ်ပါ။ နိဗ္ဗာန်ဆိုတာက ပြုပြင်မှု ဖေါက်ပြန်မှု မတည်မြဲမှု ပျက်စီးမှုကင်းတဲ့ စွမ်းအင်သတ္တိရှိတဲ့ သဘောပရမတ်ပါ။

ဓါတ်ကြီး(၄)ပါးလိုပေါ့ ပူတာလဲတဇော၊  အေးတာလဲ  တေဇောပေါ့။ တေဇောတော့   တေဇောပဲ ပူတာနဲ့ အေးတာနဲ့ စွမ်းအင်သတ္တိ (၂) ခုရှိသလိုပါပဲ။ ဝါယောဓာတ်ဆိုတာလဲ လှုပ်တာလဲ ဝါယော ငြိမ်တာတဲ့ ဝါယောပါပဲ။ အဲဒီလို ဆန့်ကျင်ဘက်သတ္တိ(၂) ခုရှိပါတယ်။ ပထဝီဓာတ်လို မာတာလဲ ပထဝီ ပျော့တာလဲ ပထဝီ ဆန့်ကျင်ဘက် စွမ်းအင်သတ္တိ(၂) မျိုးရှိပါတယ်။ အာပေါ ဓာတ်လို ယိုစီးတာလဲ အာဘောဓာတ်ပဲ ဖွဲ့စည်းတာလဲ အာပေါဓာတ်ပဲ။ ဓာတ်တစ်ခုထဲကပဲ ဆန့်ကျင်ဘက် စွမ်းရည်သတ္တိ ရှိနေသလိုမျိုးပါပဲ။ သဘောပရမတ်ကလဲ တရစပ်ပျက်စီးတဲ့ အနိစ္စ၊ ဒုက္ခ၊ အနတ္တစွမ်းရည်သတ္တိနဲ့ အဲဒီ ပျက်စီးမှု ပြုပြင်မှု ဖေါက်ပြန်မှု မတည်မြဲမှု ကင်းတဲ့ စွမ်းအင်သတ္တိ ဒီ ဆန့်ကျင်ဘက်စွမ်းအင်သတ္တိ(၂) မျိုးရှိပါတယ်။ အဲဒါတွေပဲရှိပါတယ်။ သဘောပရမတ်တွေပဲ ရှိပါတယ်။

စိတ်၊ စေတသိတ်၊ ရုပ် တွေမှာက အနိစ္စစွမ်းအင်ပေါ့.. မမြဲတဲ့စွမ်းအင်ပေါ့ .. ဒုက္ခဆိုတာက ဆင်းရဲတဲ့ စွမ်းအင်သတ္တိ၊ အနတ္တဆိုတာက တစ်ခု၊ တစ်ယောက်၊ တစ်ချိန် တစ်နေရာ မဟုတ်တဲ့ စွမ်းအင်သတ္တိပါ။ မမြဲတဲ့စွမ်းအင်ရဲ့ ဆန့်ကျင်ဘက်က မြဲတဲ့ စွမ်းအင်သတ္တိ.. ဒါတွေက သဘောပရမတ်တွေချည်းပဲ။ ဘာမမြဲတာညာမမြဲတာ မဟုတ်ဘူး။ တစ်ခုခု တစ်ယောက်ယောက် တစ်ချိန်ချိန် တစ်နေရာရာ မြဲတာ မမြဲတာကို ပြောတာ မဟုတ်ဘူး။ မမြဲတဲ့စွမ်းအင် သတ္တိတွေ မြဲနေတာက စိတ်၊ စေတသိတ်၊ ရုပ်။ မြဲတဲ့စွမ်းအင်သတ္တိ မြဲနေတာက၊ မမြဲတဲ့စွမ်းအင်သတ္တိကင်းတဲ့ သဘောမြဲနေတာက နိဗ္ဗာန်ပါ။နိဗ္ဗာန်က ဘာမှ မရှိတာ နိဗ္ဗာန်မဟုတ်။ နိဗ္ဗာန်က ဘုံနန်းပြဿဒ်ကြီးလဲ မဟုတ်။ အဲဒီ တစ်ခု၊ တစ်ယောက်၊ တစ်ချိန်၊ တစ်နေရာ ဆိုတာနဲ့ မပါတ်သက်တဲ့ ဘာတွေညာတွေ ဘယ်သူတွေ ဘယ်ဝါတွေနဲ့ မပါတ်သက်တဲ့ ပြုပြင်မှု၊ ဖေါက်ပြန်မှု၊ ပျက်စီးမှု၊ မတည်မြဲမှု ကင်းတဲ့ စွမ်းအင်သတ္တိက နိဗ္ဗာန်ပါ။

အဲဒီတော့ ရှိတာကတော့ သဘောပရမတ်ပဲ ရှိပါတယ်။ ဒီသဘောပရမတ်မှာ အနိစ္စစွမ်းအင်နဲ့ နိစ္စစွမ်းအင်.. အပူနဲ့ အအေးလို ဒုက္ခစွမ်းအင်နဲ့ သုခဆိုတဲ့ ဆန့်ကျင်ဘက်စွမ်းအင်သတ္တိ.. ဒီဆန့်ကျင်ဘက် စွမ်းအင်သတ္တိတွေရှိတဲ့ သဘောပရမတ်သာလျှင် အမြဲရှိနေတာပါ။ တရားအလုပ်က အဲဒီလို မှန်ကန်တဲ့ အဓိပ္ပါယ်ကို လက်ခံတဲ့ အလုပ်ပါ။ အဲဒီလိုသဘောပရမတ်ကို လက်ခံနိုင်တယ်ဆိုရင် စိတ်၊ စေတသိတ်၊ ရုပ်၊ နိဗ္ဗာန်  ပဲရှိတယ်.. အနိစ္စနဲ့ နိစ္စ၊ ဒုက္ခနဲ့ သုခ၊ အသုဘနဲ့ သုဘပေါ့။ ဒုက္ခသစ္စာနဲ့ သုခသစ္စာပဲရှိတယ်.. ဒီအမှန်တရားကို လက်ခံနိုင်တယ်ဆိုရင် ဒီတရားနဲ့ အညီ ဒါပဲရှိတယ်ဆိုတော့ ရှိတာကိုပဲ ရှိတဲ့အဖြစ် ခံယူလိုက်ဖို့ပါပဲ။ ပရမတ်နဲ့ တသားတည်းဖြစ်သွားဖို့ သဘောပရမတ်အဖြစ် ခံယူလိုက်ဖို့ပဲပေါ့။ သဘောပရမတ်ပဲရှိတယ်ဆိုတော့ ပရမတ်နဲ့ တသားတည်းဖြစ်သွားဖို့ ကြိုးစားဖို့ပါပဲ။

အဲဒီတော့ စကားလုံးတွေကို လက်ခံနိုင်ရုံနဲ့ အဓိပ္ပါယ်ကို လက်မခံနိုင်သေးပါဘူး။ ဘုရားဟောတဲ့ စိတ်၊ စေတသိတ်၊ ရုပ်၊ နိဗ္ဗာန်.. သစ္စာ(၄)ပါး စကားလုံးတွေကိုတော့ ဗုဒ္ဓဘာသာဝင်အားလုံးလောက် နီးပါး လက်ခံနိုင်ပြီးသားပေါ့။ စကားလုံးတွေကို လက်ခံတယ်။ ဒါပေမယ့် အဓိပ္ပါယ်နားလည်မှုကျတော့ တစ်ယောက်တစ်ပေါက်စီ ဖြစ်နေပါတယ်။ ယောဂီတိုင်းနီးပါးတော့ ဒီ စကားလုံးတွေကို လက်ခံနိုင်ပြီးသားပေါ့။ ဒါပေမယ့် မဂ္ဂသစ္စာကို၊ ဒုက္ခသစ္စာကို၊ သမုဒယသစ္စာကို ဒါမှမဟုတ်နိဗ္ဗာန်ကို .. ဒီစကားလုံးတွေရဲ့ အဓိပ္ပါယ်ကို နားလည်မှုကျတော့ အမျိုးမျိုးကွဲပြားနေပါတယ်။ အဲဒါကြောင့်လဲ ဒီမှန်ကန်တဲ့ အဓိပ္ပါယ်ကို လက်ခံနိုင်ဖို့ လိုပါတယ်။ မှန်ကန်တဲ့ အဓိပ္ပါယ်ကိုမှ လက်မခံနိုင်ဘူးဆိုရင်.. မှန်ကန်တဲ့ အဓိပ္ပါယ်ဆိုတာလဲ အမျိုးမျိုးရှိတာ မဟုတ်ပါဘူး။ ပရမတ်က တသမတ်တည်းပါပဲ။ ဘုရားဟောတာကတော့ စိတ်၊ စေတသိတ်၊ ရုပ်၊နိဗ္ဗာန်ပဲပေါ့.. အနိစ္စ၊ အနတ္တ၊ ဒုက္ခပဲပေါ့ .. ။အဲလိုပဲ ပရမတ်ဆိုတာလဲ သူ့ရဲ့ အဓိပ္ပါယ်က တသဘောတည်းပါပဲ။

ဦးဇင်းတို့ တရားဟောတယ်ဆိုတာကလဲ သဘောပရမတ်ဆိုတာကို အနီးစပ်ဆုံး၊ အတိကျဆုံး ပညတ်တပ်တာပါ။ ဒါကိုလက်မခံနိုင်ဘူးဆိုရင် မတိကျတာတွေကို မသေချာတဲ့ အဓိပ္ပါယ်တွေကို ပရမတ်လုပ်နေတော့မှာ ပါပဲ။ အဲဒီတော့ လက်မခံနိုင်သေးဘူးဆိုရင် ဘုရားဟော စိတ်၊ စေတသိတ်၊ ရုပ်၊ နိဗ္ဗာန် ဆိုတာ လက်ခံနိုင်ပေမယ့် ဦးဇင်းပြောတဲ့ အဓိပ္ပါယ်ကို လက်မခံနိုင်သေးဘူးဆိုရင် လက်ခံနိုင်ဖို့ ကြိုးစားရမှာပါပဲ။ စကားမပြောတတ်ရင် ပြောတတ်အောင်သာ ကြိုးစားဖို့ လိုသလိုပေါ့။ ပညာမတတ်ရင် တတ်အောင်သင်ဖို့သာ လိုသလိုပါပဲ။ ကိုယ်လက်မခံနိုင်ရင်လဲ လက်ခံနိုင်အောင် ကြိုးစားဖို့သာ လိုပါတယ်။ ကိုယ်လက်မခံနိုင်တာနဲ့ ဒါ မှားတယ် ဆိုပြီးတော့မှ စွဲချက်တင်ရမှာ မဟုတ်ပါဘူး။ ကိုယ့်အယူနဲ့ မတူတာနဲ့ အမှန်တရားကို မဆန့်ကျင်ပါနဲ့။ အဲဒီတော့ ကိုယ်က တရားလာရှာတာပဲ။ ကိုယ်က ဆရာလာလုပ်တာပဲ.. ကိုယ်က ဆရာနေရာမှာ နေတယ် ဆိုရင်တော့ တပည့်က လုပ်တာကို ကိုယ်သိတဲ့ အသိနဲ့ အမှားအမှန် ဆုံးဖြတ်ရမှာပေါ့.. ကိုယ့်ရဲ့ ဆရာအသိကို ကိုင်ထားပြီး တပည့်သိတဲ့ အသိကို ပြင်ပေးရမှာပါ။ ကိုယ်က တပည့်လုပ်တယ်ဆိုရင်တော့ ဆရာသိတဲ့ အသိကို လက်ခံပြီးတော့မှ တပည့်အသိကို စွန့်ရဲတဲ့ သတ္တိရှိဖို့လိုပါတယ်။

          တကယ်ရှိတာက သဘောပရမတ်ပဲ.. အဲဒီ သဘောပရမတ်မှာ ဆန့်ကျင်ဘက် စွမ်းအင်သတ္တိတွေရှိတယ်။ စိတ်၊ စေတသိတ်၊ ရုပ် နဲ့ နိဗ္ဗာန်ဆိုတာက သဘောပရမတ်ချည်းပါပဲ။ စွမ်းအင်သတ္တိမတူတာပဲရှိပါတယ်။

———————————————————————-

” တရားတော်များကို အပြည့်အစုံ ဆုံးသည်အထိနာယူကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည် ခင်ဗျာ။”

—————————————————————————

တရားအပြည့်အစုံ နာယူရန်အတွက် download ချရန်

MediaFire

source:https://www.facebook.com/zerotruth

ဆရာတော် ဦးဥတ္တမသာရ၏ |စိတ်ကိုအဆုံးရှုံးခံခြင်း| သစ္စာတရားတော်(၁၁.၀၅.၂၀၀၉)

10542080_1523704004513943_1917522064677087884_o

တရားအလုပ်က အတ္တကို စွန့်လွှတ်တဲ့အလုပ် အကန့်အသတ်တွေကို စွန့်လွှတ်တဲ့အလုပ်ပါ။ စိတ်ကို အဆုံးရှုံးခံတဲ့အလုပ်ပါ။ စိတ်ကိုအရှိလုပ်နေတာ အတ္တဖြစ်စေရတဲ့ အကြောင်းဇစ်မြစ်ပါပဲ။ မျက်စိ၊ နား၊  နှာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ်တွေကို အရှိလုပ်နေမှုကို စွန့်ရမယ်။ အရှိမလုပ်ရဘူးဆိုပြီး မျက်စိ မရှိဘူး၊ ကိုယ်မရှိဘူး စိတ်မရှိဘူးဆိုပြီး တော့မှ ဆန့်ကျင်ရမှာလဲ မဟုတ်ပါဘူး။ မရှိဘူးလုပ်တာလဲ အရှိလုပ်တာပဲပေါ့။ ဒီလူကိုထောက်ခံတယ်ဆိုတာလဲ အရှိလုပ်တာ၊ ကန့်ကွက်တယ်ဆိုတာလဲ အရှိလုပ်တာ။ အရှိလုပ်ပြီးတော့မှ ကန့်ကွက်တာ ဒီလူကိုဆုပ်ကိုင်ထားပြီးတော့မှ ဒီလူရှိတယ်၊ ဒီအမှန်တရားဆိုတာရှိတယ် ဒါမှန်တယ် ဒါမှားတယ် ဆိုပြီး တစ်ခုခုကိုတော့ အရှိလုပ်ထားတာပဲ။ တစ်ခုခုနဲ့ ပတ်သက်နေတာပဲပေါ့။ စိတ်ကို ဒီတိုင်းထားရမယ်ဆိုရင်လဲ တစ်ခုခုဆိုတဲ့ စိတ်နဲ့ပတ်သက်နေတာပဲပေါ့။ စိတ်ကို ဟိုနေရာစူးစိုက် ဒီနေရာစူးစိုက် ဟိုလိုရှုမှတ် ဒီလိုရှုမှတ်မယ်ဆိုရင်လဲ စိတ်ကိုအရှိလုပ်တာပေါ့။ စိတ်ကို စိတ်အတိုင်းထားလဲ စိတ်ကို အရှိလုပ်တာပဲပေါ့။

တကယ့်တရားအလုပ် အစစ်က တစ်ခုခုဆိုတဲ့ စိတ်ကို အဆုံးရှုံးခံလိုက်ရမယ်။ အဆုံးအရှုံးခံလိုက်ရမယ်ဆိုတာလဲ .. စကားကတော့ မပြည့်စုံဘူးပေါ့။ သားသမီးကို အရှိလုပ်ပြီးတော့မှ သားသမီးကို စွန့်လိုက်သလို အဲလိုမျိုးလဲ မဟုတ်ပြန်ဘူး။ ပရမတ်လိုပေါ့။ ပရမတ်ဆိုတာ ဘာမှန်းမသိသလိုပေါ့။ ကိုယ်နားလည်တာကို အမှန်တရားလုပ်နေတော့ တစ်ခုတစ်ယောက် တစ်ချိန်တစ်နေရာ မဟုတ်တဲ့ ပရမတ်အစစ်ကို လုံးဝမသိသလို ကိုယ်နားလည်ရာ နိဗ္ဗာန်လုပ်နေတော့ နိဗ္ဗာန်အစစ်ကို မသိသလို စိတ်ကိုလဲ အဲလို လုံးဝမပတ်သက်ဖို့ပေါ့။ စိတ်ကို လက်ခံတာရော ကန့်ကွက်တာရော ဒီလိုမျိုးမဟုတ်ပဲနဲ့ စိတ်ဆိုတာနဲ့ လုံးဝမပတ်သက်ဖို့ပေါ့  စိတ်မရှိတော့ဖို့ပေါ့။ စိတ်နဲ့လုံးဝမပတ်သက်တဲ့သဘောကို နားလည်ဖို့ ။ စကားကတော့ ဘယ်လိုပြောပြော ပြည့်စုံတယ်လို့ မရှိပါဘူး။ အဲဒါကြောင့်အလုပ်နဲ့ လုပ်ကြည့်တော့ မှန်ကန်တဲ့အလုပ် လုပ်လိုက်ရင်ရှင်းသွားလိမ့်မယ်။

အဲဒီတော့ ဘယ်လိုလုပ်ရမလဲဆိုတော့ တစ်ခု တစ်ယောက် တစ်ချိန်တစ်နေရာတွေကို အရှိလုပ်နေတဲ့သဘောပဲ ရှိတယ်ဆိုတာကို လက်ခံပါ။ သမုဒယသစ္စာပဲရှိတယ်ပေါ့။ သမုဒယသစ္စာကို အရှိလုပ်လိုက်။ အဝိဇ္ဇာဆိုတဲ့ တစ်ခုတစ်ယောက် တစ်ချိန်တစ်နေရာကို အရှိထင်တဲ့သဘော၊ သင်္ခါရဆိုတာက တစ်ခုတစ်ယောက် တစ်ချိန်တစ်နေရာကို အရှိထင်တဲ့အတွက် အဲဒါတွေနဲ့ ပက်သတ်ပြီးတော့မှ ဘယ်သွားချင် ဘာလုပ်ချင်ဆိုတဲ့ လိုအင်ဆန္ဒတွေက သခါင်္ရ။ တဏှာဆိုတာက ဖြစ်ချင်တာ လုပ်ချင်တာ သိချင်တာ ဒါတွေကို စွဲလန်းတာ တဏှာ။ ဥပါဒါန် ဆိုတာ မလုပ်ရ မဖြစ်ရ မသွားရ မပြောရ မနေနိုင်ဖြစ်တာက ဥပါဒါန်။ ကံဆိုတာက ဟိုကြည့်ဒီကြည့် ဟိုတွေးဒီတွေး ဟိုကြံ ဒီကြံ လျှောက်လုပ်တာ ကံပါပဲ။ ဒီသမုဒယသစ္စာက အနတ္တချည်းပဲ။ ဓမ္မမှန်သမျှ အနတ္တချည်းပဲ။

တကယ်ရှိတာက အဲလိုပြုလုပ်နေတဲ့သမုဒယသစ္စာပဲရှိတာ။ သမုဒယသစ္စာရှိလို့ တစ်ခုတစ်ယောက် တစ်ချိန်တစ်နေရာတွေက အသက်ဝင်နေတာ။ နားတွေ အသံတွေ ကြားစိတ်တွေ ဘာပဲညာပဲသိတဲ့စိတ်တွေ ဒီတစ်ခုတစ်ယောက် တစ်ချိန်တစ်နေရာကို အသက်သွင်းနေတာ ဒါတွေက တကယ်ဟုတ်နေတယ်လို့ အထင်မှားစရာဖြစ်နေတာ ဒါ ပြုလုပ်တဲ့သဘော သမုဒယသစ္စာကြောင့် ပေါ့။ နားရှိလို့ကြားတာမဟုတ်ဘူး။ စိတ်ရှိလို့ သိတာမဟုတ်ဘူး။ အဲဒီအသိတွေက အမှားသိတွေ။ တကယ်ရှိတာက သမုဒယသစ္စာပဲရှိတယ်။ ငါတွေသူတွေ လူတွေ တိရိစ္ဆာန်တွေရှိတာမဟုတ်ဘူး။ အဆင်းတွေ အသံတွေ အနံ့တွေ အရသာတွေ ရှိတာ မဟုတ်ဘူး။ ဒီ သမုဒယသစ္စာသာလျှင်ရှိတယ်။ အဲဒီ့ အင်မတန်နားလည်ဖို့ခဲယဉ်းတဲ့ အမှန်တရားကို မမေ့ရမှာ။ တစ်ခုတစ်ယောက် တစ်ချိန်တစ်နေရာကို အဟုတ်ထင်နေတဲ့သဘောပဲရှိတယ်ပေါ့။

ဒီသမုဒယ သစ္စာထဲက သဘောတစ်ခုခုကို မမေ့ရမှာ။ အထင်မှားတဲ့ သဘောပဲဖြစ်ဖြစ် ဖြစ်ချင်လုပ်ချင်တဲ့ သဘောပဲ ဖြစ်ဖြစ် အဲဒီ ဖြစ်ချင်ရတာကို လုပ်ချင်ရတာကို စွဲလန်းတဲ့ သဘောပဲဖြစ်ဖြစ် အရူးအမူး ဖြစ်တဲ့ သဘောပဲ ဖြစ်ဖြစ် ပြုလုပ်တဲ့သဘောပဲ ဖြစ်ဖြစ် မှန်ကန်တဲ့ သမုဒယသစ္စာရဲ့ သဘောတွေထဲက သဘော တစ်ခုခု ကို မမေ့ရမှာ။ တကယ်ဖြစ်နေတာကို မမေ့ရင် တကယ်မဖြစ်တာတွေကို မေ့ပြီးသားပဲပေါ့။ စိတ်ကို အရှိလုပ်ပြီးတော့မှ ကန့်ကွက်မဲပေးတာလဲ မဟုတ်ဘူး။ ထောက်ခံမဲပေးတာလဲ မဟုတ်ဘူး။ အမျိုးဖြစ်ဖြစ်နေတဲ့ လောကကြီးထဲမှာ မပြောင်းလဲတာကတော့ တသမတ်ထဲ ဖြစ်နေတာကတော့ သမုဒယသစ္စာပါ။

သမုဒယသစ္စာက မပြောင်းလဲတဲ့ အတွက် လောကကြီးက အမြဲတမ်းပြောင်းလဲနေရသလို အကြိုက်တွေက အမျိုးမျိုးပြောင်းနေရသလိုပေါ့။ သမုဒယသစ္စာကသာ တသမတ်ထဲဖြစ်နေရင် သူဖန်ဆင်းထားတဲ့ လောကကြီးကလဲ တသမတ်ထဲ ဖြစ်နေပြီပေါ့။ အဲဒါကြောင့် ဘာကို ယုံကြည်ရမလဲ.. ဘာတွေညာတွေ ယုံကြည်စရာဆိုတာက တသမတ်ထဲ ဘယ်တော့မှ မဖြစ်ပါဘူး။ အိန္ဒိယမှာ အရင်က ဘုရားကို ယုံတယ် အခု သာသနာကွယ်သွားတာပဲ။ အဲလို ဘာမှ မတည်ငြိမ်တာက အရာရာပြောင်းလဲနေရတာက မပြောင်းလဲတဲ့ သမုဒယသစ္စာကြောင့်။ မမြဲတာတွေထဲက မြဲတာကို ရှာတတ်ဖို့ ဘာမှမမြဲပေမယ့် ဘာတွေညာတွေအဟုတ်ထင်နေတဲ့ အဝိဇ္ဇာကတော့ အမြဲရှိတယ်။ ဘယ်သူမှ ဘယ်အချိန်မှ ဘယ်နေရာမှ တကယ်မဟုတ်ပေမယ့် အဲဒီဟာတွေကို အဟုတ်ထင်နေတဲ့ အဝိဇ္ဇာကတော့ တကယ်ဟုတ်ပါတယ်။

တရားအလုပ်က တကယ်ဟုတ်တာကို အဟုတ်လုပ်ရမှာ။ စိတ်ချရတာကို အဟုတ်လုပ်ရမှာ။ စိတ်မချရတဲ့လောကကြီးကို မတည်ငြိမ်တဲ့ လောကကြီးကို တည်ငြိမ်ဖို့ကြိုးစားနေရင် အရူးအလုပ်။ အသိဥာဏ်ဆိုတာကတော့ အဲဒါပါပဲ။ ဖြစ်နိုင်တာကိုပဲလုပ်တယ် မဖြစ်နိုင်တာကို မလုပ်ဘူး။ ဖြစ်နိုင်တာကတော့ သစ္စာသိဖို့တော့ ဖြစ်နိုင်တယ်။ တကယ်မဟုတ်တဲ့ ကမ္ဘာမြေကြီး မလှုပ်ရှားဖို့ကတော့ မြေငလျင်တွေ မလှုပ်ဖို့ကတော့ မဖြစ်နိုင်ဘူးပေါ့။ တကယ်မဟုတ်တဲ့ လူ့လောကကြီး အမြဲတမ်းအေးချမ်းသာယာဖို့ကတော့ မဖြစ်နိုင်ဘူးပေါ့။ ဘုရားခေတ်မှာတောင်မှ သံဃာသင်းကွဲတယ်။ ကိုယ်ဖန်ဆင်းတဲ့လောကမှာတောင်မှ သူ့ရဲ့သဘာဝကိုက တကယ်မဟုတ်တဲ့အတွက် သမုဒယသစ္စာက မပြောင်းလဲပေမယ့်  သူဖန်ဆင်းထားတာတွေကတော့ ပြောင်းလဲတာချည်းပါပဲ။ ဘုရားက အဲဒါတွေကို လွှတ်ထားလိုက်တာ။ အဲဒါတွေက အဓိက မဟုတ်ဘူး။ တကယ်မဟုတ်တာတွေက ဘာဖြစ်ဖြစ် မဟုတ်တာကို အဟုတ်လုပ်ပြီးတော့မှ ရှင်းမနေတော့ဘူး။ တကယ်ရှင်းရမှာကို ပဲ ရှင်းသွားလို့ ဒါ (၂၄) အသင်္ချေကျော် ကျွတ်တမ်းဝင်သွားတာ။

———————————————————————-

” တရားတော်များကို အပြည့်အစုံ ဆုံးသည်အထိနာယူကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည် ခင်ဗျာ။”

—————————————————————————

တရားအပြည့်အစုံ နာယူရန်အတွက် download ချရန်

MediaFire

source: https://www.facebook.com/zerotruth